တရားဥပဒေ စိုးမိုးရေး ဧရိယာပြင်ပမှ ထော်လာဂျီများ

ထားဝယ်မြို့အတွင်း ထော်လာဂျီမဝင်ရလမ်းများကို တိုင်းဒေသေကြီးအစိုးရခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့်နှစ်များက သတ်မှတ်ထားသည်။ စည်းကမ်းမဲ့ ထော်လာဂျီအချို့က မြို့အတွင်း လူစည်ကားသည့် လမ်းများတွင် သံလုံး၊ ဘိလပ်မြေအိတ်များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများတင်ဆောင်ကာ အရှိန်ပြင်းမောင်းနှင်မှုများ ကြောင့် မဝင်ရ လမ်းများ...

ထောက်ခံပွဲနှင့် ကျောင်းသားကိစ္စ ဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ ရှင်းတမ်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲကို မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်က ကျင်းပရာ ပါဝင်ခဲ့သည့် ကျောင်းသူကျောင်းသား ဘင်ခရာအဖွဲ့ဝင်များကို တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်အရဟုဆိုကာ ...

မြိတ်ငါးဈေးကိစ္စ လူထုအသံ

မြိတ်မြို့ပေါ်ရပ်ကွက် တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းရောင်းချလာခဲ့ရသည့် မြိတ်ငါးဈေးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကစပြီး အင်းလေးမြိုင် စက်မှုဇုံရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသို့ ဈေးသည်များဆန္ဒအရ ပြောင်းရွှေ့ခဲ့ကြသည်။ ယင်းသို့ပြောင်းရွှေ့ရောင်းချပြီး ၃ ရက်အကြာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မူလရောင်းချခဲ့သည့် နေရာသို့ ပြန်လည်ပြောင်းရွှေ့ရန်...

ပြန်သိမ်းမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ပိုင်ခွင့်လျှောက်နိုင်သည့်ကိစ္စ လူထုအသံ

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးစီမံကိန်းများထံမှ ပြန်လည်သိမ်းယူထားသည့် မြေဧက သုံးသိန်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအပေါ် လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်သည်။ မြေပြင်အခြေအနေတွင် ယင်းမြေများလုပ်ပိုင်ခွင့် လျှောက်ထားချိန် ကြုံတွေ့ရသည့်အခြေအနေနှင့် မြေယာအရေးလှုပ်ရှားနေသူများ သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကိစ္စ အသံများ

ရှမ်းပြည်နယ်အောက်ပန်းမြို့တွင် စိုက်ထူထားသည့် ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည်ရဲဘော်များ အထိမ်းအမှတ် ကျောက်တိုင်ကို တိုးချဲ့မည့်လမ်းနှင့် မလွတ်ဟုဆိုကာ ဖြိုချနေသည့်ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၂၈ ရက်က ပျံနှံ့ခဲ့သည်။ ရှမ်းပြည်နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများကမူ ဖြိုချခြင်းမဟုတ်ဘဲ ဗထူးပန်းခြံအတွင်းသို့...

သံချပ် ကြောက်သလား

လာမည့် မဟာသင်္ကြန်ပွဲတော်တွင် သံချပ်ပြိုင်ပွဲ ၀င်ပြိုင်ကြရန်နှင့် ဆုကြေးငွေများ တိုးမြှင့်ပေးမည်ဟု တိုင်းနှင့် ပြည်နယ်အချို့မှ ဌာနဆိုင်ရာများက ဖိတ်ခေါ်ကြေညာနေသည်။ ထားဝယ်ရှိ တိုင်းအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်တွင်မူ ယခုနှစ်တွင်လည်း သံချပ်ထိုးသံ ကြားရမည် မဟုတ်ပေ။ တိုင်းအစိုးရ ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးအစီအစဉ်များ၊...

ဝန်ကြီးချုပ်အသစ်ကိစ္စ ပြည်သူ့အသံ

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တာဝန်မှ ရပ်စဲခံရပြီးနောက် ခေတ္တ၀န်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က တာဝန်ယူထားသည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ်ကို ယခုအပတ်အတွင်း ခန့်အပ်ဖွယ်ရှိ နေသည်။ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့်သူအပေါ် တနင်္သာရီတိုင်းသူ၊ တိုင်းသား တို့၏မျှော်လင့်ချက်နှင့် ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ဦးမြင့်မောင်အပေါ် အမြင်တို့ကို တနင်္သာရီအပတ်စဉ်မှ စုစည်းဖော်ပြလိုက်ပါသည်။

တိုင်းလွှတ်တော်အစီရင်ခံစာကိစ္စ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ တုံ့ပြန်ချက်နှင့် လူထုအသံ

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာပေးပို့ခဲ့သည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်က NLD ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။...

အဂတိစစ်ဆေးမှု တစ်လအကြာ လူထု ယုံကြည်မှု လျော့ကျလာ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC)၏ စစ်ဆေးမှု ၁ လခန့် ရှိလာပြီ ဖြစ်သည်။ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် လာရောက်စခန်းချကာ တနင်္သာရီတိုင်း ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့၏ အဂတိ လိုက်စားမှုကိစ္စ ဖေဖော်ဝါရီလဆန်းမှ စတင် စုံစမ်းစစ်ဆေးနေသည်မှာ မတ်လ ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။