တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့

အသိဉာဏ်ပညာသည်သာလျှင် ဦးဆောင်မှုကောင်းကို ပေးနိုင်သလို ရလဒ်ကောင်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကျူးဘားတော်လှန်ရေးသမား ဒေါက်တာချေဂွေဗားရားကပြောတယ် ‘The first duty of a revolutionary is to be educated’ တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့လိုတယ်တဲ့။ ဒါက တော်လှန်ကာလအတွင်းမှာ...

ရွေးစရာက နည်း

မတ်လ ၁၁ ရက် ည ၈ အချိန် မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်က ကြေညာသံကို ထုံးစံတိုင်း အသံမြှင့် နားထောင်မိသည်။ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြေညာစာ “တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခြင်း”တဲ့။ သတင်းအကြောင်းအရာနဲ့ ဖြစ်စဉ်က သိပြီးနေကြပြီးမို့ဆွေးနွေးငြင်းခုံ၊ ဝေဖန်ခြင်း မပြုလို။

ဖောင်းတောကျေးရွာက ဘုရားဝတ္တကမြေ ပြဿနာ ရှင်းပေးပါ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဖောင်းတောကျေးရွာ၏ အရှေ့ဘက် တောင်ရိုးတန်းကလေး ပေါ်တွင် ရှေးလူကြီးများမှ ရှေးဟောင်း ဘုရားစေတီ တစ်ဆူကို ရွာသားများ ကိုးကွယ်နိုင်ရန် တည်ထားခဲ့ရာတွင် ယခုအချိန်ထိ တောင်ရိုးတန်းကလေး ပေါ်တွင် တည်ရှိနေဆဲ ဖြစ်ပါသည်။ ၎င်းတောင်ရိုးတန်းကလေးပေါ်တွင် တည်ထားသော စေတီ၏ အရှေ့ ဘက်...

ကလေးထိန်း ပညာရေးအတွေး

ကျွန်တော့်ရဲ့ဆောင်းပါးကို ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအချင်းချင်း အမြဲ စနောက်ပြောဆိုတတ်ကြတဲ့ “လူဆိုးထိန်း” ဆိုတဲ့ ပုံပြင်လေးနဲ့ စချင်ပါတယ်။ ပုံပြင် ဆိုပေမယ့် တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။ တစ်ခါက ရွာတစ်ရွာမှာ သီတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးဟာ...

CSR ဆိုတာ ကျင့်ဝတ်သိက္ခာကိစ္စပါ

ဒီဘက်ခေတ်မှာ စီမံကိန်းတွေ လုပ် ကြတဲ့အခါ ခေတ်စားလာတဲ့ အင်္ဂလိပ် စကားလုံးအစု တစ်ခုက CSR ပါ။ Corporate Social Responsibility ကို  CSR လို့ အတိုကောက် အလွယ်ခေါ် ကြတာဖြစ်ပြီး မြန်မာလို တိတိကျကျပြန် ထားတာ...

❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၂) ❞

ကိုယ်တို့ အထက်တန်းကျောင်းသား ဘဝဖြစ်ချိန်မှာ အပြင်စာတွေကို အတန်အသင့် ဖတ်တတ်နေခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကိုယ်ကျင်လည်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း အပြင်စာတွေ ဖတ်ဖြစ်အောင် တွန်းပို့ပေးသလို ဖြစ်နေခဲ့ပါတယ်။ မူလတန်းကျောင်းသား အရွယ်ကတည်းက ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိတဲ့ ကလေးစာပေတွေကို တွေ့သမျှဖတ်ပြီး...

အမတ်လောင်းများကို စိန်ခေါ်သည်

"တိုင်းအတွင်း ၂၀၂၀ မှာ ရွေးကောက် ပွဲဝင်လိုတဲ့ အမတ်လောင်းတွေကို စိန်ခေါ် ပါတယ်။ မဲပေးရမယ့် ပြည်သူတစ်ယောက် အနေနဲ့ သိလိုတာတွေ၊ လွှတ်တော် ဒါမှ မဟုတ် အစိုးရအဖွဲ့ထဲ ရောက်သွားရင် ပြည်သူတွေအတွက် လုပ်ဆောင်နိုင်မှာ တွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းကနေ...

အားမနာလိုက်ပါနဲ့

အားနာတယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ့လူအဖွဲ့အစည်းမှာ အင်မတန် နာမည်ကျော်ကြားပါတယ်။ လူကို အတော်ကိုလည်း ဒုက္ခပေးပါတယ်။ ဒုက္ခပေးမှန်း သိလျက်နဲ့လည်း အား နာလို့မဆုံး၊ နာမြဲ နာဆဲ ဖြစ်နေတတ် တာလည်း တစ်ပုံတစ်ပင်ပါပဲ။ မြန်မာ့ လူမှုဓလေ့တစ်ခုလိုဖြစ်နေတဲ့ အားနာခြင်းကို ခွဲခြမ်းကြည့်တဲ့အခါ မြောက်များစွာသော အားနည်းချက်တွေ၊ အနာအဆာတွေကို တွေ့ရပါတယ်။ မပြတ်သားသူ အားနာတတ်တဲ့သူ တိုင်းမှာ...

အိမ်ထောင်ရေး အနုပညာ

အိမ်ထောင်ပြုခြင်းသည် မတူညီ သည့်ဘ၀နှစ်ခုကို ပေါင်းစပ်ခြင်းဖြစ် သောကြောင့် တစ်ဦးကိုတစ်ဦးအပြစ် မမြင်ပဲ ခွင့်လွှတ်ခြင်းများစွာဖြင့် ချစ် တတ်ဖို့ လိုအပ်သည်။ လူတိုင်းလူတိုင်း တွင် အားနည်းချက် အားသာချက် ကိုယ် စီရှိသောကြောင့် အရာရာကို ကိုယ်ချင်းစာ နာစိတ်ဖြင့် ခွင့်လွှတ်နားလည်ပေးနိုင်ပါ က သာယာလှပသည့် အိမ်ထောင်တစ်ခုကို...

စစ်တို့၏ တရားခြင်း

ပဋိပက္ခကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းကာလ တရားမျှတမှု(Trans Justice) ဖော်ဆောင်ကြတဲ့အခါ အပြစ်ပေးအရေးယူပိုင်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေရင် ထပ်ခါထပ်ခါကျူးလွန်ဖို့အတွက် တံခါးဖွင့်ထားသလိုဖြစ်နေမှာပဲ။ သို့သော် တရားမျှတမှုအတွက် အပြစ်ပေးအရေးယူတာနဲ့ လက်စားခြေနှိပ်စက်သတ်ဖြတ်တာကို ကွဲကွဲပြားပြား သဘောပေါက်လက်ခံတတ်ဖို့တော့ အရေးကြီးပါတယ်။ အပြစ်ကျူးလွန်သူတွေကို...