အွန်လိုင်းအရောင်းတွေ ဘာလို့မှတ်ပုံတင်ခိုင်းတာလဲ

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြားက လယ်သမားများ

တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ ဖမ်းဆီးခံရမှု၊ ပစ်ခတ်သတ်ဖြတ်ခံရမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။ ယင်းသို့သော အခြေအနေတွင် လယ်သမားများမှာ လယ်ယာအလုပ်ကို ဆက်လက်လုပ်ကိုင်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။

သေနတ်ပြ တောင်းစားနေတဲ့ ဂိတ်တွေ

စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြကာ ပေါ်ပေါက်လာသည့် ဝါးတားဂိတ်ဟုခေါ်ကြသည့် စစ်ဆေးရေးဂိတ်များတွင် သေနတ်ပြတောင်းစားမှုများမှာ ဂိတ်တိုင်းလိုလိုတွင်ရှိနေသည်။ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ယူနီဖောင်းဝတ်ထားသူများရှိသလို အရပ်ဝတ်ဖြင့် လက်နက်ကိုင် ထားသူများလည်း ရှိနေသည်။ စစ်ဆေးရေး ဂိတ်ဖြတ်သန်းသွားလာသည့်...

လုရာကနေ အသက်ပါရန်ရှာလာတော့

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် နေ့ခင်းဘက်အချိန် လူမြင်ကွင်းတွင်ပါ လုယက်သည်အထိ အတင့်ရဲလာကြသည်။ လူပြတ်သည့်နေရာများတွင် ပိုမိုဆိုးရွားပြီး ဆိုင်ကယ်အခိုးခံရခြင်း၊ ဖုန်းလုခြင်း၊ လက်ကိုင်အိတ်လုခြင်း၊ ဆွဲကြိုးလုခြင်း စသဖြင့် ခိုး၊ ဆိုး၊ လုယက်မှုများ နေ့စဉ်နဲ့အမျှ ကြုံတွေ့လာနေခဲ့သည်။

ပညာရေးရှေ့ဆက်ခွင့် မရသူတွေ

စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ပြည်သူများမှာ အထွေထွေအကျပ်အတည်းများ ကြုံတွေ့နေရသလို ကလေးများနှင့် လူငယ်များမှာလည်း ပညာရေး ဆုံးရှုံးမှုများ ကြုံတွေ့လာနေရသည်။ ငွေကြေးတတ်နိုင်သူများက မြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာကျောင်းများနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ ကျောင်းထားမှုများရှိသော်လည်း ငွေကြေးမတတ်နိုင်သူများမှာ...

အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။ အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့်...

ခေတ်စားလာတဲ့ အကွက်ရိုက်မြေ ဘယ်သူတွေနစ်နာနိုင်လဲ

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများက ပုံစံမျိုးစုံဖြင့် စီးပွားရှာလာကြသည်။ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ခေတ်စားလာသည့် လုပ်ငန်းတစ်ခုမှာ လယ်မြေများကို အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။ အကွက်ရိုက်မြေဟု ခေါ်ဆိုကြသည့် ယင်းမြေများမှ...

ကျူရှင်တစ်ခေတ် ဆန်းသစ်ပြန်ပြီ

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် ပညာရေးလောက၌ပြန်ပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်က ကျူရှင်စနစ်ဖြစ်သည်။ ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အကျပ်အတည်း မျိုးစုံကြုံတွေ့နေရပြီး အခက်အခဲများစွာကြားက ကလေးများကို ကျောင်းပို့နိုင်ရေးကြိုးပမ်းချိန်တွင် ကျူရှင်ဆိုသည့် ဝန်ထုပ်ဝန်ပိုးကိုပါ ထပ်ပြီးကြုံတွေ့လာရသည်။

တာဝန်ယူမှု မရှိတော့တဲ့ လျှပ်စစ်ဌာနတွေ

မြန်မာနိုင်ငံတွင် လျှပ်စစ်တစ်ယူနစ်အတွက် အမြင့်ဆုံးစျေးပေးပြီး ဝယ်သုံးနေရသည့် တနင်္သာရီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ လျှပ်စစ်မီးပုံမှန်မရရှိတော့သလို လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၏ တာဝန်မဲ့မှုများကို ပြည်သူများ ကြုံတွေ့လာရသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကကုမ္ပဏီက ဖြန့်ဝေသည့်လျှပ်စစ်မီးကိုသာ အဓိက အားပြုနေရပြီး လျှပ်စစ်မီတာခစျေးနှုန်း မြင့်မားစွာပေး၍ ဝယ်ယူသုံးစွဲနေကြရသည်။

အန္တရာယ်ကြားက လယ်သမားတွေ

တိုက်ပွဲများ၊ နယ်မြေမလုံခြုံမှုများ၊ အထွေထွေသွင်းအားစု စျေးမြင့်တက်နေမှုများကြောင့် တနင်္သာရီတိုင်းမှ လယ်သမားများမှာ လယ်ထဲဆင်းရန်ပင် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများမှ လယ်သမားများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိုင်းထိခြင်းများကြောင့် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။