“ကျန်းမာရေးရော၊ စားရေးသောက်ရေးပါ ဆိုးဆိုးဝါးဝါးပါပဲ”

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက စစ်ဘေးရှောင်တစ်ဦးနှင့် တွေ့ဆုံခြင်း ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည်။ ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့်...

ကလေးများတွင် အဖြစ်များနေသည့် ပြင်းထန်အဆုတ်ရောင်

မြန်မာနိုင်ငံတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများနေပြီး ကူးစက်ပျံ့နှံ့မှုလည်းရှိနေသည်။ အဓိကအားဖြင့် အသက်ငယ်ရွယ်သည့် ကလေးများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းအချို့ ယာယီပိတ်ထားရသည်အထိ ဖြစ်ပွားမှုနှုန်းအလွန်များနေပြီး အချို့အသက်အန္တရာယ် ဖြစ်သည်အထိပင် ပြင်းထန်ကြောင်းတွေ့ရသည်။

ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တည်ထောင်သူ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း အန်ထော်ခရိုင်က ထိုင်းကျောင်းမှာ ပညာသင်ယူနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကလေးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း ၁၂၆ ဦးကို ဇွန်လ...

ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးအပါအဝင် ဖျားနာမှုများ အဖြစ်များလာလေ့ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း ရာသီတုပ်ကွေးအဖြစ်များနေပြီး ရာသီတုပ်ကွေးနှင့်အတူ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများလည်း အဖြစ်များနေသည်။ တုပ်ကွေးဖြစ်လာပါ တစ်ဦးနှင့်တစ်ဦးကူးစက်ပြီး အိမ်ရှိမိသားစုအားလုံးနီးပါး ဖျားနာတတ်ကြသည်။

ကြွက်သေးက လူကိုသေစေနိုင်သလား

ကြွက်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါပိုးမွှားအများအပြား သယ်ဆောင်ထားကြသည်။ မြို့ပြသန့်ရှင်းမှု အားနည်းသည့် မြန်မာနိုင်ငံတွင်  ဈေးပတ်ဝန်းကျင်၊ အမှိုက်ပုံပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးလမ်းကြား အများစုတွင် ကြွက်များကို တွေ့ရလေ့ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း နေရာအများစုတွင် အမှိုက်သိမ်းစနစ်ပျက်ယွင်းသွားခြင်းကလည်း...
video

အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်

မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။

ဓားပြဗျို့… ဓားပြ

ဘုရာစင်အောက်ထားလည်းမလုံ၊ မီးဖိုအောက်ထားလည်း စိတ်မချနဲ့ ငွေထုတ်ပိုက်ထားရတဲ့ ဦးထွန်း (အမည်လွှဲ) မှာ စိတ်မသက်သာလှပေ။ ခွေးဟောင်သံကြားတိုင်းလည်း လန့်နိုးနိုးလာလေ့ရှိတာကြောင့် ညဘက်လည်း ကောင်းကောင်းမအိပ်ရတာ အတော်ကြာနေပြီ။ လောင်းလုံးမြို့နယ်တစ်ကျောမှာ ဆူဆူပူပူဖြစ်နေတဲ့ ဓားပြရန်ကြောင့်...

အဖက်ဖက်က ပိတ်ပင်ခံနေရသည့် CDM များ

“လုံးဝ အလုပ်ပြန်မဝင်ဘူး။ ကျွန်မတို့ကို သူများဖိအားပေးလို့ လုပ်ထားတာမှ မဟုတ်တာ။ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာ” တနင်္သာရီ ပုံရိပ်များ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...

“ကျွန်မတို့ထက် ရာထူးကြီးတဲ့ ဆရာကြီး/ဆရာမကြီးတွေဆိုလည်း ခြံစောင့်လုပ်နေတာရှိတယ်။ ပန်းရံလုပ်နေတာလည်း ရှိတယ်”

ထိုင်းရောက် CDM ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံခြင်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည့် တနင်္သာရီတိုင်းက CDM ကျောင်းဆရာ/ဆရာမများမှာ ယခုအခါ...

မြန်မာနှင့် စစ်ဗိုလ်ချုပ်ကြီးများ

နိုင်ငံတကာအစိုးရများသည် လတ်တလော ဆန္ဒပြမှုကို ထောက်ခံသင့်သော်လည်း လက်တွေ့မကျသည့်မျှော်လင့်ချက်များ မပေးသင့်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းတွင် ဖေဖော်ဝါရီ...