အိပ်မက်များကို စိစစ်ပါ

လူတိုင်းသည် ဘ၀တွင် ကွဲပြားသည့်အိပ်မက်များ ရှိကြသည်။ အထူးသဖြင့် လူငယ်ဘ၀ရောက်သည့်အခါ အိပ်မက်များသည်ပို၍ ရုပ်လုံး ပေါ် ပီပြင်လာတတ်သည်။ အဆိုတော်ဖြစ်ချင်ခြင်း၊ အင်ဂျင်နီယာဖြစ်ချင်ခြင်း၊ ရူပဗေဒ ပညာရှင် ဖြစ်ချင်ခြင်း၊ ရုပ်ရှင်မင်းသားဖြစ်ချင်ခြင်း စသဖြင့်အမျိုးမျိုး အဖုံဖုံ။ အိပ်မက်များကို အကောင်အထည်ဖော်ရန် မိမိမက်သည့်အိပ်မက်သည် မည်သို့သော အိပ်မက်ဖြစ်သည်ကို သိရန်လိုအပ်ပေသည်။ ဥပမာ -...

မျိုးဆက်သစ်များအတွက် နေရာ

မည်သည့် အဖွဲ့အစည်းမဆို ကြာရှည်နိုင်သမျှ ကြာရှည်အောင် တည်တံ့လိုကြသည်။ မပျက်သည့် အဟုန်ဖြင့် ခရီးဆက်လိုကြသည်။ သို့သော် အဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ အဖွဲ့များ အဓွန့်ရှည်ရေး အတွက် စနစ်တကျ စီစဉ်ထားသည့် အစီအမံနှင့် ထည့်သွင်း စဉ်းစားထား သည့် နည်းနာများမရှိပေ။ တချို့ အဖွဲ့အစည်းများသည် ကာလတစ်ခုတွင် အရှိန်အဟုန်ဖြင့်...

အတ္တ ဦးထုပ်တွေ ချွတ်ရေး

နှစ်ပေါင်းများစွာ တံခါးပိတ် ဝါဒနှင့် နေထိုင်လာပြီး၊ အာဏာရှင် စနစ်၏ ဖိနှိပ်မှုအောက်တွင် နေထိုင်လာခဲ့ရသည့် ယနေ့ လူ့အဖွဲ့အစည်းသည် သံသယများ မယုံကြည်မှုများ အတော်များသည်ကို တွေ့ရသည်။  ယင်းနှင့်အပြိုင် စိတ်ဒဏ်ရာများလည်း ဗလပွ။ ထို့ကြောင့် တစ်ဦးကို တစ်ဦး၊ တစ်ဖွဲ့ကို တစ်ဖွဲ့ သံသယများ မယုံကြည်မှု များဖြင့်သာ...

တနင်္သာရီအတွက် စီးပွားရေး ပုံစံ

ထားဝယ်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် လူထုလှုပ်ရှားမှုများတွင် အတော်အတန် အားကောင်းသည်။ ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စသည်ကဲ့သို့သော စီမံကိန်းပုံစံများသည် ဒေသ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းအတွက် ထိခိုက်မှုများ ရှိနိုင် သည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ယင်းတွင် အောင်မြင်သင့်သလောက်လည်း အောင်မြင်ခဲ့ကြသည်။

ဆင်ခြေသမားတွေ ထပ်ထပ် မွေးနေသလား

ကျောင်းဖွင့်ရာသီဖြစ်သည်နှင့် ထုံးစံအတိုင်း အလှူငွေကောက်ခံသည့်ကိစ္စ ဟိုနား ဒီနား ပွက်ထလာသည်။နောက်ထပ်အသံထွက်လာသည်မှာ KG သူငယ်တန်းကိစ္စ ဖြစ်သည်။ သင်ထောက်ကူမလောက်၊ စာသင်ခန်းကုG စနစ်သုံးရန်အတွက် ပနံမသင့်၊ စာသင်ခန်းပြင်ပ သင်ထောက်ကူမရှိစသဖြင့် အသံစုံထွက်လာသည်။ ယခုအခြေအနေ အတိုင်းသာဆိုလျှင် KG စနစ်သစ် အသက်ဝင်ရေး ဝေးနေဦးမည့် အခြေ။ကလေး ဗဟိုပြုပညာရေးနှင့်ပတ်သက်ပြီး ကျောင်းများတွင်...

အတာရေ လောင်းဖို့လိုသည်

မကြာမီအတာသင်္ကြန်ကာလရောက်တော့မည်။ နှစ်ဟောင်းကိုထားပြီး နှစ်သစ်ကိုကြိုလင့်ရမည်။ နံရံပေါ်တွင်ပြက္ခဒိန် အဟောင်းကိုဖြုတ်ချပြီး ပြက္ခဒိန်အသစ်ကို ချိတ်ဆွဲရတော့မည်။ အတာရေလောင်းပက်ကြတော့မည်။ ယင်းသို့လောင်းပက်သည်ကို နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသည်ဟု ဆိုကြသည်။ အတာရေလောင်း ဆေးကြောသကဲ့သို့ပင်ညစ်နွမ်းပုပ်ဆွေးနေသည့်အယူအဆများ အစွဲများ အကျင့်များလည်း ပြောင်းလဲဆေးကြောရန်လိုပေသည်။ ယင်းအတွက်အတာရေလောင်းသူများရှိရန်လိုသည်။ အခြားသူများက လာလောင်းရန်လိုသကဲ့သို့ မိမိကိုယ်မိမိမေးခွန်းထုတ် ပြန်ဆန်းစစ်ပြီး ကိုယ်တိုင်ရေလောင်းရန်လည်း လိုသည်။ လာဘ်ပေး လာဘ်ယူသူများကို အတာရေလောင်းကာ...
editorial

ကိုဗစ်ကို ကျော်ကြည့် ကြရအောင်

ကပ်ကြီးမှာ တစ်ချိန်ချိန်တွင် ပြီးသွားနိုင်သည်။ သို့မဟုတ် ခေတ္တခဏ ရပ်ဆိုင်း သွားနိုင်သည်။ သို့မဟုတ် နောက်ထပ် ပုံစံတစ်မျိုးဖြင့်လည်း ထပ်လာနိုင်သည်။ ဝေဖန်စရာများစွာ ရှိလင့်ကစား အစိုးရတာဝန်ရှိသူများ အနေနှင့် ကပ်ကြီး ကြောင့် ဖြစ်လာသည့် ကျန်းမာရေး၊...

အမှီအခို လျော့ရေး

ယနေ့ခေတ် လူမှုဘ၀များ အင်မတန်အမှီအခိုကြီးလာသည်။များစွာသော မှီခိုမှုများအနက် လျှပ်စစ်ဓာတ်အားအပေါ် အလွန်အကျွံ မှီခိုနေရခြင်းမှာ အဆိုးဆုံး ဖြစ်သည်။လျှပ်စစ်မီးအပေါ် အလွန်အကျွံမှီခိုထားသည့် ဘ၀နေထိုင်မှု ပုံစံကြောင့် လျှပ်စစ်မီးမရှိသည့်အခါ နေအိမ်တစ်ခုလုံး၏ အရာရာသည် ဟန်ချက်ပျက်သွား ခဲ့သည်။ ရေပုံးဖြင့် ရေငင်၍မရသည့် အဝီစိတွင်းများ၊ အဲကွန်း၊ ပန်ကာဖွင့်မထားလျှင် နေထိုင်မရသည့်အိမ်ခန်းများ၊ ချက်ပြုတ်ကြော်လှော်မရတော့သည့်...
editorial

နိုဝင်ဘာ ဆုတောင်း

ကသောင်းကနင်း နှစ်၏ နောက်ဆုံး တောင်ကုန်းဖြစ်ပါစေဟုသာ ဆုတောင်း လိုပါသည်။ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေး၊ အစိုးရနှင့် တပ်မတော်တို့အကြား မပြေလည်မှုများဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသွားတော့မည် ဖြစ်သည်။ ဗုံးလှန့်သံများအကြားမှ...
editorial

လူမြင်ကွင်းတွင် အပေါ့အလေးစွန့်ခြင်း

ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်တွင် ရေးကြသည့် စာသားများကို ဖတ်ပြီး တွေးမိခြင်း ဖြစ်သည်။ သေချာစွာ တွေးကြည့်သည့်အခါ တချို့လူများအတွက် ဖေ့စ်ဘွတ်က စိတ်အိမ်သာတစ်ခုလိုပင်။ စိတ်ထဲ ယိုနေသည်များကို ပါသည့်နေရာဖြစ်သည်။ စိတ်အိမ်သာ တက်ကြ သည်။...