လျှပ်စစ်ကိစ္စ စေတနာ မရောက်သေးခြင်း သာ ဖြစ်သည်

မြို့တော်ရန်ကုန်တွင် မီတာခ အဖျားတက်နေကြသည်။ လက်ရှိ တစ်ယူနစ် (အနည်းဆုံး) ကျပ် ၃၅ ကို သုံးဆ တိုးကောက်ရန် အစီအစဉ်ကြောင့် ဖြစ်သည်။ထိုသတင်း မမှန်ကြောင်း မည်သို့ပင်ငြင်းဆိုစေကာမူ အစိုးရတွင် တိုးကောက် ရန် အစီအစဉ်ရှိနှင့်ပြီး ဖြစ်သည်။ မည်သို့မည်ပုံ တိုးကောက်မည်ဆိုသည့် လုပ် နည်း...

ရေစီးက သန်၏

နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါင်းထဲ စွဲနေသည့် စကားတစ်ခွန်း ရှိသည်။ နိုင်ငံခြား ရုပ်ရှင်ကားတစ်ကားမှ မှတ်သားမိနေခြင်း ဖြစ်သည်။အမှတ်မမှား ဘူးဆိုလျှင် မူးယစ်ကုန်ကူးသူက အနည်းငယ် စွာကျယ်ကျယ်လုပ်နေသည့် နိုင်ငံရေးသမားတစ်ဦးအား ပြောလိုက်သည့် စကားဖြစ်သည်။ထိုသူပြောသည့်စကားမှာ "မင်းအာဏာရလာမှ ငါဖျက်ဆီးပြမယ်" ဟူ၏။ လက်ရှိ အစိုးရသည် လာဘ်ပေး လာဘ်ယူ ကင်းရေးဟူသည့် ကြွေးကြော်သံကို...

လှုပ်လာသည့် တိုင်းလွှတ်တော်

လွှတ်တော်အစည်းဝေးများနှင့် ပတ်သက်၍ အားမရသည့် အကြောင်းများစွာ ရှိသည်။ လွှတ်တော်တွင် မေးမြန်းနိုင်ရန် ကိုယ်စားလှယ်များက မေးခွန်းများကို ကြိုတင် ပေးပို့ထားရသည်။ မေးခွန်းများအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဖြေပေး သည့်အဖြေကို လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးက လာရောက် ဖတ်ပြသည်။ တစ်ခါတရံ မေးခွန်းတခြားအဖြေတခြား တခါ တရံ အဖြေများက လိုရင်းမရောက်။...

လေးစားဦးညွှတ်ခြင်း၏ အလွန်

လာမည့် အင်္ဂါနေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားအတွက် အရပ်ဒေသအသီးသီးတွင် ပြင်ဆင်နေကြသည်။သက်ဆိုင်သူအသီးသီးကလည်း မည်သို့ ချီတက်အလေးပြုမည်၊ အထိမ်း အမှတ်ပွဲများ မည်သို့ပြုလုပ်ကြမည်ကို ထုတ်ဖော်ပြောနေကြသည်။ အာဇာနည်အဖြစ် သတ်မှတ်ချီးမြှောက်ခံရသည့်သူများအား ဦးညွှတ် အလေး ပြုရန် စိတ်အားထက်သန်နေကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗိုလ်မှူးကြီးဗထူး ရာပြည့်အခမ်းအနားကို...

အိမ်အိုကြီးနှင့် ရက် ၁၀၀

ရက် ၁၀၀ ဆိုသည်မှာ အစိုးရသစ်တစ်ရပ် တက်လာပါက တိုင်းတာနိုင်ရန် သတ်မှတ်ထားသော ပျားရည်ဆမ်းခရီးကာလ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအသစ်အတွက် ပျားရည်ဆမ်းကာလမှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ရက် ၁၀၀ အစီအစဉ်များ ဆွဲကြရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဆိုခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ တင်ပြပြောဆိုခဲ့သော ရက် ၁၀၀...

သူ့ဂုဏ်နှင့်သူ

ကိုယ့်အလုပ်ကိုယ်တန်ဖိုးမထား၊ ဂုဏ်ယူစရာဟု မမြင်ဘဲသိမ်ငယ်စိတ်၊ မကျေနပ်စိတ် ဖြစ်နေသူများစွာကို တွေ့ဖူးသည်။ ထိုသူတို့၏ သမိုင်းတွင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဟူသည့်စကားမရှိ။ ဝတ္ထုဇာတ်လမ်း၊ ပြဇာတ်၊ ရုပ်ရှင်တို့တွင်လည်း အလုပ်ဟူသမျှဂုဏ်ရှိသည်ဟု လှစ်ပြသည်ကို တော်ရုံ တွေ့ရလေ့မရှိ။ တောင်ယာအလုပ်များကို ဂုဏ်မရှိသကဲ့သို့ပြကြပြောကြသည်။ ကုန်ထမ်း သူများသည် ဂုဏ်မဲ့သကဲ့သို့ဖြစ်ရသည်။ အမှိုက်သိမ်းအလုပ်သည် ဂုဏ်ငယ် စရာအဖြစ်ပြကြသည်။အမှန်မှာ အလုပ်တိုင်းသည်သူ့အကျိုးပြုမှုနှင့်သူ သူ့ဂုဏ်နှင့်သူ...

ဆင်ခြေသမားတွေ ထပ်ထပ် မွေးနေသလား

ကျောင်းဖွင့်ရာသီဖြစ်သည်နှင့် ထုံးစံအတိုင်း အလှူငွေကောက်ခံသည့်ကိစ္စ ဟိုနား ဒီနား ပွက်ထလာသည်။နောက်ထပ်အသံထွက်လာသည်မှာ KG သူငယ်တန်းကိစ္စ ဖြစ်သည်။ သင်ထောက်ကူမလောက်၊ စာသင်ခန်းကုG စနစ်သုံးရန်အတွက် ပနံမသင့်၊ စာသင်ခန်းပြင်ပ သင်ထောက်ကူမရှိစသဖြင့် အသံစုံထွက်လာသည်။ ယခုအခြေအနေ အတိုင်းသာဆိုလျှင် KG စနစ်သစ် အသက်ဝင်ရေး ဝေးနေဦးမည့် အခြေ။ကလေး ဗဟိုပြုပညာရေးနှင့်ပတ်သက်ပြီး ကျောင်းများတွင်...

အိတ်ပေါက်နဲ့ ဖားကောက် မဖြစ်ဖို့

မိုးအဝင်တွင် တိုင်းပြည်အတွင်း နေရာအနှံ့ ကြားရမြင်ရသည့် သတင်း များမှာ ပြိုကျ ပျက်ကျသတင်းများ ဖြစ်သည်။ "ဘယ်နေရာမှာတော့ ရေမြောင်းနံရံ ပြိုကျပြန်ပြီ။" " ဘယ်နေရာမှာ ဝင်းခြံပြိုကျ ပြန်ပြီ။" "ဘာနေရာမှာဖြင့် တံတားကပြိုကျတော့မယ်" စသဖြင့် အကြားချင်မှ အဆုံးပင်။ ထို့အပြင် ဘယ်ကျေးလက်လမ်းကတော့...

အလွယ်လမ်း မူဝါဒ

တိုင်းအစိုးရသစ်တက်လာပြီးနောက် တိုင်းအတွင်း နေရာအနှံ့သို့ သွားရောက်ကာ လူထုအသံနားထောင်သည့် အစီအစဉ်များကို တွေ့ရသည်။ တစ်နည်းအားဖြင့် အစိုးရသစ်အား လူထုနှင့် မိတ်ဆက်ခြင်းဟု ဆိုနိုင်သည်။ ခရီးစဉ်တိုင်းတွင်လည်း လူထု၏ရင်ဖွင့်ချက်များကို နားထောင်ရပြီး တချို့နေရာများတွင် ချက်ချင်းညွှန်ကြားသည်ကို တွေ့ရသည်။ ဤတွင်တစ်ခု သတိထားမိသည်မှာ အချို့ဆုံးဖြတ်ချက်များသည် အလွယ် လမ်းမူဝါဒဟုပြောနိုင်သည့် “ Yes” “...

ပြည်သူ့ရေးရာမူဝါဒချမှတ်ခြင်း

အစိုးရအသစ် အထူးသဖြင့် တိုင်းဒေသကြီး အစိုးရသစ်မှာ အလုပ်များတောက်လျှောက် စနေပြီ ဖြစ်သည်။ လူအများစကားကို နားထောင်ခြင်း၊ ပြဿနာများရှိသော နေရာကို ကွင်းဆင်းခြင်း စသည်တို့မှာ ကောင်းမွန်သော လုပ်ငန်းစဉ်များဖြစ်သည်။ အချို့သော ပြဿနာများသည် ချက်ချင်း on the spot ဆုံးဖြတ်ရမည့် ကိစ္စများ ဖြစ်ပြီး အချို့...