ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊...

မြန်မာကျောင်းသားတစ်ရာကျော်တွင် အားလုံးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံလိုက်ရပြီ

ထိုင်းနိုင်ငံ အန်ထောင်ခရိုင်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၁၂၆ ဦးတွင် ၁၂၁ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ငါးဦးမှအပ ကျန်ကလေးငယ်အားလုံးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် တွင်...

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ 

မြန်မာလုပ်သားများကို လစာမပေးသည့် အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရဝင်စစ်

မြန်မာအလုပ်သမား ၄၀၀ နီးပါးကို လုပ်အားခမပေးသဖြင့် တိုင်ကြားခံထားရသော ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရက ဝင်ရောက်စစ်ဆေးပြီးနောက် ပြေလည်သွားပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ ယမန်နေ့ (မတ်လ ၁၁)...

မြန်မာတွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီးကို ကယ်တင်

ရှမ်းပြည်နယ်တွင် လိင်အလုပ်သမားအဖြစ် လူကုန်ကူးခံခဲ့ရသော ထိုင်းအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၂၉နှစ်အရွယ် နမ်း (Nam) အမည်ရှိ ထိုင်းအမျိုးသမီးသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များရှိသော မြို့တစ်မြို့တွင် ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။...

ကော့သောင်းမှ ဝင်လာသော မြန်မာလုပ်သားခုနစ်ဦး ရနောင်းတွင် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။ စုန့်စမ်ရမ်ဒေသ နာ့ခါးရွာအနီးတွင် မြန်မာအလုပ်သမားများကို ပစ်ကပ်ကားဖြင့် တရားမဝင်...

နစ်မြုပ်သွားသော ထိုင်းငါးဖမ်းလှေမှ မြန်မာရေလုပ်သား ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့

ထိုင်းနိုင်ငံ၊လယွန်ခရိုင်တွင် အလုပ်သမား ၈ ဦးပါ ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားရာတွင် မြန်မာရေလုပ်သား ၆ ဦးနှင့် ဗီယက်နမ်နိုင်ငံသားတစ်ဦးကို ယနေ့နံနက်က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရယွန်ခရိုင် ဘန်ဖီးဆိပ်ကမ်းနှင့် ရေမိုင် ၇ မိုင်အကွာ...

ထိုင်းတွင် ဆိုင်ကယ်များ အွန်လိုင်းက Live လွှင့်ရောင်းနေသော မြန်မာဇနီးမောင်နှံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသတွင် အွန်လိုင်းကတစ်ဆင့် Live လွှင့်ပြီး ဆိုင်ကယ်များ ရောင်းချနေသော မြန်မာနှစ်ဦးကို စမွတ်စခွန် လဝကအရာရှိများက ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၂၁ နှစ်အရွယ် ကိုနီနှင့်...

မဲဆောက်တွင် ဆယ်ကျော်သက် မြန်မာလက်ဝှေ့နည်းပြ အသတ်ခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် အသက် ၁၈ နှစ်အရွယ်သာရှိသေးသော မြန်မာလူငယ် လက်ဝှေ့နည်းပြတစ်ဦး၏ အလောင်းကို အသတ်ခံထားရသည့်ပုံစံဖြင့် လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်-အုံဖမ်းလမ်းမဘေး ငှက်ပျောပင်အောက်တွင် ဇန်နဝါရီလ ၃ ရက်နေ့က...

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ)...