မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ယာယီအလုပ်လုပ်ခွင့်ပေးရန် ထိုင်းအမတ်တောင်းဆို

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ယာယီ အလုပ်လုပ်ခွင့်ပေးရန်လူ့အခွင့်အရေးလှုပ်ရှားနေသူ ထိုင်းအတိုက်ခံပါတီ၏ လွှတ်တော်အမတ် Kannavee Suebsang က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုဖြင့် ယာယီအလုပ်လုပ်ခွင့်ပြုပြီး အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန်...

ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ

ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ...

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု ခင်ပွန်းသည်အပါအဝင်နှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးက အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝန်ခံချက်နှင့်အတူ ဖြစ်စဉ်ကို သရုပ်ပြစေခိုင်းခဲ့ကြောင်း...

ထိုင်းတွင် ခြေတစ်ဖက်ဆုံးရှုံးသွားသည့် မြန်မာရေလုပ်သား လျော်ကြေးငွေ ဘတ်သုံးသိန်းခွဲကျော်ရ

ထိုင်းနိုင်ငံတောင်ပိုင်း တရာန်ခရိုင်တွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသော မြန်မာရေလုပ်သားတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် သုံးသိန်းခွဲကျော် (ကျပ်သိန်း ၂၈၀ ကျော်) ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရရှိကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။

နှစ်လအတွင်း ရွှေ့ပြောင်းလုပ်သားတစ်ထောင်ကျော် ကော့သောင်းနယ်စပ်မှ ထိုင်းသို့ တရားဝင်ထွက်ခွာ

နှစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ထောင်ကျော် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြာင်း စုံစမ်းသိရသည်။ အောက်တိုဘာနှင့် နိုဝင်ဘာလတို့အတွင်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာမှု ၁၁ မကကြိမ်ရှိသည်။

ထိုင်းတွင် ခန္ဓာကိုယ်ထိခိုက်မှုအတွက် မြန်မာလုပ်သားတစ်ဦး နစ်နာကြေး ဘတ်သုံးသိန်းကျော်ရ

ထိုင်းနိုင်ငံ စက်ချွတ်ယွင်းမှုကြောင့် လက်ချောင်းသုံးဆုံး ရှုံးဆုံးသွားသည့် မြန်မာ အမျိုးသမီးအလုပ်သမားတစ်ဦး နစ်နာကြေးငွေ ဘတ်သုံးသိန်းသုံးသောင်းကျော်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ယနေ့ ဒီဇင်ဘာလ ၁၃ရက် ထုတ်ပြန်သည်။ စမွတ်စခွန်ခရိုင် ကထုဘင်ဒေသရှိ သံထည်ပစ္စည်းစက်ရုံတွင် လုပ်ကိုင်ခဲ့သော...

ဖူးခက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ၁၄ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်တွင် မြန်မာအလုပ်သမားများစီးလာသည့် လိုင်းကားကို ကားတစ်စီးက နောက်ကဝင်တိုက် သဖြင့် လိုင်းကားမှာ လမ်းချော်ကာ လမ်းလယ်ရှိ ထန်းပင်ကို ဝင်တိုက်သဖြင့် မြန်မာအလုပ်သမား ၁၄ဦး ဒဏ်ရာရ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည်...

ရွှေခိုးယူထွက်ပြေးလာသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လွှဲပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဆိုပါထိုင်းနိုင်ငံသားကို ဖမ်းဆီးကာ ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး...

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သားနှစ်ရာကျော်ကို ထိုင်းက ကော့သောင်းဘက်သို့ ပြန်လွှဲ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမားများ နှစ်ရာကျော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်တွင် ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ရနောင်းမြို့ လူဝင်မှု...

ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင်...