ဖူးခက်တွင် ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးကို ပိုက်ဆံခိုးသည်ဆိုကာ ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် ပါတော်ဒေသရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား ဧည့်သည်ထံမှ ဘတ် ၁၄၀,၀၀၀ ကျော် ခိုးသည်ဟုဆိုကာ ပါတော်ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာ...

ထိုင်းစက်ရုံက မြန်မာလုပ်သားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ထုတ်

ထိုင်းနိုင်ငံ၊ ဖစ်ချ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျော်ကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ အထုတ်ခံရသော အလုပ်သမား ၄၀၀ ကျော်တွင် မြန်မာအလုပ်သမား ၃၀၀...

တနင်္သာရီနယ်စပ် ဖက်ချ်ဘူရီခရိုင်တွင် ဖောင်စီးလာသော မြန်မာလုပ်သားငါးဦး ဖမ်းဆီးခံရ

တနင်္သာရီမြို့နယ်နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင်ရှိ ချောင်းထဲတွင် ဖောင်စီးပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၀ရက်က ဖက်ချ်ဘူရီခရိုင် အမျိုးသားဥယျာဉ်တစ်ခုတွင် အာဏာပိုင်များက ကွင်းဆင်းလေ့လာပြီး လှေစောင့်ဆိုင်းနေစဉ် ဖောင် ၂...

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ 

မဟာချိုင်တွင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ပါကင်ပိတ်ပစ္စည်းပို့စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးမှာ လုပ်အားခမရဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် ဒီဇင်ဘာလတွင် အလုပ်လုပ်ထားသော လုပ်အားခကို ရရှိခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ...

ချွန်ဘူရီတွင် MoU မြန်မာလုပ်သား ၇၀ ကျော် ရောင်းစားခံရပြီး ဒုက္ခရောက်နေ

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇၀ ကျော်သည် ရောင်းစားခံရသည့် အပြင် အလုပ်လည်း ပုံမှန်မလုပ်ရသဖြင့် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။ 

ဘန်ကောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦးကို ထိုင်းနိုင်ငံသားပွဲစားတစ်ဦးက အလိုမတူဘဲ ဓါးထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဇန်နဝါရီ...

ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင်...

မဲဆောက်တွင် ဆယ်ကျော်သက် မြန်မာလက်ဝှေ့နည်းပြ အသတ်ခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့တွင် အသက် ၁၈ နှစ်အရွယ်သာရှိသေးသော မြန်မာလူငယ် လက်ဝှေ့နည်းပြတစ်ဦး၏ အလောင်းကို အသတ်ခံထားရသည့်ပုံစံဖြင့် လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်-အုံဖမ်းလမ်းမဘေး ငှက်ပျောပင်အောက်တွင် ဇန်နဝါရီလ ၃ ရက်နေ့က...

ထိုင်းတွင် MoU မြန်မာလုပ်သားများကို လုပ်အားခမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ

ထိုင်း-လာအိုနယ်စပ် နခွန်ဖနွမ်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာ‌သော မြန်မာအလုပ်သမားများကို လုပ်အားခ ဘတ် ၄ သိန်းခွဲကျော် မပေးသည့်အပြင် ထိုင်းရဲကိုဖမ်းခိုင်းမည်ဆိုကာ ခြိမ်းခြောက်ခိုင်းစေနေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။