ထိုင်း- မလေး နယ်စပ်တွင် မြန်မာ အလုပ်သမား ၁၀၀ ကျော် ဖမ်းမိ

ထိုင်း-မလေးရှား နယ်စပ်မြို့ ဖြစ်သည့် စုံခလာခရိုင်၊ စဒေါင်းမြို့နယ်၊ ပါဒန်ဘေဇာကျေးရွာ အနီးတွင် အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၃၁ဦးကို မတ်လ ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်တွင် နယ်ခြားစောင့် တပ်ရင်းမှ ဖမ်းမိခဲ့ သည်ဟု နယ်ခြားစောင့်...

အယုဒ္ဓယတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် အမြန်လမ်းပေါ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို ဇူလိုင်လ ၁၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အယုဒ္ဓယခရိုင် ဝမ်းနွဲ့ဒေသရှိ အမြန်လမ်းပေါ်တွင် မသင်္ကာစရာ...

ရနောင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းခြေမြန်တပ်ရင်း အမှတ် ၂၅ က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁ရက် ည ၁၂နာရီခွဲ (အောက်တိုဘာလ ၂ရက်နံနက်)...

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ထိုင်းတောင်ပိုင်း ရော်ဘာခြံတွင် မြန်မာလုပ်သားထံမှ လက်လုပ်သေနတ်သုံးလက် ဖမ်းမိဟုဆို

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ရာဘာခြံအတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော မြန်မာခြံအလုပ်သမားများထံမှ တရားမဝင် လက်လုပ်ပြောင်းရှည်သေနတ် ၃ လက်ကို ယနေ့ (အောက်တိုဘာ ၁၁) ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ရေးသားထားသည်။ စွန်ခရာခရိုင် စဒေါင်းဒေသ...

စစ်ကောင်စီကို အခွန်မပေးရေး မြန်မာလုပ်သားများ ဘန်ကောက်တွင် ဆန္ဒပြ

စစ်ကောင်စီသံရုံးကို ဝင်ငွေခွန်မပေးရေးအတွက် မြန်မာအလုပ်သမားများ ယနေ့ (ဒီဇင်ဘာ ၁၇) နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ (UN) တွင် ဆန္ဒပြခဲ့ကြသည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်ပေးချေရန် ဒီဇင်ဘာ...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။

အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းကျောင်းတွင် တက်ရောက်ခွင့်ပြုရန် ထိုင်းအစိုးရ စာထုတ်ညွှန်ကြား

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းကလေးငယ်များကို သက်ဆိုင်ရာနယ်မြေများရှိ ကျောင်းများတွင် ကျောင်းအပ်လက်ခံပေးကြရန် ထိုင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ၍ တိုက်တွန်းလိုက်သည်။ လာမည့်စာသင်နှစ်အတွက် မြန်မာကလေးငယ်များအပါအဝင် ရွှေ့ပြောင်းကလေးများအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေကျောင်းများ၏ ကျောင်းအုပ်များက လက်မခံဘဲ မနေကြရန်နှင့် ရွှေ့ပြောင်းကလေးငယ်များကို ကျောင်းအပ်လက်ခံပေးကြရန်...

ဓားကိုင်ဆဲဆိုနေသော မြန်မာလုပ်သားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံး

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်ရှိ အလုပ်သမားတန်းလျားတွင် ဓားနှစ်လက်ကိုင်ကာ အော်ဟစ်ဆဲဆိုနေသာ မြန်မာ အလုပ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ မြန်မာအလုပ်သမား သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကူဘူရီဒေသရှိ အလုပ်သမားများနေထိုင်သော အခန်းတွဲများရှေ့တွင် အောက်တိုဘာလ ၁၈ရက် ည...

မြန်မာမိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည့် မြန်မာအမျိုးသားကို ထိုင်းရဲဖမ်းဆီး

ဆယ်ကျော်သက်မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ Muang Kamphaeng Phet ရဲစခန်းက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြုကျင့်ခံရသူ မြန်မာမိန်းကလေးသည် အသက် ၁၄ နှစ်အရွယ်သာ...