လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာလုပ်သား ၇၀ကျော်ကို ထိုင်းရဲဖမ်း

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုလုပ်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၇၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ထာ့ချမ်းဒေသ ခလောင်ဆိုင်ရွာရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုနေသည်ဟု တိုင်ချက်ရရှိသဖြင့် စူရတ်ဌာနီခရိုင်ရှိ...

ထိုင်းကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၅၉ ဦးဖမ်းဆီးခံရ

တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၉ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များက ဖမ်းဆီးရမိခဲ့ကြောင်း ကန်ချနဘူရီရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ စစ်ဆေးရေးဂိတ်တွင် တရားမဝင်...

ဘန်ကောက်တွင် ကော့သောင်းသူကို သတ်ခဲ့သည်ဆိုသည့် မြန်မာလုပ်သားအဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသော ကော့သောင်းဒေသခံ အမျိုးသမီးကို သတ်ခဲ့သည်ဟုဆိုသော မြန်မာအလုပ်သမားအမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ဖမ်းမိကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင်...

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦး ခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ပိတ်ထားသော ဟိုတယ်မှ ပစ္စည်း ဘတ် ၁၄ သန်းခန့်ဖိုး ခိုးယူရာတွင် ပါဝင်သည်ဟုစွပ်စွဲကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲက ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူ၏ မိခင်တစ်ဦးက ပြောသည်။ ကော့စမွေကျွန်းရှိ ပိတ်ထားသော Chaweng...

ထိုင်းရောက် မြန်မာလုပ်သားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို ပေးလှူ

ထိုင်းနိုင်ငံ ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားသည့် မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများတွင် အစားထိုးကုသနိုင်ရန် မိသားစုက ပေးလှူကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာအလုပ်သမား၏ မျက်လုံးနှင့် ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများအား အစားထိုး ကုသနိုင်ရန်...

ထိုင်းတွင် မြန်မာအချင်းချင်း မဖွယ်မရာလုပ်ရန်ကြံသူကို အမျိုးသမီးဖြစ်သူက ဓားဖြင့်ပြန်ခုခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာလူမျိုးအချင်းချင်း မဖွယ်မရာပြုလုပ်ရန်ကြံစည်သော အမျိုးသားကို အမျိုးသမီးဖြစ်သူက ဓားဖြင့်ပြန်လည်ခုခံခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအမျိုးသမီးဖြစ်သူက ရုန်းကန်ခဲ့ပြီးနောက် လက်တွင်ပါလာသော မီးဖိုချောင်သုံးဓားဖြင့် ခုခံသဖြင့် အသက် ၂၃နှစ်အရွယ် မောင်ထင်နိုင်ဆိုသူ၏ ဝမ်းဗိုက်နှင့် ဘယ်ဘက်လက်မောင်းကို...

ထိုင်းတောင်ပိုင်း ဖူးခက်တွင် မြန်မာတစ်ဦး မြောင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်ရှိ လမ်းဘေး ရေထုတ်ရေမြောင်းကြီးတွင် ရေစီးနှင့်အတူ မျောပါသေဆုံးနေသော မြန်မာလူမျိုးတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဖူးခက် လူမှုကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းသို့ တရားမဝင် ဝင်လာသော ထားဝယ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၄၅ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၅ ဦးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် မောင်ဒေသတွင်...

ထိုင်းတွင် ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ မြန်မာအချင်းချင်း ဘတ်ငွေသိန်းချီလိမ်

ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုပြီး ဘတ်ငွေသိန်းချီ လိမ်လည်သွားသည့် မြန်မာအမျိုးသမီးပွဲစားကို မြန်မာအလုပ်သမား ၁၃ဦးက ထိုင်းရဲတပ်ဖွဲ့ထံတွင် ယနေ့ (စက်တင်ဘာ ၁၃) အမှုဖွင့်တိုင်ကြားလိုက်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ ငွေလိမ်သွားသော မစန်းဝင်း အမည်ရှိ ပွဲစားကို...

ထိုင်းသို့ တရားမဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ အမြန်လမ်းတွင် မောင်းပြေးသွားသော ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးကို ယနေ့ (စက်တင်ဘာ ၁၃) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရားမဝင် ဝင်ရောက်လာသည့်...