ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးကို ကြိုးဆွဲချသတ်သေ

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင် ချဝမ်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦး နေထိုင်ရာအခန်းတွင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ခလောကျန်းဒီး မီးရထားဘူတာနောက်ရှိ အခန်းတွင် တစ်ဦးတည်းရှိနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က...

မလေးရှားစက်ရုံ ပေါက်ကွဲမှုတွင် လောင်းလုံးသားတစ်ဦးအပါအဝင် မြန်မာ ၂ ဦး သေဆုံး

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော စက်ရုံတွင်း ပေါက်ကွဲမှုတစ်ခုတွင် လောင်းလုံးဒေသခံတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးသေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆယ်လန်ဂေါပြည်နယ် ပူချွန်းအူတာမာစက်မှုဇုန်အတွင်း ဂျလမ်းအူတာမာ ၂/၂၆ ရှိ စက်ရုံထဲတွင် ဖေဖော်ဝါရီလ ၂၃...

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် CI စခန်းများစဖွင့်

ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဟုခေါ်သည့် CI (Certificate of Identity) စာအုပ် ထုတ်ပေးရေးစခန်းများကို ယနေ့ (ဖေဖော်ဝါရီလ ၂၃) တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ...

အထောက်အထားမဲ့ မြန်မာများပါလာသည့်ကား လမ်းဘေးကိုတိုက်မိပြီး ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ပစ်ကပ်ကားသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လမ်းဘေးဆိုင်ခန်းကိုတိုက်မိခဲ့ပြီး မြန်မာနိုင်ငံသား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်ခရိုင် ဟွတ်ဒေသရှိ...

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ယာယီအလုပ်လုပ်ခွင့်ပေးရန် ထိုင်းအမတ်တောင်းဆို

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ယာယီ အလုပ်လုပ်ခွင့်ပေးရန်လူ့အခွင့်အရေးလှုပ်ရှားနေသူ ထိုင်းအတိုက်ခံပါတီ၏ လွှတ်တော်အမတ် Kannavee Suebsang က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှုဖြင့် ယာယီအလုပ်လုပ်ခွင့်ပြုပြီး အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းရန်...

ရနောင်းတွင် တရားမဝင် မြန်မာလုပ်သားများ တစ်ညတည်း ဆက်တိုက်ဖမ်းဆီးခံရ

ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တစ်ညတည်း နေရာသုံးနေရာတွင် တပြိုင်နက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စစ်ကောင်စီထံ စစ်မှုမထမ်းလိုသော မြန်မာလူငယ်အများအပြားမှာ...

ဘန်ကောက်အနီးတွင်ကျင်းပသည့် တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲများ လာရောက်တားဆီး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပကန်ခရိုင်တွင် ကျင်းပခဲ့သော စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးရန်ပုံငွေပွဲကို ထိုင်းရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ပွဲစီစဉ်ထားသူများထံမှ သိရသည်။ စမွတ်ပကန်ခရိုင် ဘန်းစောင်ထုန်းဒေသ ထိုင်ပကန်ဘောလုံးကွင်းတွင် ထိုင်းရောက် မြန်မာနိုင်ငံသားများက အာဏာပြန်ယူ အောင်လံထူ ရန်ပုံငွေ...

ဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်ဟု ထိုင်းသံရုံးထုတ်ပြန်

ထိုင်းသို့သွားမည့်သူများပြီး ဗီဇာ (ပြည်ဝင်ခွင့်) လျှောက်သူ စုပြုံလာချိန်တွင် လူကိုယ်တိုင်လာလျှောက်နိုင်သလို အွန်လိုင်း ကလည်း ဘွတ်ကင်တင်ပြီး တိုကင်ယူနိုင်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်တွင် စစ်မှု...

မြန်မာများ ထိုင်းသို့ တရားမဝင်ဝင်ရောက်မှု ထိထိရောက်ရောက် ဖမ်းဆီးမည်ဟု ဝန်ကြီးချုပ် သတိပေး

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင့်ဖြင့် ဝင်လာမည့် မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ ဖမ်းဆီး အရေးယူသွားမည်ဟု ဝန်ကြီးချုပ် ဆေထာထဝီဆင်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သတိပေးပြောဆိုခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက လာမည့်ဧပြီလကစပြီး အသက် ၁၈ နှစ်ပြည့်ပြီးသား...

ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊...