ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။ ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု...

ထိုင်းစက်ရုံတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရယွန်ခရိုင် စက်ရုံတစ်ခုရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်နေကြသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရယွန်ခရိုင် နိခုံးဖတ်ထနာဒေသရှိ စက်ရုံတစ်ခုတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် လုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့်...

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၂၃နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဩဂုတ်လ ၇ရက် ညတွင် လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းဌာနများသို့ ပြောဆိုထားသည်။ ဩဂုတ်လ ၇ ရက် ည ၁၁...

မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့်...

စမွတ်ပရကန်လှေဆိပ်တွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ငါးလဖြင့် ကလေးမွေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ လှေဆိပ်တစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန် လမစေ့ဘဲ ကလေးမွေးဖွားကြောင်း MedPlus Hospital က ထုတ်ပြန်ထားသည်။ ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီတွင် ဘုရားစမွတ်ကျေးဒီးဒေသရှိ...

ရနောင်းတွင် အချုပ်ကျ မြန်မာများ သကြားဓာတ် လိုအပ်နေ

ထိုင်းနိုင်ငံ ရနောင်းမြို့တောမော(လူဝင်မှုကြီးကြပ်ရေး)အချုပ်ထဲ လချီ အချုပ်ခံထားရသည့် မြန်မာနိုင်ငံသား များတွင် သကြားဓာတ် လိုအပ်နေသဖြင့် သကြားဓာတ်ပါသည့် မုန့်နှင့် အစားအစာများ သွားရောက် လှူဒါန်းနေရကြောင်း မိတ္တသဟာရ နာရေးကူညီမှု အသင်း (ရနောင်းမြို့)ထံမှ သိရသည်။ မြန်မာအချုပ်သားများ သကြားဓာတ် လိုအပ်နေသဖြင့် အချိုဓာတ်ပါသည့် မုန့်ပဲ...

ထိုင်းတောနက်ထဲတွင်စွန်ပစ်ခံ တရားမဝင်မြန်မာလုပ်သား ၂၄ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တောနက်ထဲတွင် ပွဲစားက စွန့်ပစ်ထားခဲ့သော တရားမဝင် မြန်မာအလုပ်သမား ၂၄ဦးကို ယနေ့ (ဩဂုတ်လ ၂၉) နံနက်ပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်သည်။ မဲရမတ်ဒေသရှိ တောနက်ထဲတွင် အလင်းရောင်ကဲ့သို့သော မီးအရောင်တစ်ခုကို...

နေရပ်စွန့်ခွာကြသူများ

တနင်္သာရီတိုင်းရှိ ကျေးရွာများတွင် လူငယ်များမရှိတော့၊ အများစုက စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အလုပ်များလုပ်ကိုင်ခွင့်ရရှိရေး ထိုင်းနိုင်ငံသို့ စွန့်စားသွားရောက်နေကြရသည်။ “လူငယ်တွေ မရှိကို မရှိတော့ဘူး သွားနေကြတာကလေ၊ ရော်ဘာခြံတွေ၊ လယ်တွေပစ်ပြီးသွားတယ်ဆိုပေမယ့် မိဘတွေတော့ ကျန်ရစ်တာပေါ့၊ သားငယ်ပိုင်းတွေ...

မြန်မာလုပ်သားများ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် အလုပ်သမား ရပိုင်ခွင့်များရရှိရေး၊ လုပ်အားခခေါင်းပုံဖြတ်မှုများ ပပျောက်ရေးတို့အတွက် ယနေ့ (ဒီဇင်ဘာ ၁၉) နေ့လယ်ပိုင်းက...

ဘန်ကောက်တွင် အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် လိုင်စင်မရှိဘဲ ဆေးကုသနေသည်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းဆေးခန်းကို ထိုင်းကျန်းမာရေးဌာနက အာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ မြန်မာဆရာဝန်နှင့် ဆေးခန်းသုံး ပစ္စည်းများကို ဖမ်းမိကြောင်း ရေးသားထားသည်။