အယုဒ္ဓယမှ ကားစက်ရုံက မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ကို အလုပ်ထုတ်

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ကားစက်ရုံတွင် မြန်မာနိုင်ငံသားအများစုပါဝင်နိုင်သော ရွှေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေး ဘတ် ၉၇ သန်းခန့်ပေးကာ အလုပ်ထုတ်ခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ အယုဒ္ဓယခရိုင် အူထိုင်းဒေသရှိ Pioneer...

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၉ ဦးကို ယနေ့(မေ ၂၄) နံနက်အစောပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် ထို့ဖာ့ဖမ်းဒေသရှိ ကျွန်းသစ်တောထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမားများကို...

ထိုင်းအလုပ်ရှင်က ၁၆နှစ်အရွယ်မြန်မာမိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ၇ လကြာပိတ်လှောင်ထား

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရာ့ဒေသတွင် အသက် ၁၆နှစ်အရွယ် မြန်မာမိန်းကလေး အလုပ်သမားကို ထိုင်းအလုပ်ရှင်က အဓမ္မပြုကျင့်ခဲ့ပြီး ၇ လခန့်ကြာသည်အထိ ပိတ်လှောင်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်နှင့် မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့တို့ထံမှ သိရသည်။ မြန်မာမိန်းကလေးသည် ၁၀ နှစ်...

ရနောင်းတွင် မြန်မာလုပ်သားများဖမ်းဆီးခံရ၊ ပို့ခ မူးယစ်ဆေးယူသည့် ထိုင်းပွဲစားလည်းအဖမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများ အပါအဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက မေလ ၈ရက်က ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများကို နေရာသုံးခုတွင်...

မြန်မာလုပ်သားများစီးလာသောကား ထိုင်းတောင်ပိုင်းတွင်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၁၅ဦး လိုက်ပါလာသောကား ရေမြောင်းထဲ ထိုးကျတိမ်းမှောက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား နှစ်ဦးသေဆုံးခဲ့ပြီး ကျန်၁၃ ဦးမှာ ဒဏ်ရာရကြောင်း ရေးသားထားသည်။

CI စာအုပ်ပြုလုပ်ခွင့်ပေး၊ မဟာချိုင်တွင် မြန်မာလုပ်သားထောင်ချီတန်းစီစောင့်ဆိုင်း

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ပြုလုပ်မှုကို ရှစ်ရက်ကြာ ပိတ်ထားခဲ့ပြီးနောက် မေလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းအစိုးရက မေလ ၁၃ ရက်နေ့...

မေဒေးနေ့တွင် ဆန္ဒပြခဲ့သော ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ငြိစွန်းနိုင်ဟု ထိုင်းအလုပ်သမားရုံးသတိပေး

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသော ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြစ်သော ပုဒ်မ ၁၁၂ အရ ပြစ်မှုငြိစွန်းနိုင်ပြီး အလုပ်လုပ်ခွင့်လက်မှတ်များ ရုတ်သိမ်းခံရနိုင်ကြောင်း ထိုင်းအလုပ်အကိုင်ဦးစီးဌာနက မေလ ၃ ရက်နေ့က သတိပေးကြေညာခဲ့သည်။ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများက မေဒေးနေ့တွင်...

ထိုင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် ဧပြီလအတွင်းဖမ်းဆီးခံရသူလေးရာကျော်ရှိ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုကြောင့် ဧပြီလအတွင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိသည်။ ယင်းအရေအတွက်မှာ ထိုင်းတော်ဝင်တပ်မတော်နှင့် ထိုင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်များကို Dawei Watch က စုစည်းထားခြင်းဖြစ်သည်။ ဧပြီလတွင်...

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦး ‌ဘေးတွဲဆိုင်ကယ်ပေါ်တွင် ကလေးမွေး

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မြန်မာအမျိုးသမီးကိုယ်ဝန်ဆောင်တစ်ဦးသည် ဗိုက်နာသဖြင့် ဆေးရုံသို့သွားရာ လမ်းခုလတ်တွင် ဘေးတွဲဆိုင်ကယ်ပေါ်၌ ကလေးမွေးဖွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မေလ ၁ ရက်နေ့တွင် ဗိုက်နာလာသဖြင့် ကော့ခွန်းခေါင်ကျွန်းမှတစ်ဆင့် လှေဖြင့်လာပြီး ဘေးတွဲဆိုင်ကယ်ဖြင့် ကိုယ်ဝန်ရက်ချိန်းပေးထားသော တကူပါဆေးရုံးသို့...

မဲဆောက်တွင် မြန်မာလူငယ်နှစ်ဦး သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးရှိ မဲဆောက်-အူဖန်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသော မြန်မာလူငယ်နှစ်ဦးကို သေနတ် နှစ်လက်နှင့်အတူ ဖမ်းဆီးခံရကြောင်း မြန်မာတော်လှန်ရေးအင်အားစုများနှင့် ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ မေလ ၁ ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို မသင်္ကာသဖြင့်...