ကန်ချနဘူရီရှိ စွန့်ပစ်အိမ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ယမန်နေ့ (ဧပြီ ၄)က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ နော့ဘဝါဒေသရှိ အိမ်တစ်အိမ်ထဲတွင် မြန်မာနိုင်ငံသား...

ထိုင်းတွင် လူမှုဖူလုံရေးထည့်ဝင်သည့် မြန်မာလုပ်သားများ အကျူံးဝင်သည့်ဆေးရုံတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်နိုင်

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) ထည့်ဝင်ထားသူတိုင်းသည် ဧပြီလ ၁ ရက်နေ့မှစ၍ လူမှုဖူလုံရေးအကျူံးဝင်သည့် ဆေးရုံ၊ ဆေးခန်းတိုင်းတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာ ၂၉ ဦးပါလာသည့် ကားတိမ်းမှောက်၊ ၅ ဦးစိုးရိမ်ရ

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသော ထရပ်ကားတစ်စီး မတ်လ ၃၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စန်ခရာဘူရီဒေသရှိ အမြန်လမ်းမ ၃၂၃ တောင်ဆင်းလမ်းကွေ့တစ်နေရာတွင်...

ဘန်ကောက်တွင် အနှိပ်သည် မြန်မာလူငယ် ၁၅ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ဖဖောင်းရှောပင်းစင်တာတွင် အနှိပ်သည်လုပ်နေသော မြန်မာနိုင်ငံသား လူငယ်အမျိုးသား ၁၅ ဦး မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ Big C လတ်ဖလောင်းရှောပင်းစင်တာအတွင်းရှိ Uncle oo...

ကရိန်းပြိုကျသောကုမ္ပဏီတွင် ယခင်ကိုယ်အင်္ဂါဆုံးရှုံးသည့် မြန်မာများကိုပါ နစ်နာကြေးပေးရန် တောင်းဆို

ထိုင်းနိုင်ငံ ရယွန်ခရိုင် တရုတ်ကုမ္ပဏီပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယခင်ကတည်းက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေလက်အင်္ဂါ ဆုံးရှုံးသွားသည့် မြန်မာအလုပ်သမားများကိုပါ နစ်နာကြေးပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) အောက်က...

ကရိန်းပြိုကျ၍ သေဆုံးသော မြန်မာလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရ

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ် ၂၉ ရက်နေ့ ညနေပိုင်းက ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သား ၇ ဦးသေဆုံး၊ လျော်ကြေးချက်ချင်းပေးရန် ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ကရိန်းပြိုကျပြီး မြန်မာအလုပ်သမား ၇ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညနေ ၄ နာရီခွဲခန့်တွင် Xin Ke...

မဲဆောက်တွင် မြန်မာသို့ပို့မည့် ဒရုန်းဖျက်လက်နက်တွေ့၍ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒရုန်းဖျက်လက်နက်တစ်လက်ကို မြန်မာနိုင်ငံသား နှစ်ဦးထံမှ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပါဆယ်ပို့မည့် အထုပ်တွင် လက်နက်များပါကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အမျိုးသား၊...

ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။ ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု...

တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ကန်ချနဘူရီတွင် ဆက်တိုက် ဖမ်းဆီးခံနေရ

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၇၇ ဦးရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် မတ်လ ၂၂...