CI စာအုပ်ပျောက်ဆုံးသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးသွားသဖြင့် အခက်အခဲမဖြစ်ပေါ်ရန်နှင့်...

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ထိုင်းတွင် မြန်မာလုပ်သား ၁၈၀ ကျော် အလုပ်ထုတ်ခံရသဖြင့် နေရေးစားရေး ခက်ခဲနေ

ထိုင်းနိုင်ငံ လယောင်းခရိုင်တွင် လုပ်အားခမရရှိဘဲ အလုပ်မှ အထုတ်ခံထားရသော မြန်မာအလုပ်သမား ၁၈၀ ကျော်သည် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း ထိုင်းသတင်းဌာနများနှင့် ကူညီပေးနေသူများထံမှ သိရသည်။ ထိုင်းအလုပ်ရှင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမား ၁၈၀ ကျော်ကို ကြိုတင်ကြောင်းကြားခြင်းမရှိ...

မဲဆောက်ရန်ပွဲတွင် မြန်မာလူငယ်တစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ဆယ်ကျော်သက်အချင်းချင်းဖြစ်သော ရန်ပွဲအတွင်း မြန်မာဆယ်ကျော်သက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ရန်ပွဲသည် မဲဆောက်မြို့ မယ်ပရွာသို့ သွားသော လမ်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မနေ့ ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်တွင် ပစ်ခတ်မှုထပ်ဖြစ်၊ ကွန်ပျူတာဆရာမတစ်ဦးသေဆုံး

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယနေ့ ​(နိုဝင်ဘာ ၁၁)နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး ကွန်ပျူတာဆရာမတစ်ဦး ‌သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ ခလောတိန်နယ်မြေရှိ TTB ဘဏ်ရှေ့တွင် အမျိုးသားနှစ်ဦးက တက္ကသိုလ်ကျောင်းသား အုပ်စုထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်တွင် တရားဝင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နိုင်ငံအစိုးရသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးသည် လုပ်အားခမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အလုပ်သမားများက ပြောသည်။ အလုပ်ပုံမှန် မဆင်းရသည့်အပြင် လုပ်အားခလည်း မရရှိသဖြင့် စားဝတ်နေရေးအပါအဝင်...

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၂ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း စူဖန်ဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းတွင် အဝေးပြေးရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒန်ချန်းဒေသရှိ အမှတ် ၃၃၃ အဝေးပြေးလမ်းမပေါ်တွင် အလေးချိန်ပိုမိုတင်ဆောင်လာသော...

ဘန်ကောက်အနီးတွင် ကိုယ်ဝန်​ဆောင် မြန်မာတစ်ဦး ကားတိုက်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် အရက်မူးပြီး မောင်းလာသော ကားတစ်စီးက ကိုယ်ဝန်​ဆောင် မြန်မာအမျိုးသမီးတစ်ဦးကို အနောက်က ဝင်တိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် စမွတ်ပရကန်ခရိုင် ဘန်ဘော်ဒေသရှိ ဘန်ဘော်ဘုန်းကြီးကျောင်းလမ်းတွင် ကားတိုက်မှု...

မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားများကို ထိုင်းဗီဇာကြေးလျှော့ပေး

ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်နေသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာကြေးနှုန်းထားကို ဘတ် ၁၅၀၀ လျှော့ပေးလိုက်ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာနက ထုတ်ပြန်သည်။ ဗီဇာလျှောက်ထားခကို ဘတ် ၂၀၀၀ ကောက်ခံရာမှ နိုဝင်ဘာလ ၁၁ရက်နေ့မှစတင်ကာ ဘတ် ၅၀၀ သာ...

ထိုင်းတွင် ကားတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၁၈ဦး ဒဏ်ရာအပြင်းအထန်ရ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများ စီးလာသောကား တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင်...