Dawei Watch, Dawei News, Dawei News Media

၂၀၂၁ တနင်္သာရီ ဟောကိန်း

အားမလိုအားရမှုတွေနဲ့ မျှော်လင့်ချက်မဲ့စွာ ဖြတ်သန်းခဲ့ရသည့် ၂၀၂၀ ခုနှစ် နေ့စွဲများ ကုန်ဆုံးသွားပါပြီ။ နှစ်ဟောင်းခြွေလို့ နှစ်သစ်တစ်ခု ကို ရောက်လာသည့်နည်းတူ မျှော်လင့်ချက်ရောင်ခြည်လည်း သမ်းလာသည်။ ကိုဗစ်ကူးစက်မှု လျော့နည်းလာပြီး မူလ အလုပ်များ ပြန်လုပ်ခွင့်ရမလား၊ ခရီးများ...
Dawei Watch, Dawei News, Dawei News Media

လင်မယားကွာရှင်းရန်ပြောသည့် ယောက္ခမအား သားမက်က သေနတ်ဖြင့်ပစ်

တနင်္သာရီမြို့နယ်တွင် လင်မယား ကွာရှင်းရန်ပြောသည့် ယောက္ခမအား သားမက်ဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇဝဲကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားချင်း စကားများ နေသဖြင့် ဇနီးဖြစ်သူ၏ မိခင်မှ ဒီဇင်ဘာလ ၂၅...
ထားဝယ်အမျိုး သမီးသမဂ္ဂ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းရန်တောင်းဆို

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ကော်မတီ တစ်ရပ်ကို အစိုးရမှ အမြန်ဆုံးဖွဲ့စည်းပေးရေး အပါအဝင် အချက်နှစ်ဆယ်ခန့်ကို ဖော်ဆောင်ပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်းအတွင်းရှိ အမျိုးသမီးများ နည်းမျိုးစုံသော အကြမ်းဖက်ခံ ရမှုအခြေအနေနှင့် အမျိုးသမီးအခွင့်အရေး လက်လှမ်းမီနိုင်မှုအခြေအနေများအား...

မြိတ်တွင် ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတွင် ပိုးတွေ့

မြိတ်မြို့ မြိတ်တောင်နယ်မြေ ရွှေလိပ်ပြာလမ်းနေ ကိုဗစ်ပိုးတွေ့သည့် အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတို့တွင် ဇန်နဝါရီလ ၁ ရက်နေ့က ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ အမျိုးသမီး နေထိုင်သည့် လမ်းအား အသွားအလာ ကန့်သတ်ထားပြီး...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ထောက်ပံ့ကြေး “ပေးရင် အကုန်ပေး၊ မပေးရင် တစ်ရွာလုံး မပေးနဲ့”

အခြေခံလူတန်းစာထောက်ပံ့ငွေကို “ပေးရင်အကုန်လုံးပေးပြီး မပေးရင်လည်း တစ်ရွာလုံးမပေးနဲ့” ဟု အစိုးရကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည့် ကျေးရွာမှာ ရေဖြုမြို့နယ်၊ ရာဖူးကျေးရွာ ဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကကျင်းပခဲ့သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကိုဗစ်ထောက်ပံ့ကြေးလုံးဝမယူသည့် ကျေးရွာများလည်းရှိကြောင်း ရာဖူးကျေးရွာကို ဥပမာပေးပြီး ကိုဗစ်ထိန်းချုပ်ရေးနှင့်...
မဲမသမာမှု

တပ်မတော်ထုတ်ပြန်သည့် မဲမသမာမှုပြုနိုင်သည့်မဲစာရင်းတွင် တနင်္သာရီတိုင်း ပါဝင်လာ

တပ်မတော်က ထုတ်ပြန်နေသည့် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းများတွင် တနင်္သာရီတိုင်းမှ မဲဆန္ဒ နယ်အချို့လည်း ပါဝင်လာသည်။ ဒီဇင်ဘာလ ၃၁ ရက်က ထုတ်ပြန်သည့် စတုတ္ထအကြိမ်ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းရှိ တပ်မတော်သားများမဲ ပေးခဲ့သည့် နေရာများဖြစ်သော ထားဝယ်၊...
ထိုင်းပေါင်မုန့်

ထိုင်းပေါင်မုန့် တရားမဝင်သည့်အတွက် တားမြစ်မည် ဟုဆို

တနင်္သာရီတိုင်းအတွင်း နေရာအများစုတွင် ထိုင်းနိုင်ငံမှ ထုတ်သည့် တရားမဝင်ပေါင်မုန့်တစ်မျိုးကို တွင်ကျယ်စွာ ရောင်းဝယ်စားသုံးနေကြသည်။ ဦးစွာ အသိပညာပေးမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ က သတိပေးပြောဆိုလိုက်သည်။ အဆိုပါပေါင်မုန့်တွင် ထိုင်းဘာသာ စကားများသာ ရေးသားထားပြီး...
ကိုဗစ်ကြားမှ နှစ်သစ်ကူးည

ကိုဗစ်ကြားမှ နှစ်သစ်ကူးည

အခက်အခဲ၊ စိန်ခေါ်မှု၊ အောင်မြင်မှု၊ ကျဆုံးမှု စတဲ့ အတွေ့အကြုံပေါင်းများစွာဖြင့် ကိုဗစ်နှစ်ဟု ဆိုစမှတ်ပြုနိုင်သည့် ၂၀၂၀ ပြည့်နှစ်ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်သို့ အကူးအပြောင်းဖြစ်သည့် ဒီဇင်ဘာလ ၃၁...
Dawei Watch, Dawei News, Dawei News Media

လူခိုးသယ်သည်ဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအား သဘာဝဘေးဥပဒေဖြင့် တရားစွဲရန် ညွှန်ကြား

ကိုဗစ်ကပ်လေးကြောင့် ရန်ကုန်တွင် ပိတ်မိနေသူများအား လူခိုးသယ် သည်ဆိုသည့် ထားဝယ်မြို့၊ ဒေါင်းငူရပ် ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်အား သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရန်ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဆန်းဝင်းက ပြောသည်။ လူခိုးသယ်သည့်အတွက် မူလက အုပ်ချုပ်ရေးမှူးဦးစိုးထိုက်အား တာဝန်မှ...

မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံးအရေးယူမည်ဟု တိုင်းအစိုးရ ထပ်ပြော

လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့ အခြားနည်းအသုံးပြုနေခြင်းနှင့် စီးပွားဖြစ် မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံး အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း တိုင်းအစိုးရက...