ရွှေတံဆိပ်ဆုရှင် နိုင်ငံလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်း ကွယ်လွန်

နိုင်ငံတကာ ရွှေတံဆိပ်ဆုရှင်လည်းဖြစ်၊ မြန်မာ့ဘောလုံးအသင်းရွှေခေတ်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်သူ ဦးစိန်ဝင်း ကွယ်လွန်သွားပြီဖြစ်သည်။ ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်ရှိ နေအိမ်မှာပင် ယနေ့ ဩဂုတ်လ ၃၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။
မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် တစ်ထောင်ကျော် အထိရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ပြည်သူ့ကျန်းမာရေးဌာန၏...
ကနက်သီရိကျေးရွာ

ထားဝယ် ကနက်သီရိတွင် နှစ်ဦး အသတ်ခံရ

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယမန်နေ့ညက လူနှစ်ဦး အသတ်ခံရကြောင်း ယင်းရွာသားအချို့ထံက သိရသည်။ ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ညက လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သဖြင့် အသက်...
ဓာတ်ပုံ - ထားဝယ်မြို့အဝင် တစ်နေရာ

နတလ ဒုညွှန် အသတ်ခံရပြီးနောက် ထားဝယ်တွင် လူသုံးဆယ်နီးပါးအဖမ်းခံရ ဟုဆို

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းတစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်မြို့တွင် လူသုံးဆယ်နီးပါး အဖမ်းခံထားရကြောင်း မြို့ခံတို့ထဲမှ သိရသည်။ ဒုညွှန်မှူး ဦးသောင်းတန်နှင့် ဝန်ထမ်းတစ်ဦး၏ အလောင်းနှစ်လောင်းကို ကြက်စားပြင်ရပ်ကွက်ရှိ ဆိပ်ကမ်းဘူတာရုံအနီးတွင် ဩဂုတ်လ...

စစ်ပြဲရွာမှ ဖမ်းဆီးခံ အမျိုးသမီးလေးဦး ပြန်လွတ်လာ

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် ဩဂုတ်လ  ၂၉ ရက်နေ့က ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသော အမျိုးသမီးလေးဦးကို ယင်းနေ့ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လောင်းလုံးမြို့မ ရဲစခန်းတွင် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကျေးဇူးတော်ကျေးရွာ တစ်နေရာ

ကျေးဇူးတော် နေအိမ်အချို့ ဖျက်ဆီးခံရ၊ PDF သတင်းပေးပါဟုဆို

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ဒေသ ကျေးဇူးတော်ရွာအတွင်းသို့ ဩဂုတ်လ ၂၇ ရက်က စစ်တပ်က ဝင်ရောက်လာပြီး နောက်တစ်နေ့ ၂၈ ရက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယင်းသို့ ထွက်ခွာသွားပြီးနောက် ကျေးဇူးတော်ရွာအတွင်း...
ဓာတ်ပုံ- သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နေ့လည် ၁ နာရီက တွေ့ရစဉ်

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရုံး မီးလောင်ပြီးနောက် အနီးအနားတွင် စစ်သားများ တပ်လာစွဲ

ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဩဂုတ်လ ၂၈ ရက် ည ၉ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသို့မီးလောင်ကျွမ်းပြီးနောက် ဩဂုတ်လ ၂၉ ရက်တွင် ယင်းရပ်ကွက်ရုံးအနီးရှိ အလယ်တန်းကျောင်း(ခွဲ) တွင် စစ်သားများ...
ကျေးဇူးတော်ရွာ

ကျေးဇူးတော်ကျေးရွာမှ စစ်သားများ ပြန်ထွက်၊ ရွာသားများ အိမ်မပြန်ရဲသေး ဟုဆို

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာမှ စစ်သားများ ဩဂုတ်လ ၂၈ ရက် ည ၇ နာရီခန့်က ပြန်ထွက်သွားပြီဖြစ်ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူတစ်ဦးက အတည်ပြု‌ပြောဆိုသည်။ ယင်းကဲ့သို့ စစ်သားထွက်သွားသော်လည်း...
စစ်ပြဲကျေးရွာ

လောင်းလုံးတွင် အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ဖမ်းဆီးခံရ

လောင်းလုံးမြိုနယ် စစ်ပြဲကျေးရွာတွင် ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းက  အမျိုးသမီးလေးဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံအချို့ထံမှသိရသည်။  အဆိုပါဖမ်းဆီးခံရသူများမှာ စစ်ပြဲကျေးရွာသူများဖြစ်သည့် ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ ဖြစ်သည်။  ‌အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်လေးဦးခန့် ဆိုင်ကယ်ဖြစ်ရောက်ရှိလာပြီး နာရေးကူညီမှုအသင်းမှ ပြန်လာသည့် ၎င်းအမျိုးသမီးလေးဦးအား ကျေးရွာအနောက်ပိုင်းဈေးအနီးတွင် စစ်ဆေးဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကျေးဇူးတော်ရွာ၊ ရေဖြူမြို့နယ်

ကျေးဇူးတော်ရွာတွင် တိမ်းရှောင်နေသည့် ရွာသားများကို စစ်ကောင်စီပြန်ခေါ်၊ တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်

KNU တပ်မဟာ ၄ ၏ ထိန်းချုပ်ဧရိယာတွင်ပါဝင်သည့် ကျေးဇူးတော်ရွာတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများကို ရွာသို့ပြန်လာရန် ခေါ်ခိုင်းနေပြီး တောနင်းရှာချိန် တွေ့ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း တိမ်းရှောင်နေရသူများက ပြောသည်။ ကျေးဇူးတော်ရွာသည် ထားဝယ်ခရိုင်...