မြိတ် ရော်ဘာ ရာသီအဖွင့်ဈေး မြင့်

မြိတ်မြို့တွင် ရော်ဘာ ရာသီအဖွင့်ဈေးနှုန်းများမှာ ယခင်နှစ် ရာသီအဖွင့်ထက် တစ်ပိဿာလျှင် ကျပ်တစ်ထောင်နီးပါးခန့်အထိ မြင့်တက်ခဲ့ကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရာသီအဖွင့်တွင် ရော်ဘာမှိုင်းခံအဆင့် (၃)၊ အစေးရည် (DRC 100%) နှင့် ခွက်လုံး/ခွက်ခဲ...

ထားဝယ်မြို့ပေါ် အခန်းငှားနေသူများ အခက်တွေ့

ထားဝယ်မြို့ပေါ်တွင် အခန်းငှားနေထိုင်သူများကို ပိုင်ရှင်က အခန်းမငှားချင်တော့သည့်အခြေအနေ ဖြစ်လာသဖြင့် နေရေး၊ ထိုင်ရေး အခက်အခဲဖြစ်လာနေကြောင်း သိရသည်။ စင်တင်ဘာလ ဒုတိယအပတ်မှစပြီး ထားဝယ်မြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များ ဆက်တိုက်ဖမ်းဆီးခံလာရခြင်း၊ ဧည့်စာရင်းတိုင်ကြားနေရခြင်း စသည်တို့ကြောင့် ပိုင်ရှင်များ အခန်းဆက်မငှားချင်တော့ကြောင်း အခန်းငှားနေထိုင်သူအချို့က...

အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာလ ၂၁ ရက် ညတွင် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါဖမ်းဆီးခံရသူမှာ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သည့် အသက် ၃၈ နှစ်ဝန်းကျင်ရှိ...

ရေဖြူ အုန်းပင်ကွင်းတွင် သားအမိနှစ်ဦး အဖမ်းခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီး အုန်းပင်ကွင်းရွာနေ မနီလာအေး နှင့် မိခင်ဖြစ်သူတို့ စက်တင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန်တွင် အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ မနီလာအေးသည် နေအိမ်တွင်မနေဘဲ တိမ်းရှောင်နေရာမှ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း...

ကျိုက်ထိုတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မိုင်းနင်းမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထို ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က နံနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာသို့အသွား ချောင်းကွေ့ကျေးရွာအနီးတွင်...

တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာအုပ်စု အမှတ် ၉ ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးအေးမင်းကိုသည် စက်တင်ဘာလ ၂၁ ရက်နေ့ ညခြောက်နာရီကျော်အချိန်ခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း သိရသည်။ အမှတ် ၉ ကျေးရွာရှိ...

အရှုံးပေါ်သဖြင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ကမ်းနီးငါးဖမ်းလှေငယ်အချို့ ရပ်နားထားရကြောင်း ကာယကံရှင်များ ထံမှသိရသည်။ ကမ်းနီးလှေငယ်များအနေဖြင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ငါးဈေးကျဆင်းခြင်း၊ လှေထွက်စရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် အရှုံးပေါ်ကာ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် ရပ်နားထားရကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ကပြောသည်။

ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်း ကုလသမဂ္ဂ လာလှူ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာလှူခဲ့ကြောင်း ထားဝယ်ဒေသ ကိုဗစ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ UNHCR မှ နှာခေါင်စည်းမျိုးစုံ ၊ လက်အိတ်မျိုးစုံ၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ ဖိနပ်၊...

ထားဝယ်အောက်ဆီဂျင်စက်ရုံ မနက်ဖြန် ပြန်လည်ပတ်မည် ဟုဆို

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံအား မနက်ဖြန်ပြန်လည် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းစက်ရုံတွင် ဦးဆောင်ပြီး ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။ တိုင်းစစ်ကောင်စီ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် အဆိုပါ အောက်ဆီဂျင်စက်အား မွမ်းမံပြင်ဆင်နိုင်ရန် ပြီးခဲ့သည့်အပတ်က ယာယီရပ်နားထားရာမှ စက်တင်ဘာလ ၂၂...

လောင်းလုံး ကမြောကင်း အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ ဗုံးပေါက်၊ ကလေးတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။