ယခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများ အလုပ်မဝင်ပါက သိန်း ၆၀၀ အထိလျော်ရမည်

ဆေးတက္ကသိုလ်များတွင် တက်ရောက်ရန် ဝင်ခွင့်ရရှိထားသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအနေဖြင့် ကျောင်းပြီး၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၆၀၀ အထိ ပေးဆောင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ ၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး...

သရက်ချောင်းမြို့နယ် စော်ဖျားရွာသားတစ်ဦး အသတ်ခံရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာက ရွာသားတစ်ဦး ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရော်ဘာခြံတစ်ခုတွင် အသတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးလားဆိုသူဖြစ်ပြီး ကင်းရှေ့ရွာနှင့် မိုးရွှေကုန်းရွာကြားရှိ...

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထားဝယ်ရှိ ရွာသုံးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီးအနားကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင်...

ပုလောမြို့မဈေးအနီး ပေါက်ကွဲမှု လူအချို့ ဖမ်းဆီးခံထားရ

ပုလောမြို့မဈေးကြီးအနီးက နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေအိမ်မှ မိသားစုဝင်အချို့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံအချို့က ပြောသည်။ပေါက်ကွဲမှုမှာ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၅) နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက...

ဆယ်ကျော်သက်မြန်မာမိန်းက‌လေး ထိုင်းတွင် အဓမ္မပြုကျင့်ခံရမှု ဖြစ်ရပ်

ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းတစ်ဦးက ဆယ်ကျော်သက်မြန်မာမိန်းက‌လေးတစ်ဦးကို လက်ထိပ်ခတ်ပြီး အတင်းအဓမ္မပြုကျင့်မှု ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခုဧပြီလ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အသက် ၃၇ အရွယ် Adrik Sae Bae အမည်ရှိ ထိုင်းနိုင်ငံသားသည် မြန်မာမိန်းကလေးအား...

ထိုင်းတွင် မြန်မာလုပ်သား ၅၀ ကျော် အဖမ်းခံရ

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၆ ဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၃၅ ဦး၊...

ပုလောတွင် ကြံ့ခိုင်ရေး အမတ်ဟောင်း၏ နေအိမ်ရှေ့ဗုံးပေါက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့နယ် နေအိမ်ရှေ့၌ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်ည ၉ နာရီဝန်းကျင်က ပုလောမြို့ဈေးအနီးရှိ ဦးလှစိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက...

လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ယနေ့ (ဧပြီ ၂၄) ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်နေ့ ည ၁၀...

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း မီးရှို့ခံရ

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် PDF အဖွဲ့က မီးရှို့လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းရဲကင်းစခန်းသည် ထားဝယ်မြို့မှ ဆယ်မိုင်ခန့်အကွာ ထားဝယ်- မေတ္တာ- ထီးခီးသွားလမ်းပေါ် ပကာရီကျေးရွာအဝင်တွင် တည်ရှိသည်။

B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ...