လောင်းလုံးတွင် ငွေလွှဲလုပ်ငန်းလုပ်သည့်အိမ် ဓါးပြတိုက်ခံရ

လောင်းလုံးမြို့နယ် မင်းရပ်ရွာမြောက်ပိုင်းတွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်အိမ် မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ ဓါးပြတိုက်ခံရသော နေအိမ်မှာ ဒေါ်ညိုဆိုသူ၏အိမ်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမေရိကတွင် မူလတန်းကျောင်းအတွင်း သေနတ်ဖြင့်ဝင်ပစ်၍ ကလေး ၁၉ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို ဆယ်ကျော်သက် လက်နက်ကိုင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေး ၁၉ ဦးနှင့် လူကြီး ၂ ဦးသေဆုံး သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ အသက် (၁၈)နှစ်အရွယ် သေနတ်သမားသည် သံချပ်အင်္ကျီ၊...

ကျိုက်ထိုတွင် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက ဦးဇော်သန်းဆိုသူ ယနေ့ (မေ ၂၄) ပစ်သတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့မှ သိရသည်။ ဦးဇော်သန်းသည် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က သထုံစု အန္တရာယ်ကွေ့အနီးတွင်...

တနင်္သာရီ သိန္ဒော‌ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရဟုဆို

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ (မေ ၂၄) ညနေ ၅ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းသူရဲကောင်းများ အင်အားစု(SWDF) က ထုတ်ပြန်လိုက်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း၊...

ဧကနိရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဧကနိရွာတွင် ယနေ့ ညနေ ငါးနာရီဝန်းကျင်ခန့်က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ ဧကနိရွာသား ဦးမောင်ဦး ဆိုသူဖြစ်ပြီး နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက...

တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၃၆ ကြိမ်အထိဖြစ်ပွား

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် တိုက်ပွဲပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က မေလ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းအရေအတွက်မှာ စစ်တပ်က အာဏာစသိမ်းသည့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁...

ပေါင်တွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၉၀ ကျော် ပျက်စီး

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ယနေ့ (မေ ၂၄) နေ့လယ်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့...

လောင်းလုံး ကျောက်နီမော်ရွာဒေသခံ‌လေးဦး အဖမ်းခံရ၊ တစ်ဦးပြန်လွတ်

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ ဒေသခံလေးဦး အဖမ်းခံရပြီး တစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၃ ရက်က ဦးကျော်စိုးနှင့် ဒေါ်မကမ်းသားဆိုသူနှစ်ဦး အဖမ်းခံခဲ့ရပြီး ယနေ့ (မေ ၂၄) ရက်တွင်မူ...

ထိုင်းတွင် မြန်မာအမျိုးသမီးနှစ်ဦးရုပ်အလောင်း စွန့်ပစ်ခံထားရ

ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်တွင် စွန့်ပစ်ခံထားရသော အမျိုးသမီးရုပ်အလောင်းနှစ်ခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေသော ‌အလောင်း နှစ်လောင်းကို မေလ ၁၉ ရက်နေ့တွင် ချိုင်နတ်ခရိုင်...

ထားဝယ်မြို့ ကမ်းနားဈေးတွင် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ယနေ့ (မေ ၂၄) နံနက် ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၆၀ကျော်အရွယ် ဈေးသည် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက်...