ပုလောမြို့ခံရှစ်ဦး အဖမ်းခံရဟုဆို

မြိတ်ခရိုင်၊ ပုလောမြို့တွင် နေထိုင်နေကြသည့် အမျိုးသားရှစ်ဦး ဇူလိုင်လ ၂ရက် ညတွင် အဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက် ည ၁၀ နာရီဝန်းကျင်က ပုလောမြို့၊ အမှတ် ၃...

မြိတ်ခရိုင်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ကူညီပေးနေသည်ဟုဆိုသူ အမျိုးသားနှစ်ဦး တစ်ရက်တည်း ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) ထံမှ သိရသည်။ ဇူလိုင်လ ၁ ရက်က တနင်္သာရီမြို့နယ်၊ မောတောင်မြို့နေ အမျိုးသားတစ်ဦးနှင့်...

ထားဝယ်ခရိုင်တွင် ဝါးကုန်သည်များ ဝါးဝယ်ရန်ခက်ခဲလာ

ထားဝယ်ခရိုင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုများကြောင့် ဝါးကုန်သည်များ ဝါးဝယ်ရာတွင် အခက်အခဲဖြစ်နေကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။ ဇွန်လ ဒုတိယပတ်ကစပြီး လောင်းလုံးမြို့နယ်၏ အနောက်ဖက် တောင်ကြောတွင် စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)...

တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည်...

မြိတ်မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာကျပ်နှစ်ထောင်ဈေးတက်

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာလျှင် ကျပ်နှစ်ထောင် ဈေးတက်သွားကြောင်း မြို့‌ပေါ်ရှိ ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့မှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့်သာရှိပြီး လက်ရှိတွင် တစ်ပိဿာကျပ် ခုနစ်ထောင်ဈေးရှိကြောင်း ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။

ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတော့

ကလေးမွေးစမှ ၂လ၊ ၄လ၊ ၆လ၊ ၇လ၊ ၉လ၊ တစ်နှစ်၊ တစ်နှစ်ခွဲ စသဖြင့် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးပေးကြရသည်။ ကာကွယ်ဆေး မထိုးပေးပါက ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းထိခိုက်မှုမှသည် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။

မလေးရှားမှ ထားဝယ်ပြန်သူ လေယာဉ်စီးခွင့်မရသဖြင့် ဟိုတယ်တွင်နားနေစဉ်သေဆုံး

ကျန်းမာရေးမကောင်းသဖြင့် မလေးရှားနိုင်ငံကနေ ထားဝယ်မြို့သို့ ပြန်လာမည့် အမျိုးသမီးတစ်ဦးကို လေကြောင်း လိုင်းက လိုက်ပါခွင့်မပြုသဖြင့် ဟိုတယ်တွင် တည်းခိုနားနေစဉ် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေထိုင်သည့် မဝင်းဝင်းထွေးဆိုသူဖြစ်ပြီးမလေးရှားနိုင်ငံ...

မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့်...
LaeThit

တနင်္သာရီ လယ်သစ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရေးတင်းမာ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက လယ်သစ်ရွာအနောက်ကမ်းဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်တို့အကြား ၁၅ မိနစ်ခန့်ကြာ...

ဝေါလေတိုက်ပွဲကြောင့် ဒေသခံ ၈၀၀ ကျော် ထိုင်းဘက်စစ်ဘေးရှောင်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဇွန်လ ၃၀ ရက်နေမှစ၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိပြီဟု တာခ့်ခရိုင် တာဝန်ရှိသူများက Bangkok Post သတင်းဌာနကို ပြောကြားသည်။ မြဝတီမြို့နယ် ဝေါလေဒေသရှိတိုက်ပွဲအတွင်း...