ထိုင်းတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

ထိုင်းနိုင်ငံတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် လာမည့် ဧပြီလ တတိယအပတ်မှစ၍ တစ်ရက် အနိမ့်ဆုံး‌ အခြေခံလုပ်အားခ ဘတ် ၄၀၀ အထိ စတင်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရ၊ အလုပ်ရှင်နှင့်...

ကော့သောင်းတွင် ဇနီးမောင်နှံ ရန်ဖြစ်ရာမှဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ၃၁ မိုင်တွင် မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွာပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

မိတ္ထီလာတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် စစ်ကောင်စီတပ်က လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း မတ်လ ၂၆ ရက်က စက်ချို့ယွင်းကာ ပျက်ကျခဲ့သည်။ စစ်ကောင်စီက ၇၉ နှစ်မြောက် တပ်မတော်နေ့ မကျင်းပမီ တစ်ရက်အလိုတွင် ပျက်ကျခြင်းလည်း ဖြစ်သည်။

ဘူးသီးတောင်အခြေစိုက်တပ်ရင်းကို AA သိမ်းယူ၊ လက်နက်ချသည့် စစ်ကောင်စီတပ်သား ထောင်ချီရှိပြီဟုဆို

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ခြေမြန်တပ်ရင်း ၅၅၂ ကို ဖေဖော်ဝါရီလ...

မှတ်ပုံတင်တွင် မွေးသက္ကရာဇ်ပြင်လိုက ဗဟိုရုံးချုပ်အထိတင်ပြရမည်

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက် နိုင်ငံသားစိစစ်ရေးကတ် ခေါ် မှတ်ပုံတင်ကတ်တွင် မွေးသက္ကရာဇ် မှားယွင်းမှုပြင်ဆင်လိုပါက ဗဟိုရုံးချုပ်အဆင့်ထိ တင်ရမည်ဖြစ်ကြောင်း လဝက ဝန်ထမ်းများထံက သိရသည်။ စစ်မှုထမ်းရန် အသက်ပြည့်မီနေသူများနှင့်ပတ်သက်၍ ပြင်ဆင်မှုများရှိလာနိုင်သဖြင့် ဗဟိုရုံးချုပ်အထိ တင်ပြခိုင်းခြင်းဖြစ်ကြောင်း မတ်လ...

ထားဝယ်က ဇမ္ဗူသီရိပရဟိတအဖွဲ့ရုံးကို စစ်ကောင်စီတပ် ဝင်စီး

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းရုံးခန်းကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အခွန်လွတ်ဈေးအရှေ့ရှိ ဇမ္ဗူသီရိရုံးခန်းကို မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သားများ၊...

ဇာဒီရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက်သတိပေး

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာရှိ လောင်းကစားဝိုင်းကို ယနေ့(မတ်၂၆) ညနေ ၃ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း ရွာသားများကပြောသည်။ ဇာဒီရွာ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ရက်ရှည် ပြုလုပ်နေသည့်...

ဘန်ကောက်တွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့်အမှုဖွင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၈ သိန်းကျော် မရသဖြင့် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးသို့ တိုင်ကြား ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ...

ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် မောင်တောတွင် စစ်ကောင်စီတပ်သား ၉၀ကျော် လက်နက်ချ

ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ်ရှိ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၉၀ ကျော် လက်နက်ချကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ြပချက်အရ သိရသည်။ တမန်းသားရွာက စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး...

ထားဝယ်ထောင်တွင် အကျဉ်းသားတစ်ဦး ထောင်ပြင်ပတွင် ခေါ်ယူစစ်ဆေးခံရစဉ် ပစ်သတ်ခံရ

ထားဝယ်ထောင်တွင် အကျဉ်းချခံထားရသည့် အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပခေါ် ထုတ်စစ်ဆေးစဉ် ထွက် ပြေးသည်ဟုဆိုကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း အဆိုပါအကျဉ်းသားနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ မတ်လ ၁၆ ရက်နေ့တွင် ထားဝယ်ထောင်၌ အကျဉ်းကျခံနေရသည့် ကိုဝင်းသီဟကို အကြမ်းဖက်မှု...