ကမ်းဇော်တောများ ထိန်းသိမ်းခွင့်ပေးရန် ဒေသခံများတောင်းဆို

မြန်မာ့ တိုင်းရင်းဆေးအဖြစ်အသုံး ပြုသော နာမည်ကျော် ကမ်းဇော်ဆီ ထုတ်လုပ်သည့် ကမ်းဇော်တောများ ထိန်းသိမ်းခွင့်ပေးရန် ကျွန်းစုမြို့ရှိ ဒေသခံများက တောင်းဆိုလိုက်သည်။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကံမော် ကျေးရွာအုပ်စုတွင်၊ သဘာဝအလျောက် ပေါက်ရောက်နေသည့် ကမ်းဇော်တော များကို ဒေသပေါင်းစုံမှ လာရောက် ခုတ်ထွင် လုပ်ကိုင်မှုကြောင့် ရေရှည် တွင်...

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ

တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။ တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။

မြိတ်တွင် ဘုရားဖူးအပြန် စက်လှေတိမ်းမှောက်

မြိတ်မြို့၊ ရေနံမြေရပ်ကွက် တောလှေဆိပ်တံတားအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ဘုရားဖူးပြန်လာသည့် စက်လှေတစ်စီးတိမ်းမှောက်သဖြင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ စက်လှေသည် လူနှစ်ဆယ်ဦးခန့်ဖြင့် မြိတ်တဖက်ကမ်းရှိ ရှင်သာလျောင်းဘုရားဖူးပြီးအပြန် ကမ်းအကပ်တွင် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး အသက်...

မြိတ်ခရိုင် ကမ်းနီး ငါးဖမ်းလှေရှင်များ အသင်းဖွဲ့စည်းမည်

မြိတ်ခရိုင်အတွင်းရှိ ကမ်းနီးငါးဖမ်း လှေရှင်များအသင်းကို စတင်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ယင်းအသင်း ဖြစ် မြောက်ရေးကော်မတီထံမှ သိရသည်။ လာမည့် ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့၊ အင်းလေးမြိုင်စက် မှုဇုန်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေးလံဈေး ၌ ခရိုင်အတွင်းရှိ...

မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ညဖက်မသွားလာကြရန် ကော်သူးလေသတိပေး

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် စစ်ရေးတင်းမာနေသဖြင့်လမ်းအသုံးပြုသူများ ညဖက်မောင်းနှင်သွားလာခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော် (KTLA) ကျားကွန်မန်ဒို တပ်ဖွဲ့က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။ စစ်ရေးတင်းမာနေသည့် ရေဖြူကျေးရွာနှင့် သဲဖြူလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုလုပ်ကြရန်၊ စစ်ကောင်စီတပ်များနှင့် အနီးကပ်ရှိနေခြင်း၊ အနီးကပ်သွားလာခြင်းများကိုလည်းရှောင်ရှားကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန်နှင့် တာလပတ်အုပ်ထားပါကလည်း ကားအတွင်းသို့မြင်သာအောင် လှစ်ဟသွားကြရန်၊ ပြည်သူ့တော်လှန်ရေးအဖွဲ့များ စစ်ဆေးလျှင် စစ်ဆေးခံရန် ထုတ်ပြန်ထားသည်။  တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာတိုးဂိတ်အနီးတွင် မတ်လ ၁၉ရက် နံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းသို့ အသုံးပြုနေကြသည့် ကုန်တင်ကားများ ရာချီရှိနေပြီး နယ်စပ်မြို့ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဖက်သို့ ရေထွက်ပစ္စည်းများ တင်ပို့လျှက်ရှိသည်။ မောတောင်လမ်းနှင့်ပတ်သက်ပြီး အသုံးပြုသူများအား ယခင်ကလည်း စစ်ရေးတင်းမာချိန် ပြည်သူ့ကာကွယ်ရေး တပ်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။ 

တနင်္သာရီ ရှမ်းအင်းတော်ရွာအနီး ပစ်ခတ်မှုဖြစ်

တနင်္သာရီမြို့နယ် ရှမ်းအင်းတော်ကျေးရွာနှင့် ကမ္မလိုင်းရွာကြားတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၉ ရက်နေ့ နံက် ၆ နာရီဝန်းကျင်က တမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာနှင့် ကမ္မလိုင်းရွာ ကြား ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်သားများကို...

တနင်္သာရီတိုင်းမဂ္ဂဇင်း ထုတ်ဝေ

၂၀၂၀ ပြည့်နှစ် တနင်္သာရီတိုင်း ဒေသကြီး မဂ္ဂဇင်းကို စတင်ထုတ်ဝေပြီ ဖြစ်ကြောင်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်း (လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး)က ပြောသည်။ မဂ္ဂဇင်းတွင် တိုင်းအစိုးရအဖွဲ့ လှုပ်ရှားမှု ပုံရိပ်များ၊...

တိုက်ပွဲကြောင့် ညောင်ပင်ကွင်းရွာသားများ ထွက်ပြေးနေရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်မှ ညနေ ၅ နာရီအထိ ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုနှင့်...

တနင်္သာရီနှင့် ပုလောတွင် မနက်ဖြန်မှစ၍ လျှပ်စစ်မီးအချိန်ပိုင်းသာရတော့မည်

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဩဂုတ်လ ၁၄ ရက်နေ့မှစပြီး လျှပ်စစ်မီး အချိန်ပိုင်းသာ ပေးဝေသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ် မန်နေဂျာ ဦးဝင်းကိုက ပြောသည်။ လက်ကျန် ဒီဇယ်လောင်စာဆီ လျော့နည်းနေသဖြင့် အချိန်ပိုင်းဖြင့်သာ...

ရတ်ချဘူရီ ခရိုင် ထုတ်ကုန်များ မြိတ်တွင် ပြသ

ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင် အတွင်းမှ ထုတ်လုပ်သည့် ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်ကို မြိတ် ကုန်တိုက်တွင် မေလ ၂၆ မှ ၂၈ ရက်ထိ ပြသရောင်းချခဲ့ကြောင်း ထိုင်း ကုမ္ပဏီများ အဖွဲ့နှင့်အတူ လိုက်ပါ လာသည့် ဘာသာပြန်တစ်ဦး ထံမှ သိရသည်။ ...