ရှစ်လေးလုံးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရေး မြိတ် ၈၈ လိုလားနေဆဲ

အစိုးရက ခွင့်ပြုချက်ချမပေးသေးသော်လည်း မြိတ်ခရိုင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးအတွက် ဆန္ဒပြင်းပြနေဆဲ ဖြစ်သည်။ ယနေ့ သြဂုတ်လ ၈ ရက်တွင် ကျရောက်သည့် ၃၂ နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ်...
ကျပန်းအလုပ်သမ

အလုပ်လက်မဲ့ဖြစ်မည်ကို ကျပန်းအလုပ်သမ ၁၀ဝ ကျော် စိုးရိမ်

အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့် အရေးနှင့်ပတ်သက်၍ ကျပန်းအလုပ်သမ ၁၀ဝ ကျော်မှာ စိုးရိမ်နေကြသည်။ မြိတ်မြို့၊ ကျောက်ဖြာကျေးရွာ အုပ်စု၊ အထူးဆိပ်ရှိ သင်္ဘောဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် အလုပ်သမများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကစတင်ကာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်းသို့ မြိတ်မြို့ရှိ...

၂၀၂၀ ရွေးကောက်ပွဲ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများ တိုးလာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ မြိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီများတိုးလာကြောင်း မြိတ်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်က မြိတ်ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ခြောက်ခုသာရှိခဲ့ပြီး ယခုလာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ဆယ်ခုအထိရှိလာကြောင်း မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ...

ဂုံး၊ ကမာ၊ ခရုမျိုးစုံ စီးပွားဖြစ်မွေးရန် ဂျပန်လေ့လာ

မြိတ်ကျွန်းစုဒေသနှင့် မြိတ်ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ဂုံး၊ ကမာ၊ ခရုမျိုးစုံနှင့် အခွံမာ သတ္တဝါများကို စီးပွားဖြစ်မွေးမြူနိုင်ရန် ဂျပန်နိုင်ငံ JIRCAS အဖွဲ့က လေ့လာနေသည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ JIRCAS အဖွဲ့မှ ပညာရှင်များ ကွင်းဆင်း သုတေသနပြုနေပြီး စီးပွားမွေးမြူနိုင်ပါက နည်းပညာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ...

မြိတ်တွင် ငါးဖမ်းရာသီ လေးလအတွင်း ရေလုပ်သား တစ်ရာကျော် ထောင်အချုပ်ထဲရောက်

မြိတ်ခရိုင်တွင် ယခုနှစ် ငါးဖမ်းရာသီ ကာလ လေးလအတွင်း ရေလုပ်သားတစ်ရာကျော် ဖမ်းဆီးခံရပြီး ထောင်အချုပ်ထဲသို့ ရောက်ရှိနေကြောင်း မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။ ငါးဖမ်းရာသီစတင်သည့် သြဂုတ် လ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ၄ လကျော် ကာလအတွင်း လိုင်စင်မဲ့ ကင်းမွန်လှေ...

ပင်လယ်မျှော့ရှားပါးလာခြင်းကြောင့် လုပ်ကိုင်သူမရှိသလောက် နည်းလာ

ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရှာဖွေဖမ်းဆီးရသည့် ပင်လယ်မျှော့ ရှားပါးလာသည့်အတွက် မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူ မရှိသလောက် နည်းပါး လာကြောင်း ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာ ဒေသခံအချို့ထံမှ သိရသည်။ အိမ်ခြေသုံးရာကျော်ရှိသည့် ဒုံးပလဲအော်ကျေးရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အိမ်ထောင်စု ခြောက်ဆယ်ရာခိုင်နှုန်းခန့်မှာ ပင်လယ်မျှော့ငုပ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း ...
ပင်လယ်ကမ်းထောင်ပိုက်များ

ဘုတ်ပြင်းရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဖြုတ်ခိုင်းမည်ဟု ဝန်ကြီးပြော

ဘုတ်ပြင်းမြို့နယ် ပင်လယ်ကမ်း တစ်လျှောက်ရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဥပဒေနှင့်မညီပါက ဖြုတ်သိမ်းခိုင်း မည်ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ "တည်ဆဲ ငါးလုပ်ငန်းဥပဒေနဲ့ မညီညွတ်ရင် ဖြုတ်ခိုင်းမယ်။ ချက်ချင်း ဖြုတ်ခိုင်းမယ်"ဟု ဝန်ကြီးဦးမြင့်စန်းက...

ကျွဲကူး-ကျောက်ဖျာ တံတားပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုရှိနေ

ရန်ကုန်-ထားဝယ်-မြိတ်-ကော့ သောင်းသို့  ဆက်သွယ် ထားသည့် ပြည် ထောင်စု လမ်းမကြီးပေါ်ရှိ မြိတ်မြို့ ကျွဲကူး-ကျောက်ဖျာ တံတားပေါ်တွင်  စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ ရှိနေ ကြောင်း ကျောက်ဖျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုးလွင်ထံမှသိရသည်။ အဆိုတံတားပေါ်ရှိ ဘေးတစ်ဖက် တစ်ချက်တွင် ဖြူနီမျဉ်းများ ရှိနေသော် လည်း နေ့စဉ် သမီးရည်းစား...

ပုလောတံတားတွင် သစ်မွှေး တရားမ၀င်သယ်သူများ ဖမ်းမိ

ပုလောတံတားတွင် သစ်မွှေးတရားမ၀င် သယ်ဆောင်လာသူများကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သစ်တောထွက်ပစ္စည်းဖြစ်သည့် သစ်မွှေးများ တရားမ၀င်သယ်ဆောင်လာ ကြောင်း သတင်းအရ ပုလောတံတားတွင် မတ်လ ၂၃ ရက်က သစ်တောဌာန၊ ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ငါးမဖမ်းရရာသီတွင် ခိုးဖမ်းသည့် လှေများအားထိရောက်စွာဖမ်းရန်လိုဟု ရေလုပ်ငန်းရှင်များပြော

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်း သည့်လှေများအား ထိထိရောက်ရောက် ဖမ်းဆီးရန် လိုအပ်ကြောင်း မြိတ်ခရိုင်ရှိ ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။ ယခုနှစ်တွင် ဇွန်လမှ သြဂုတ်လ အထိ ၃ လ ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေ အားလုံးကို ဖမ်းဆီးခွင့်ပိတ်ထားခြင်း ဖြစ်သည်။