မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက ဦးဆောင်ပြီး စက်တင်ဘာ လ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်ထံမှ သိရသည်။

ကကတစ် ငါးသားပေါက် လိုသလောက်မရ၍ ငါးမွေးသူများ အခက်ကြုံ

ငါးမွေးသူဦးရေ များပြားလာခြင်းကြောင့် ကကတစ်ငါးသားပေါက် ရရှိရေးအတွက် အခက်ကြုံနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။ မြိတ်ခရိုင်တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကကတစ်ငါးမွေးသူ ၅ ဦးခန့် သာရှိပြီး ယခုနှစ်တွင် ကကတစ်ငါးမွေး သူ ၄၀ ကျော်ရှိလာသည့်အတွက် ငါးသားပေါက် ထုတ်လုပ်သည့် ကုမ္ပဏီ...

ဘုတ်ဖတ် ပန်းကန်ယောက်ခွက် အမှာများ၍ လက်မလည်

ဒေသအခေါ် ဘုတ်ဖတ်ဟု ခေါ်သည့် ကွမ်းသီးပင်ဖက်ကို အသုံးပြု၍ ထုတ်လုပ် ထားသော အစားအသောက်ဆိုင်ရာ ပစ်္စည်းများဖြစ်သည့် ပန်းကန်ယောက်ခွက် အော်ဒါမှာယူသူ များပြားလျက်ရှိကြောင်း ယင်းကုန်ပစ္စည်းများ ထုတ်လုပ်သူထံမှ သိရသည်။ ဘုတ်ဖတ်ကို အသုံးပြု၍ တစ်ခါသုံး ထမင်းဘူး၊ ဇွန်း၊ ခရင်း၊ ဟင်းခွက်၊ ကော်ဖီခွက်၊ ပန်းကန်ပြား စသည့်...

အခြေခံ အိမ်တွင်းလျှပ်စစ်မီးသွယ် တန်းခြင်း သင်တန်း လျှောက်နိုင်ပြီ

မြိတ်မြို့နယ်အသင်း(ရန်ကုန်)၊ လူငယ်အသက်မွေးသင်တန်းကျောင်းတွင် ရက်သတ္တပတ် ၆ ပတ်အကြာ အခမဲ့ သင်ကြားပေးမည့် အခြေခံ အိမ်တွင်းလျှပ် စစ်မီးသွယ်တန်းခြင်းသင်တန်းအတွက် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း မြိတ်မြို့မှ စာရင်းလက်ခံပေးနေသူ ဦးမင်းလွင်ဦးထံမှ သိရသည်။ အဆိုပါ သင်တန်းကို မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီး လူငယ်များအသက်မွေးဝမ်းကျောင်း အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ...

မြိတ်ကုန်စိမ်းဈေးပြောင်းရွှေ့ ပြီးနောက် ရောင်းအားထက်ဝက်ကျဟုဆို

မြိတ်ကုန်စိမ်းဈေးကို ကန်ဖျားရပ် ကွက်မှ ရှမ်းချောင်းရပ်ကွက်သို့ ရွှေ့ပြောင်း ခဲ့ပြီးနောက် ရောင်းအား ထက်ဝက်ကျ ဆင်းသွားကြောင်း ဈေးသူဈေးသားအချို့ က ပြောသည်။ ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်က ရှမ်းချောင်းရပ်ကွက်သို့...

ရေကန်ဘောင်တွင်းသို့ ငါးများပြန်ပြောင်းရန် အခက်အခဲဖြစ်နေဟုဆို

မြိတ်မြို့မြစ်ငယ်ရပ်ကွက်ရှိရေ ကန်ဘောင် (မင်္ဂလာကန်တော်)တွင် အောင်ဆီဂျင်ပါဝင်နှုန်းနည်းနေသဖြင့်ငါးများပြန်လည်ပြောင်းရွှေ့ရန်အခက်အခဲဖြစ်နေရကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာ ခန်းမတွင် ဇန်နဝါရီလ၂၁ရက်က ပြုလုပ် သည့်၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာနှစ် အတွက် ဘတ်ဂျတ်လုပ်ငန်းများ လျာထားရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရေပုန်းရပ်ကွက်နေသူတစ်ဦးက ရေပုန်းရပ်ရေကန်တွင် ငါးများသေဆုံး နေသည့်အတွက် ရေကန်ဘောင်သို့ပြန် လည်ပြောင်း‌ရွှေ့ပေးရန်အစည်းအဝေးတွင်...

မြိတ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး တက်ထိုင်

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ပေါ်သို့ ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးတစ်ဦး တက်ထိုင်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့သူမြို့သားများထံမှ သိရသည်။ အသက် ၅၀ ခန့်စိတ်ကျန်းမာရေး မကောင်းသူ...

သမုတ်အုပ်ချုပ်ရေးမှူး ညဘက် ချောင်းရိုက်ခံရ၊ တရားခံ ဖမ်းမမိသေး

မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးထိန်လင်းအင်သည် ဩ ဂုတ်လ ၆ ရက် ည ၁၀ နာရီခန့်အချိန်က အမည်မသိလူတစ်ဦးက လာရောက်၍ ချောင်းမြောင်း ရိုက်နှက်သည်ကို ခံခဲ့ရ သည်။ ၎င်းသည် အပေါ့အပါး သွားရန် အိမ်အောက်ထပ်သို့ ခဏဆင်းစဉ် အ မှောင်ထဲမှ လူတစ်ဦးက...

ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်ရသည့်အိမ် လေးရာနီးပါးအထိ ရှိလာ

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာ ချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခု နှစ်အတွင်း လေးရာနီးပါးအထိ ရှိလာကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် သစ် တောဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် အိမ်...

ဘုတ်ဖတ် ထမင်းဘူး ပန်းကန်များ မြန်မာနိုင်ငံအနှံ့ ဖြန့်ချိမည်

ဒေသအခေါ်ဘုတ်ဖတ်ဟုခေါ်သည့် ကွမ်းသီးပင်ဖက်ကို အသုံးပြု ထုတ်လုပ်ထားသည့် ထမင်းဘူး၊ ပန်းကန် အစရှိသည့် အစားအသောက်ဆိုင်ရာ ပစ္စည်းများကို မြန်မာနိုင်ငံအနှံဖြန့်ချိမည် ဖြစ်ကြောင်း ယင်းပစ္စည်းများကို ထုတ် လုပ်နေသူ ဦးသန်းဇော်ဦးက ပြောသည်။ ယင်းပစ္စည်းများကို ဖြန့်ချိရန်အတွက် ရန်ကုန်မြို့အခြေစိုက် စားသောက်ကုန် နှင့် လူသုံးကုန်ပစ်္စည်းများ ဖြန့်ချိနေ သည့်...