တနင်္သာရီ၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရ

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။ ဧပြီလ ၈ ရက်နေ့တွင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမ ကမ်းတိုရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့သွားသည်ဟု ဒေသခံများကပြောသည်။

ကိုယ်ထူကိုယ်ထအမှိုက်သိမ်းနေရသည့်ကိစ္စ ရှက်စရာဖြစ်ကြောင်း ဝေဖန်

မြိတ်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးမှ ရပ်ကွက်ပိုင်ကားများ ၀ယ်ယူ၍ ပြည်သူကိုယ်တိုင် ကိုယ်ထူကိုယ်ထအမှိုက် သိမ်းနေရသည့်ကိစ္စသည် ရှက်စရာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေး နှင့် လူမှုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က ဝေဖန်လိုက်သည်။ ဇန်န၀ါရီလ ၃၀ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကျင်းပသည့် အခွန်ကောက်ခြင်းနှင့်...

စစ်ရေးတင်းမာနေသဖြင့် ထုံခါ- မောတောင်လမ်းပိုင်း သွားလာသူများကို သတိပေး

မြိတ်- ကော့‌သောင်းလမ်းပိုင်းတစ်နေရာဖြစ်သည့် တနင်္သာရီမြို့နယ် ထုံခါ- မောတောင်လမ်းကို ဖြတ်သန်းသွားလာသူများ အထူးသတိထားသွားလာကြရန် တောင်ပိုင်းညီနောင်များတပ်က သတိပေးထုတ်ပြန်ထားသည်။ ယင်းလမ်းပိုင်းတွင် တောင်ပိုင်းညီနောင်များတပ်နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်ရင်ဆိုင်နေကြသဖြင့် သတိထားသွားလာကြရန်  ဒီဇင်ဘာလ ၁၈ ရက်က သတိပေးထားခြင်းဖြစ်သည်။

မြိတ်တွင် ပိုက်ဆံအိတ်အလုခံရမှု တစ်ရက်အကြာတွင် ကျူးလွန်သူများကို ဖမ်းမိ

မြိတ်မြို့တွင် ဩဂုတ်လ ၁ ရက် ညပိုင်းက ဆိုင်ကယ်ဖြင့်သွားနေသည့် ကျောင်းဆရာမတစ်ဦး၏ ပိုက်ဆံအိတ် လုယက်သူများကို တစ်ရက်အကြာတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါကျောင်းဆရာမက ပိုက်ဆံ အိတ်ကို ဆိုင်ကယ်လက်ကိုင်တွင် ချိတ် ဆွဲကာ သွားနေစဉ် မြိတ်မြို့ရေပုန်းလမ်း ဆုံအရောက်တွင် လူ...

ပုလော၊ ပိတပ်ရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျသဖြင့် ရွာသားလေးဦး ဒဏ်ရာရဟုဆို

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပိတပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ကာ ပိတပ်ရွာအတွင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အနည်းဆုံးအရပ်သား လေးဦးခန့် ဗုံးစထိမှန် ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။

ပလောက်တွင် အရက်အတူသောက် ရာမှ စကားများပြီး ရဲဒင်းဖြင့်ထုသတ်

ပလောက်မြို့တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ရဲဒင်းဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၉ ရက်က သေဆုံးသူ၏ နေအိမ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အရက်အတူ သောက်ရာမှ ရန်ဖြစ်ကာ...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း...

ထိုင်းဓါတ်မြေဩဇာ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်ကြုံ

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုလဲဓါတ်မြေဩဇာများ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။ တောင်သူများနှစ်စဉ် ဝယ်သုံးနေကျ ထိုင်းနိုင်ငံထုတ် ပုလဲဓါတ်မြေဩဇာ တစ်အိတ် ပြီးခဲ့သည့်နှစ် စပါးစိုက်ချိန်က ကျပ်လေးသောင်းခွဲသာရှိရာမှ ယခုနှစ်စပါးစိုက်ချိန်တွင် ကျပ်တစ်သိန်းခွဲအထိ...

မြိတ်တွင် WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိပြန်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေတွင် ဇန်န၀ါရီလ ၁၈ ရက်က WY စိတ်ကြွ ဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက် ခေမာလမ်းရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏  နေအိမ် အား သတင်းအရ၀င်ရောက်ရှာဖွေခဲ့ရာ WY...

တိုက်ပွဲကြောင့် မောတောင်တွင် ဓါတ်ဆီ​စျေး ၂ ဆတက်

တိုက်ပွဲများကြောင့် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် ဓါတ်ဆီ​စျေး ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ တိုက်ပွဲမဖြစ်မီက ဓါတ်ဆီတစ်လီတာ ၃၅ ဘတ် (သုံးထောင်ကျပ်)ဝန်းကျင်သာ ပုံမှန်ရှိခဲ့ရာမှ လက်ရှိတွင် တစ်လီတာ  ၈၀...