သီတင်းကျွတ် မီးအိမ်လုပ်ငန်းများ နယ်ဈေးကွက် အားကိုး

မြိတ်မြို့နယ်တွင် သီတင်းကျွတ် ကာလအတွင်း အသုံးပြုသည့် ရိုးရာ မီးအိမ်(ဒေသအခေါ် မီးပုံး) လုပ်ငန်းများ နယ်ဈေးကွက်ကိုသာ အဓိက အားကိုး နေရကြောင်း မြိတ်မြို့ပေါ်ရှိ မီးအိမ် လုပ်ငန်းများထံမှ သိရသည်။ ယခင်က သီတင်းကျွတ်ကာလတွင် မီးအိမ်များကို မြို့ပေါ်တွင် တွင်ကျယ်စွာ အသုံးပြုဖူးသော်လည်း ပြီးခဲ့သည့် ၈ နှစ်ဝန်းကျင်မှစပြီး...

ရေပိုက်လိုင်းပေါက်သဖြင့် သောက်သုံးရေ အခက်အခဲ ၃ ရက် ခန့်ကြုံ

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရေပိုက် လိုင်းပေါက်ကွဲခဲ့သဖြင့် သောက်သုံးရေ အခက်အခဲ ၃ ရက်ခန့် ကြုံခဲ့ရကြောင်း ယင်းမြို့နယ် ဒေသခံတစ်ချို့ထံမှ သိရ သည်။ မြို့အဝင်တံတားထိပ်တွင် မြေတူးစက် ဖြင့် ရေမြောင်းဖော်စဉ် ပင်မရေပိုက်လိုင်း ကိုထိပြီး ပိုက်ကွဲသွားသဖြင့် ယင်းသို့ ရေ...

မြိတ်တွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ

မြိတ်မြို့၊ အထက်ရေပုန်းရပ် ဇင်ယော် မင်းရေခဲစက်လမ်းသွယ်တွင် ဇန်န၀ါရီလ ၁၁ ရက်က WY စိတ်ကြွဆေးပြား တစ်သိန်း နီးပါးဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။ WY စိတ်ကြွဆေးတစ်ချို့နဲ့အတူ ဖမ်းမိခဲ့ရသည့် အမျိုးသားတစ်ဦးက မူးယစ် ဆေးဝါးများ ၀ယ်ယူရန် ဦးသိန်းနိုင်မြင့် ဆိုသူနှင့် ဇင်ယော်မင်း ရေခဲစက်လမ်းသွယ် တွင်...

မြိတ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်မည်

မြိတ်မြို့နယ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်မှစပြီးGrand Jade Hote တွင် ဖွင့်လှစ် သင်ကြားပေးသွား မည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဋ္ဌာန (မြိတ်ရုံးခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၆ မှ...

မြိတ်တန်ဖိုးနည်းအိမ်ရာမြေ စီမံကိန်း အဝင်လမ်းတစ်လျှောက် မြေဈေးမြောက်တက်

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ်ကွက်တွင် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင် သော ကုမ္ပဏီ (MFD)မှ အရစ်ကျ စနစ် ဖြင့် ရောင်းချထားသည့် အိမ်ရာမြေ ကွက်များရှိရာ အဝင်လမ်းတစ်လျှောက်ရှိ မြေယာများ ဈေးမြောက် တက်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူတစ်ချို့နှင့် ရာအိမ် မှူး ဦးတင်သန်းဦးတို့ထံမှ သိရသည်။ MFD...

ဝါးအလယ်ကျွန်းတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်မည်

ဘုတ်ပြင်းမြို့နယ် လန်းပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဧရိယာရှိ ဝါးအလယ် ကျွန်းပေါ်တွင် သဘာဝအခြေခံ အပန်း ဖြေခရီးသွား လုပ်ငန်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရ Benchmade Asia (Myanmar) ကုမ္ပဏီအထွေအထွေမန်နေဂျာ ဦးအောင် ဇင်လတ်က ပြောသည်။ အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမည့် ယင်းစီမံကိန်းတွင် အဆောက်အဦများကို အိမ်အဟောင်း၊...

မိကျောင်း ဈာပန

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာ အုပ်စု သော်တောင်ငယ်ရွာတွင် အရှည် ၉ပေခန့်ရှိ မိကျောင်းအသေအား ဒီဇင် ဘာလ ၂၇ ရက်က သံဃာတော်များ ပင့်ဆောင်ကာ သရဏဂုံတင် ပေးပြီး မီးသဂြုဟ်ပေးခဲ့ကြောင်း ယင်းကျေးရွာ သားများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၈ရက်က သော် တောင်ငယ်ရွာ၏ ရေတွင်းချောင်း ထဲတွင်...

မြိတ်မြို့ပေါ် ၁၄ ရပ်ကွက်တွင် ဆင်တူအိမ်နံပါတ်ပြားများ တပ်ဆင်မည်

မြိတ်မြို့ပေါ် ၁၄ ရပ်ကွက်တွင် ဆင်တူအိမ်နံပါတ်ပြားများ တပ်ဆင်မည် ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ သိရသည်။ ယင်းသို့ အိမ်နံပါတ်ပြားဆင်တူ တပ်ဆင်ရန် မြိတ်မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၂ ခု တို့မှ အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာ ရေး ကော်မတီတို့ ပြီးခဲ့သည့် ဧပြီလ...

မြိတ်တွင် Food Bank ထားရှိရန် စီစဉ်

အစားအသောက်များ အခမဲ့ယူနိုင်မည့် Food Bank ကို မြိတ်မြို့တွင်ထားရှိရန်စီစဉ်နေကြောင်း ပရဟိတမောင်နှမ များကွန်ရက် တာဝန်ခံ ဦးမင်းလွင်ဦးထံမှ သိရသည်။ Food Bank အား မြိတ်ပြည်သူ့ ဆေးရုံကြီးနှင့် ကန်ခေါင်းရပ်ကွက်ရှိ မိခင် နှင့်ကလေးဆေးကုသဆောင်တို့တွင် ထား ရှိနိုင်ရန် ဆေးရုံတာဝန်ရှိသူတို့နှင့် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း...

ပယ်မဲနှင့် မဲလိမ်မှုမဖြစ်အောင် ဂရုစိုက်ရန် ပုလောမြို့လူထုကို ဦးတင်ဦး တိုက်တွန်း

ပယ်မဲနှင့်မဲလိမ်မှုမဖြစ်အောင် ဂရုစိုက်ကြရန် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက ပုလောမြို့ခံလူထုအား အောက်တိုဘာလ ၃ ရက်နေ့က တိုက်တွန်းခဲ့သည်။ အောက်တိုဘာလ ၃ ရက်နေ့က မြိတ်ခရိုင် ပုလောမြို့နယ်သို့ မဲဆွယ်စည်းရုံးရေး ရောက်ရှိစဉ်မြို့ခံလူထုအား ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ဦးတင်ဦး၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင်ပုလောမြို့ခံများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ပြီး လူထုသောင်းချီလာ ရောက်နားထောင်ခဲ့၍...