မြိတ်တွင် တားမြစ်ဆိုးဆေးသုံးငါးပိ စစ်ဆေးတွေ့ရှိ

မြိတ်ဒေသ၏ နာမည်ကျော် ရေ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငါးပိတွင် တားမြစ်ဆိုးဆေးများ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောကြားသည်။ မြိတ်မြို့ဆိပ်ငယ်ဈေးကြီးနှင့် အောင်မင်္ဂလာဈေးအတွင်း သုံးစွဲရန်၊ စားသုံးရန်မသင့်သော အစားအသောက် နှင့် အလှကုန်များအား...

ကျွန်းစု ရေရှားပြသနာ တစ်လကျော်ကြာအထိ မပြေလည်သေး

ပြီးခဲ့သည့် မတ်လ ဒုတိယပတ် ခန့်မှ စပြီးရေရှားပါးခဲ့သည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်လကျော် အချိန်ကြာ လာသည်အထိ ရေပြဿ နာမပြေလည် သေးဟု ဒေသခံများထံမှ သိရသည်။ ရေရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ နေရဆဲဖြစ်သည့် ရပ်ကွက်များမှာ အမှတ်(၁)(၂)(၃)ရပ်ကွက်များဖြစ်ကြပြီး ယင်းရပ်ကွက် နေထိုင်သူများသည် အမှတ်(၄) ရပ်ကွက်ရှိ...

ပုလောတွင် တိုက်ပွဲ သုံးရက်ဆက်တိုက်ဖြစ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့လည်း တိုက်ပွဲထပ်မံဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု သုံးရက်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ်နှင့် ပလမြို့အနီး ကျေးရွာများတွင် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ ယနေ့ ဇန်နဝါရီလ ၁ ရက်အထိ သုံးရက်ဆက်တိုက်...

အင်းလေးမြိုင် စက်မှုဇုန် အငြင်းပွားမြေတွင် နေထိုင်သူတစ်ချို့ နှင်လိုမှုဖြင့် တရားစွဲခံရ

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင်ရပ်ကွက် စက်မှုဇုန် ရှိ ထူးထူးတိုးကုမ္ပဏီနှင့် ယခင်မြေပိုင် ရှင်ဆိုသူတို့ အငြင်းပွားနေသည့် မြေပေါ် တွင် နေထိုင်သူများအနက် တချို့ကို နှင် လိုမှုဖြင့် တရားစွဲဆိုထားသည်ဟု တရားစွဲ ခံထားရသူများထံမှ သိရသည်။ ယင်းအငြင်းပွားမြေနေရာတွင် နေ ထိုင်သည့် အိမ်ခြေ...

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို KNU တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ...

မောတောင်နယ်စပ် ယာယီဈေး ဒီဇင်ဘာလ စတင်အကောင်အထည်ဖော်မည်

မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ် သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ယာယီဈေးအား လာ မည့် ဒီဇင်ဘာလအတွင်းစတင်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ယင်းဈေး ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသန့် ထံမှ သိရသည်။ မောတောင်နယ်စပ်ဈေးအား တည် ဆောက်နိုင်ရန် ပြီးခဲ့သည့် ၅ လခန့်က ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီမှ...

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက် သုံးခုတွင် ရေနုတ်မြောင်း ပြုလုပ်မည်

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက်သုံးခု တွင် ရေနုတ်မြောင်း အဓိက ဦးစားပေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်ယာရေးကော်မတီမှ သိရသည်။ ပင်လယ်ကမ်းနှင့်နီးသည့်နောက် လယ်ရပ်ကွက်၊ မြိတ်တောင်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာ စသည့် ရေမြုပ်၊ ရေဝပ်သည့် ရပ်ကွက်များတွင် အဓိက...

လက်ရှိအစိုးရလက်ထက် တနင်္သာရီတွင် ကျပ်သန်းခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာသန်း နှစ်ဆယ်ကျော် ရင်းနှီးမြှုပ်နှံ

လက်ရှိ NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း စီးပွားရေးလုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။ NLD အစိုးရ စတင်တာဝန်ထမ်း ဆောင်သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ လက်ရှိ...

မြိတ်ခရိုင်အတွင်းရှိ စစ်ရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မြိတ်ခရိုင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များထံမှသိရသည်။ မြိတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးခိုလုံသူ ၃၅၀၀ ခန့်ရှိပြီး...

မြိတ်တွင် ဈေး အလုအယက်ဝယ်

အမျိုးသားညီညွတ်ရေး အစိုးရက အရေးပေါ်ကြေညာလိုက်ပြီးနောက် မြိတ်ရှိဈေးများနှင့် ဆန်ဆိုင်၊ ကုန်ခြောက်ဆိုင်များတွင် အလုအယက် ဝယ်ယူလျက်ရှိသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက် နံက် ၉ နာရီခန့်မှစတင်ကာ နေ့လယ် ၁၂ နာရီအထိ ဈေးများတွင်...