တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး...

မြိတ်ခရိုင်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ကူညီပေးနေသည်ဟုဆိုသူ အမျိုးသားနှစ်ဦး တစ်ရက်တည်း ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) ထံမှ သိရသည်။ ဇူလိုင်လ ၁ ရက်က တနင်္သာရီမြို့နယ်၊ မောတောင်မြို့နေ အမျိုးသားတစ်ဦးနှင့်...

အကျဉ်းသားတစ်ဦးထံမှ စိတ်ကြွဆေးပြား နှစ်ဆယ်ကျော် ဖမ်းမိ

တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသားတစ် ဦးထံမှ WY စိတ်ကြွဆေးပြားနှစ်ဆယ်ကျော်ကို သြဂုတ်လ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း ပြင်ပအလုပ်ခွင်တွင် ၀ါးခုတ်ရာမှ ပြန်လာသည့် အသက်၂၈ နှစ်...

မြိတ်တွင် ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မြိတ်မြို့တွင် ယနေ့ (ဧပြီ ၂၃) နံနက် ၁၀ ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက် အမှတ် (၉) အထက်တန်ကျောင်း အနောက်ဖက်တွင်...

တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် သတ်မှတ်ခြင်း လက်မခံဟုဆို

မြိတ်ခရိုင် တနင်္သာရီမြို့အား ရှေး ဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန် အဖြစ် သတ်မှတ်ထားသည်ကို လက်မခံ နိုင်ဟု တနင်္သာရီမြို့သူ/သားများက ပြောသည်။ ရှေးဟောင်းဇုန်သတ်မှတ်ထားခြင်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်၊ စည်ပင်ကော်မတီ၊ ထွေ/အုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲတစ်ခုကို မတ်လ ၁ ရက်က တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ရာ...

ကွမ်းသီးစိမ်းအနု ယမန်နှစ်ထက် ဈေးပိုရ

မြိတ်ဒေသရှိ ကွမ်းသီးစိမ်းအနုများ ယမန်နှစ်ထက် ဈေးပိုပေးကာ ဝယ်ယူနေကြောင်း သက်ဆိုင်ရာ အဝယ်ဒိုင်ထံမှ သိရသည်။ ကွမ်းသီးစိမ်းအနု တစ်လုံးကို ယမန်နှစ်က ၂၅ ကျပ်မှ ကျပ် သုံးဆယ် အထိသာ ဝယ်ယူခဲ့သည်။

ပုလောတွင် ၇ တန်း ကျောင်းသားတစ်ဦး ကြိုးဆွဲချ

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် မတ်လ ၁၃ရက်က ၇ တန်းကျောင်းသား တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ပုလောမြို့နယ် ရဲစခန်းမှ သိရသည်။ ရှပ်ပုံကျေးရွာ တံမျှားရပ်ကွက် အမက (မူလွန်) ဝါးတန်းကျောင်းတွင် ပညာသင် ကြားနေသည့် ၇ တန်းကျောင်းသား မောင်နိုင်နိုင်စိုးသည်။ မတ်လ ၁၃ရက် နံနက်ပိုင်းတွင်...

သီတင်းကျွတ်ကာလတွင် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲ ကျင်းပမည်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက်တွင် သီတင်းကျွတ် ကာလတွင် မြန်မာ့ရိုးရာခြင်းလုံးအလှ ခတ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း အင် ကြင်းခိုင်ရိုးရာခြင်းလုံး အဖွဲ့ခေါင်းဆောင် ဆရာရွှေထံမှ သိရသည်။ မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲကို အောက်တိုဘာလ ၂၂ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း အင်...

မြိတ်‌ ရေကန်ဘောင်ကန်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင် ကန်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတို့ထံမှ သိရသည်။ အဆိုပါ ရေကန်ဘောင်အနီး လမ်းသွားလမ်းလာအချို့က...

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေး

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေးဖွားကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေး အဖွဲ့ထံမှ သိရသည်။ ဗိုက်နာသဖြင့် သွားရောက်သယ်ဆောင်လာစဉ် ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပဝချောင်းထဲရှိ လှေပေါ်၌ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း...