ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇...

မောတောင်နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်း

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်(မြို့) နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော် ကျဆင်းနေဆဲဖြစ်ကြောင်း ယင်းနယ်စပ်နေသူတစ်ချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ပိတ်ခဲ့ပြီးနောက် အိမ်ခြံမြေအရောင်းအဝယ် စတင်...

စစ်တပ်က ဖမ်းထားသည့် ပဝတ်ကုန်းရွာသား ၂၇ဦးအနက် ရှစ်ဦး ပြန်လွတ်

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုလောမြို့နယ် ပဝတ်ကုန်းရွာသား ၂၇ ဦးအနက် ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာသား ၂၇ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံက် ၁...

မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ

မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။ အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။

မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မြိတ်တွင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး နှစ်ရက်အကြာ သုသာန်တွင် အလောင်းလာကြည့်ရန် မိသားစုကို ခေါ်

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းချသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် ရုပ်အလောင်းကို သုသာန်၌ လာရောက်ကြည့်ရှုရန် မိသားစုကို ခေါ်ကြောင်း ယင်းရပ်ကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင်ရောင်းချသူ အသက်...

ပုလောတွင် ပုဂ္ဂလိက အမှိုက်သိမ်းခလစဉ်ကြေး တိုးကောက်မည်

ပုလောမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မြရတနာ ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းသည် ဒီဇင်ဘာလကုန်မှ စတင်ပြီး အမှိုက်သိမ်းခ လစဉ်ကြေး ငါးရာကျပ် တိုးမြှင့်ကောက်ယူတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခင် ၁၅၀၀ ကျပ်ကောက်နေသည့်နေရာမှ ယခု ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး...

ကျွန်းစု ရေကန်တောင် NLD ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် မိသားစုဝင် ငါးဦး အဖမ်းခံရ

ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် မိသားစုဝင် ငါးဦး ဖမ်းဆီးခံရကြောင်း ကာယကံရှင်၏ အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှသိရသည်။ ရေကန်တောင်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်း (ခ) မနီ အပါအဝင် မိသားစု လေးဦးအား စစ်တပ်နှင့် ရဲများက...
ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

မောတောင်နယ်စပ်အနီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော်ဖမ်းဆီးခံရ

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင်...

ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး...