မွန်နာရေးအသင်း

မွန်တွင် ကိုဗစ်ကူးစက် သေဆုံးမှု ကျဆင်း

မွန်ပြည်နယ်တွင် သြဂုတ်လ ဒုတိယအပတ်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။
Dawei Watch, Dawei News, Dawei News Media

ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့်...

မော်လမြိုင်တွင် ကတ်မပါပဲ အပြင်ထွက်သူကို စတင်အရေးယူမည်

နေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ အပြင်ထွက်သူများကို သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်အရေးယူ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး...

မွန်တွင် နှစ်လကျော်အတွင်း ကိုဗစ်လူနာ ၈၀၀ ကျော်သေဆုံး

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် နှစ်လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုလည်း မြင့်တက်လာခဲ့သည်။

မော်လမြိုင်တစ်မြို့လုံးနီးပါး ရေကြီး၊ လူအချို့စတင်ပြောင်းရွှေ့

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းခန့်မှစတင်ကာ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံနေပြီး လူအချို့စတင်ပြောင်းရွှေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ဇူလိုင်လ ၂၅...

ဘီလူးကျွန်း တောင်ပြိုမှု တစ်ဦးသေ၊ နေအိမ် ၃ လုံးပျက်စီး

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကွမ်ရိုက်ရွာနှင့် ကဒါရွာတို့တွင် တောင်နံရံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နေအိမ် ၃ လုံး ပြိုကျပျက်စီးသွားသည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က...

ဘီးလင်းတွင် လေပြင်းကြောင့် နေအိမ်အများအပြားပျက်စီး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနှင့်...
Dawei Watch, Dawei News, Dawei News Media

သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မွန်တွင် ရပ်ကွက်ကျေးရွာအချို့ ရေကြီးရေလျှံ

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာနှင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့...

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ...