သံဖြူဇရပ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲလမ်းဆုံအနီးတွင် ဘုရားဖူးဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က မော်လမြိုင်ဘက်မှ...

မွန်တွင် ရော်ဘာဈေး ပြန်ကျ

ရော်ဘာရာသီအစက ရော်ဘာ‌ဈေးကောင်း ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း မွန်ပြည်နယ်တွင် ရော်ဘာ‌ဈေးနှုန်း တဖြည်းဖြည်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထက်ဈေးရှိခဲ့ပြီး...

ကျိုက်ထိုလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင် အချို့ ဖမ်းဆီးခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟနှင့် အသင်းဝင်လေးဦးတို့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် အိမ်ရှိလူစာရင်းကပ်ရန် ညွှန်ကြား

နေအိမ်အရှေ့တွင် လူစာရင်းကပ်ထားရန် ထားဝယ်ခရိုင်အပြင် တိုင်းအတွင်းရှိ ခရိုင်အားလုံးကို ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ အိမ်တွင်နေထိုင်သည့် လူအရေအတွက်အား သိနိုင်ရန် ယင်းကဲ့သို့ညွှန်ကြားထားပြီး လက်ရှိတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

သံဖြူဇရပ်-ရေးလမ်း ယာဉ်တိမ်းမှောက်မှု သုံးဦးသေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမ စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့တွင် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်က...

ပေါင်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။ ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က...

မွန်တွင် မြို့နယ် NLD ရုံး နှစ်ရုံး ထပ်မံဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ထပ်မံ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂...

ရေး-သံဖြူဇရပ်လမ်းမတွင် ကထိန်ခင်းပြီးပြန်လာသည့်ကားတိုက် ၇ ဦးသေ၊ ၆ ဦးဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ကထိန်ခင်းပြီးပြန်လာသည့် ကားနှင့် အခြားကားတစ်စီး တိုက်မိပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ...

ဘီးလင်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးဆန်းထွန်းဦးသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။ ဦးဆန်းထွန်းဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈...

ဘီးလင်းတွင် စာသင်ကျောင်း ဗုံးပေါက်၊ PDF မဟုတ်ဟု ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။