ရွှေ့ပြောင်းအတွက် အိမ်ထောင်စာရင်း မွန်လူမှုအဖွဲ့အစည်းများကန့်ကွက်

မွန်ပြည်နယ်အတွင်း ၀င်ရောက်နေထိုင်လျှက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်  အိမ်ထောင်စာရင်းများထုတ်ပေးနေသည့် စီမံချက်ကို  မွန်လူမှုအသင်းအဖွဲ့များက ကန့်ကွက်လိုက်သည်။ ပြည်နယ်အတွင်း နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တမျိုးမျိုး ဆောင်ရွက်ပေးမည့် မွန်ပြည်နယ် အစိုးရ၏ ရက် ၁၀၀ စီမံချက်ကို ပြန်လည်သုံးသပ်ရန် ၎င်းတို့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ မွန်လူငယ်များဖိုရမ်၊ မွန်ရဟန်းပျိုကွန်ရက်၊ မွန်အမျိုးသားပညာရေးကော်မတီ၊...

ကဗျာဝတံတား နိမ့်ကျမှု ကုမ္ပဏီက ပြန်ပြင်မည်

ဖွင့်လှစ်ပြီး ၁၉ လအကြာတွင်ပင် နိမ့်ကျခဲ့သော ကဗျာဝတံတားကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီဌာနရုံးထံမှ သိရသည်။ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲရှိ ထိုတံတားမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီး ယခုလဆန်းတွင် တံတားတိုင် အမှတ် P-5 မှာ...

မော်လမြိုင် ရွှေဟသာင်္အ၀ိုင်း ပြန်တပ်မည်

မော်လမြိုင်မြို့အ၀င်၊ သံလွင်တံတားအနီးရှိ ဆွမ်းအုပ်အ၀ိုင်း နေရာတွင် ယခင်ရှိခဲ့ဖူးသည့် ရွှေဟင်္သာရုပ်ဖြင့် ပြန်လည်အစားထိုး သွားမည် ဖြစ်သည်။ စစ်အစိုးရ လက်ထက်တွင် မွန်တိုင်းရင်းသားတို့၏ သင်္ကေတဖြစ်သော ဟင်္သာရုပ်ကို ဆွမ်းအုပ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ သိုလှောင်ရုံဝင်းတွင် ဆယ်စုနှစ် တစုစာ နီးပါး ရှိခဲ့ပြီး အကောင်းပကတိ တွေ့ရှိခဲ့သော ဟသာင်္အား...

တက္ကသိုလ်ဝင်တန်း အောင်ချက် မွန်ပြည်နယ် ထိပ်ဆုံးပြန်ရောက်

မြန်မာတနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ယမန်နှစ်တွင် ဒုတိယနေရာသို့ ရောက်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပထမနေရာပြန်လည်ရောက်လာသည်။ ဇွန်လ ၁၁ ရက်နေ့က ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၉၆၈၁ ဦး ရှိသည့်အနက် ၇၇၄၉...

မိုးတွင်း နှစ်စဉ်လူသေသော ဇင်းကျိုက်ရေတံခွန် အန္တရာယ်ကင်းရေး

မိုးရာသီတွင် နှစ်စဉ်လူသေဆုံးမှုရှိသော မွန်ပြည်နယ်မှ နာမည်ကျော် ဇင်းကျိုက်ရေတံခွန် ယခု မိုးရာသီတွင် အန္တရာယ်ကင်းရေး လုပ်ငန်းများ စီမံထားကြောင်း ရေတံခွန်ကော်မတီက ပြောဆိုလိုက်သည်။ ကျောက်သင်္ဘောရေတံခွန်ဟု လူသိများသော ထိုရေတံခွန်သို့ လာရောက်သူများသည် အန္တရာယ်ရှိသော နေရာများသို့ ရေဆင်းကူးခြင်း၊ ဖြတ်သန်းသွားလာခြင်းကြောင့် နှစ်စဉ် လူသေဆုံးလေ့ရှိသည်။ ထိုကြောင့် ထိုသို့သော အန္တရာယ်ရှိသော နေရာများသို့...

မွန်ပြည်သစ်ပါတီ နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပထမဆုံးအကြိမ်တွေ့ဆုံ

မွန်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဇွန်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး မွန်များတပေါင်းတစည်းတည်း ဖြစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ ဖွဲ့စည်းခဲ့သည့် အချိန်မှ စ၍ ၆...

ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ ပုံမှန်ထက် ထူးကဲဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ (ဗ) အမျိုး အစားဖြစ်ပွားမှုပုံမှန်ထက်ထူးကဲ ဖြစ်ပွားနေကြောင်းမွန်ပြည်နယ် ကျန်းမာ ရေး ဦးစီးဌာနမှ သိရသည်။ မေလ ၇ ရက်နေ့က စတင်ဖြစ် ပွားပြီး မေလ ၃၀ ရက်အထိ ရောဂါဖြစ် ပွားသူ ၁၅၃...

မွန်ပြည်နယ် လွှတ်တော်က အစိုးရကို ထိန်းကြောင်းရေး အရှိန်မြှင့်

မွန်ပြည်နယ် အစိုးရ၏ စီမံကိန်းကော်မရှင်ကိစ္စ အချိန်မီထိန်းကျောင်းရေး အရေးကြီးအဆို ဆွေးနွေးရန် သဘောတူလိုက်ပြီးနောက် လွှတ်တော် အမြန်ဆုံး ခေါ်ယူရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။ ထိုသို့ဖြင့် မွန်ပြည်နယ် အစိုးရကို လွှတ်တော်က ထိန်းကြောင်းရေး အရှိန်မြင့်လာပြီ ဖြစ်သည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးပြီးသည့်နေ့၌ပင် နောက်ထပ်အထူးအစည်းအဝေး ထပ်မံကျင်းပေးရန် ကိုယ်စားလှယ်အချို့တို့က...

ဘိလပ်မြေစက်ရုံ ကန့်ကွက်သည့် လှုပ်ရှားမှု ကျိုက်မရောတွင် စတင်

ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ထူခြင်းနှင့်  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံတို့က စတင်လိုက်သည်။ စီမံကိန်းတွင် ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်ကြောင်း ဒေသခံလူထု ၃၇၀၀ ကျော်က မွန်ပြည်နယ် အစိုးရ နှင့် လွှတ်တော်တို့ကို ဧပြီလအတွင်းက စာတင်ပြီးနောက် လှုပ်ရှားမှု...

ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရေး ပေါင်တွင် ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်သည်ဟုဆိုကာ လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်တို့က ဇွန်လ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြခံရသော ကုမ္ပဏီ၏ အမည်မှာ Long Life Aggregate Co.Ltd ဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်...