မွန်ပြည်နယ်မှ စစ်မှုထမ်းစာရင်းပေးပို့ရန် ရပ်/ကျေးများကို စစ်ကောင်စီညွှန်ကြား

မွန်ပြည်နယ်တွင်နေထိုင်သူများ၏ စစ်မှုထမ်းလူစာရင်းပေးပို့ကြရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားထားကြောင်း သိရသည်။ စစ်မှုထမ်းရန်အတွက် လူစာရင်းကို မတ်လနောက်ဆုံးပတ်အတွင်း ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးလာသည့်ကားကို NMSP (AD) တိုက်ခိုက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်နယ်‌မြေရဲစခန်းမှူး စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က ကြားဖြတ်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံ သိရသည်။ မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က...

ဘီးလင်းသံတံတားဂိတ်တွင် ဆိုင်ကယ်မရပ်ဟုဆိုကာ ပစ်ခတ်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သံတံတားစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မရပ်ပေးဟုဆိုကာ ပစ်ခတ်ခံရသဖြင့် အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကျိုက်ထိုမြို့နယ်မှ ဘီးလင်းမြို့နယ်သို့ ဆိုင်ကယ်တစ်စီးတည်း အတူ စီးနင်းလာသည့် ဒေသခံလူငယ် သုံးဦးသည် မတ် ၁၁...

ရေး ချောင်းတောင်တံတားဂိတ် တိုက်ခိုက်ခံရ၊ အရပ်သားထိခိုက်မှုရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ စစ်ကောင်စီ၏ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ယနေ့ မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တံတားတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။

ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။ သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင်...

သထုံတွင် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရွှေလှဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၆၀အရွယ် ဦးရွှေလှဦးကို အမည်မသိ သေနတ်သမားတို့က မတ်လ...

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊...

ကျိုက်ထိုတွင် ညီဖြစ်သူကို ပစ်ခတ်ရာမှ လေဖြတ်နေသည့်အစ်ကိုဖြစ်သူ ကျည်ထိမှန်သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် အမည်မသိသေနတ်သမားတို့က အမျိုးသားတစ်ဦးကို လာရောက် ပစ်ခတ်ရာတွင် အဆိုပါအမျိုးသားကို မထိဘဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူအား ကျည်ထိမှန် သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကော့ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးတွင် နေထိုင်သည့် အသက်...

ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့်...

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)နှင့် ပတ်သက်၍ဟုဆိုကာ အမျိုးသမီး ၃ ဦးကိုဖမ်းဆီး

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ နိုင်ငံရေးစစ်ရေးဦးဆောင် အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် နိုင်ကြည်စန်း၏ ညီမဖြစ်သူအပါအဝင် ၃ ဦးကို စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၈) ကဖမ်းဆီးသွားကြောင်း သိရသည်။ အဆိုပါအမျိုးသမီး ၃ ဦးကို မတ်လ...