မွန်တွင် ရွာအထိဆင်းပြီး မိုးစပါး ချေးငွေထုတ်ချေးမည်

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါး စိုက် တောင်သူများအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင် ဘဏ်ခွဲမှ စိုက်ပျိုး စရိတ်ချေးငွေများကို ကျေးရွာများ အထိဆင်းပြီး မေလ ၂၃ ရက်တွင် မြို့နယ်အလိုက် စတင်ထုတ် ချေးပေးမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် တစ်ဧကတစ် သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက...

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးသွား နေသည့်အတွက် မေလ ၉ ရက် နံနက် တွင် ဖွင့်လှစ်မည့် ဗိုလ်ချူပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) ဖွင့်ပွဲသို့ တက် ရောက်နိုင်မည်မဟုတ်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ တံတားဖွင့်ပွဲသို့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များနှင့် ရန်ကုန်တိုင်း၊...

မွန်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တရားမ၀င်သစ် တန်ချိန် ၅၀၀ ကျော် ဖမ်းမိ

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တရားမ၀င်သစ် တန်ချိန် ၅၈၃ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိသည်ထက် ပိုများကြောင်း သိရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က တရားမ၀င်သစ် တန်ချိန် ၂၅၄ ဒသမ ၄၇၉ တန်...

သံဖြူဇရပ် မြို့လယ် ဟင်္သာရုပ်ထု ကုန်တင်ကား ၀င်တိုက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ဟင်္သာရုပ်ထုအား ကုန်တင်ကားတစ်စီး ဝင်တိုက်ပြီး ဟင်္သာရုပ်ထု ပြိုကျ ပျက်စီးသွား ကြောင်း သံဖြူဇရပ်မြို့ခံ မျက်မြင်များထံမှ သိရသည်။ အဆိုပါ ဟင်္သာကို ဧပြီ ၂၆ ရက် မွန်းလွှဲ ၁ နာရီကျော်က ဘိလပ်မြေတင်ဆောင်လာသည့် ၁၂ ဘီးတပ် ကုန်တင်ယာဉ်တစ်စီးမှ ဝင်တိုက်ခဲ့ခြင်း...

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ကန့်ကွက်လက်မှတ်ကောက်ခံ

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း)ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ် အောင်ဆန်းတံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။ တံတားအမည်ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဒေသခံလူထုတို့၏ သဘောထားဆန္ဒကို သက်သေပြရန်နှင့် ကောက်ခံရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတနှင့်...

မွန်တွင် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ဖွယ်ရှိ

၂၀၁၆-၂၀၁၇ ခုနှစ် ဆားထုတ်လုပ်ရာသီတွင် ရာသီဥတု အခြေအနေကြောင့် မွန်ပြည်နယ်ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိသည်ဟု သတ္တုတွင်းဝန်​ကြီးဌာန၊ မြန်​မာ့ဆားနှင့်​ အဏ္ဏဝါဓာတု​ဗေဒပစ္စည်း ထုတ်​လုပ်​​ရောင်းဝယ်​​ရေးလုပ်​ငန်း (မွန်​ပြည်​နယ်​) ပြည်နယ်ဦးစီးမှူးက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလက တစ်ကြိမ်၊ သင်္ကြန်ကာလအတွင်းက တစ်ကြိမ် မိုးရွာခဲ့သဖြင့် ဆားကွင်းများ ပျက်စီးသွားသည့်အတွက် ဆားထုတ်လုပ်မှုလည်း...

မွန်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် အများဆုံး သေဆုံး

မွန်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု ၂၂ မှုပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၂ ဦးထိရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထို့အပြင် သေမှုသေခင်းကြောင့် ၅ ဦး သေဆုံးခဲ့ပြီး၊ ယာဉ်တိုက်မှုကြောင့် ၄၆ ဦး၊ နာကျင်စေမှုကြောင့် ၁၉ ဦးနှင့် ကျန်အခြား မှုကြောင့်...

ဥပဓိရုပ်မကောင်းသည့် ခရီးသည်ကားများ မပြေးဆွဲရန် သတိပေး

ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ ဥပဓိရုပ်မကောင်းသည့် ခရီးသည်တင်ကားများဖြင့် ပြေးဆွဲခြင်းမပြုရန် သတိပေးထား ကြောင်း တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန (ပို/ဆက်)ထံမှ သိရသည်။ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာမကျစေရန်နှင့် ယာဉ်စည်းကမ်းနှင့် ညီညွတ်မှုရှိစေရန် ဥပဓိရုပ်မကောင်းသည့် (အမြင်မတင့် တယ်) ကားများဖြင့် တိုင်းဒေသကြီးကျော်လွန်ကာ ပြေးဆွဲခြင်းမပြုရန် မတ်လပထမပတ်က...

ကျောက်မိုင်းကုမ္ပဏီအများစု စည်းကမ်းမလိုက်နာဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ်အတွင်းရှိ ကျောက် မိုင်းကုမ္ပဏီအများစု စည်းကမ်းမလိုက် နာဘဲ အစိုးရထံ အခွန်ဆောင်ထားသည့် ကျောက်ထုတ်လုပ်ခွင့်ပမာဏထက် ပိုထုတ်လုပ်နေသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ကျောက်မိုင်းကုမ္ပဏီများသည် အစိုးရထံ အခွန်ဆောင်ထားသည့် ထုတ် လုပ်ခွင့်ပမာဏ ၁၀ ဆကျော် ပိုထုတ် လုပ်နေသည်ကို တွေ့ရှိနေရပြီး စိစစ်မှု ကို...

ကျိုက္ကသာမြို့ဟောင်းတွင် ရွှေပြားတစ်ပိဿာကျော် တူးဖော်တွေ့ရှိ

ကျိုက္ကသာမြို့ဟောင်းနေရာတွင် မြေအိုးဖြင့် ထည့်ထားသည့် ရွှေပြား အလေးချိန် တစ်ပိဿာကျော် တူးဖော် တွေ့ရှိသည်ဟု တူးဖော်တွေ့ရှိသူတို့ထံမှ သိရသည်။ ယင်းမြို့ဟောင်းနေရာသည် မွန် ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာ ကျေးရွာတွင် တည်ရှိသည်။ကျိုက္ကသာမြို့ဟောင်းအတွင်း ပို ချေတစ်ထောင် ရန်မျိုးအောင်စေတီ အနီး တွင် ကားလမ်းဖောက်လုပ်ရန် အတွက် မတ်လ...