ကော့သောင်းမြို့တွင် ပလက်ဖောင်းပေါ် ဈေးရောင်းနေသူများကို ဖယ်ရှားခိုင်း

ကော့သောင်းမြို့ သာယာလှပရေးအတွက်ဟုဆိုကာ ကော့သောင်းမြို့ မြရည်ပုလဲလမ်း ပလက်ဖောင်းပေါ် ဈေးရောင်းချနေသူများကို ဖယ်ရှားခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၁၀ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် ကော့သောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့အကြောင်းကြားထားကြောင်း ဖယ်ရှား‌ပေးရမည့်သူအချို့ကပြောသည်။ “ဖယ်ရှားပေးရမယ့်ဆိုင်တွေကတော့...

ကော့သောင်း ကမ်းနားလမ်းကို ညနေပိုင်း ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်မှု မြို့ခံများမကျေနပ်

ကော့သောင်းမြို့ ဝိတိုရိယပွိင့်နေရာတွင် လမ်းပိတ်ပြီး ညဈေးရောင်းခွင့်ပြုလိုက်သဖြင့် ကား၊ ဆိုင်ကယ်များကို  ညနေပိုင်းတွင် ကမ်းနားလမ်းအထိ ဆင်းခွင့်မပေးတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဗိုလ်ချုပ်လမ်းအဝိုင်းပတ်တွင် ညနေဘက်ဈေးရောင်းနေသည့် သုံးဘီးတွန်းလှည်းဈေးဆိုင်များကို ကမ်းနားလမ်းဘက်သို့ စည်ပင်ကရွေ့ပြောင်းစေခဲ့ပြီးနောက် ညစျေးလုပ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

ဘုတ်ပြင်းမှ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့၍ မြိတ်ဆေးရုံကြီးသို့လွှဲပြောင်း

ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှ လူနာအမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် မေလ ၃၁ ရက် ညပိုင်းအချိန်က မြိတ်ပြည်သူ့ဆေးရုံကြီးအား လွှဲပြောင်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသက် ၂၀ နှစ်ရှိ အမျိုးသားသည် လေညာရွာနေသူဖြစ်ပြီး အမောဖောက်သဖြင့် မေလ...

ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်တိုက်ခိုက်မှုတွင် လက်နက်အချို့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ် တိုက်ခိုက်မှုတွင် လက်နက်အချို့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ မေလ ၄ရက်တွင် ထုတ်ပြန်သည်။ မေလ ၂ ရက်နေ့ နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ...

ကော့သောင်း ယင်းဝါရေလှောင်ကန်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး

‌ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်က ကလေးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ကူညီကယ်ဆယ်ပေးခဲ့ကြသည့် ပရဟိတအဖွဲ့ထံမှ သိရသည်။ အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးသည် ဧပြီလ ၂၉ ရက်က အရွယ်တူသူငယ်ချင်းများနှင့်တူ ယင်းဝါရေလှောင်ကန်တွင် ရေသွားကူးရာမှ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကယ်‌ဆယ်ရေးတွင်...

ထိုင်းမှ ကော့သောင်းသို့ မြန်မာလုပ်သား ၁၇၀ ကျော် ပြန်လွှဲပေး၊ ကိုးဦးတွင် ကိုဗစ်တွေ့

ထိုင်းနိုင်ငံ ရနောင်းမြို့မှ တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ယနေ့ ဧပြီလ ၂၄ ရက်တွင် မြန်မာအလုပ်သမား ၁၇၀ ကျော်ကို လွှဲပေးလိုက်ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ယင်းအနက် အမျိုးသားကိုးဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း အဆိုပါအဖွဲ့မှ...

ကော့သောင်း ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများပိုများလာ

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ရှမ်းကိုးရွာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ ပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။ ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ကမ်းတစ်လျှောက်ရှိ အောင်ချမ်သာကျေးရွာ၊ ရေတွင်းတောင်၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုတ်၊ အေးချမ်းသာ၊ လုံးဖော၊ ပါကလပ်၊ ဝိုင်ဒင်း စသည့်ကျေးရွာများကို စုပေါင်းပြီး ရှမ်းကိုးရွာဟု...

ဆိပ်ဖူးရွာ ပျူ‌စောထီးခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရ၊ ဒေသခံရာချီ ထိုင်းဘက်သို့ တိမ်းရှောင်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ဆိပ်ဖူးကျေးရွာတွင် ဧပြီလ ၁၆ ရက် ညနေပိုင်းက ပျူစောထီးခေါင်းဆောင် နှစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဆိပ်ဖူးကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဝင်းနှင့် ဒုခေါင်းဆောင်...

လွတ်ရက်စေ့ မြန်မာလုပ်သား ၁၃၀ ကျော် ကော့သောင်းဘက်ပြန်ပို့

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် လွတ်ရက်စေ့ပြီးဖြစ်သည့် မြန်မာအလုပ်သမား တစ်ရာသုံးဆယ်ကျော်ကို မတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ ပြန်ပို့ပေးခဲ့ကြောင်း ၎င်းတို့အား ကူညီပေးနေသည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းဘက်သို့ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား...

ကော့သောင်းတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

ကော့သောင်းမြို့ တောင်နောက်ရပ်ကွက်က ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်မိုးခိုင်ဆိုသူဖြစ်ပြီး ကော့သောင်းမြို့ ၅ မိုင်အနီးရှိ စစ်ကောင်စီတပ်ရင်းသို့ ညအိပ်ရန်လာစဉ် ဆေးတပ်အနီးတွင် မတ်လ ၁၅ရက် ည ၉နာရီခွဲဝန်းကျင်က...