သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ညီကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး

ထိုင်းနှင့် မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးချိန် လက်လွန်သေဆုံးသွားကြောင်း သေဆုံးသူ၏ မိတ်ဆွေအချို့ထံမှ သိရသည်။ ဦးကျော်လွင်၏ ညီဖြစ်သူ အသက်၆၀ ဝန်းကျင်အရွယ်ရှိ ဦးနောင်ပိန် ခေါ်...

ကော့သောင်း စူငယ်ဘာလိုင်းရွာတွင် စစ်ကောင်စီ တပ်လာစွဲပြီး ဒေသခံများကို သစ်ဝါးသယ်ခိုင်း

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဘာလိအော်ရွာရှိ တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြား တပ်လာစွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သား ၇၀ ခန့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကားများဖြင့်ရောက်လာပြီး တာဝါတိုင်ရှိသည့် တောင်ပေါ်တွင်...

ခမောက်ကြီး မာရမ်းတပ်စွယ်က သတင်းရဲတပ်ဖွဲ့တပ်ကြပ်နှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံး

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးရွာနှင့် မာရမ်းရွာအကြား ကားလမ်းမတွင် ဖေဖော်ဝါရီလ ၁ရက် နံနက် ၁၁နာရီ ဝန်းကျင်က အိမ်စီကားတစ်စီး ပစ်ခတ်ခံရပြီး သတင်းတပ်ဖွဲ့က တပ်ကြပ်နှင့် ၎င်း၏ဖခင်ဖြစ်သူတို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူသည်...

ကော့သောင်းတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

ကော့သောင်းမြို့ တွင် ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့၊ မြေနီလမ်း၊ ဦးအေးမောင်ဂိုဒေါင်အနီးကမ်းနားတွင် ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်...

ကော့သောင်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ကော့သောင်းမြို့တွင် ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။ ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာအနီး ၁၄ မိုင်နှင့် ၁၅ မိုင်ကြားတွင် ဆိုင်ကယ်နှစ်စီး တိုက်မိခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့...

ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ ၁၀ ဦးကျော် သေဆုံး

ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ သေဆုံးသူ ဆယ်ဦးကျော်ခန့်ရှိသည်ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။ သေဆုံးသူများမှာ အသက် ၃၀ မှ ၅၀ ကြားရှိပြီး ကော့သောင်းနယ်ခံများ မဟုတ်ကြကြောင်း၊ မူးယစ်ဆေးနှင့်အရက်စွဲကာ၊ အစာရေစာပြတ်တောက်ပြီး...

လူမှုကွန်ရက်တွင် နိုင်ငံရေးအကြောင်း ရေးသားမျှဝေပါက အရေးယူမည်ဟု ရဲတပ်ဖွဲ့ခြိမ်းခြောက်

ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံရေးနှင့်ဆိုင်သည့် အကြောင်းအရာများ ရေးသားမျှဝေလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ကော့သောင်းမြို့ခံများကို ဖိအားပေးခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ ကော့သောင်းမြို့ရှိ စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောသည့်ပုံစံဖြင့် ရဲတပ်ဖွဲ့က သွားရောက်ပြီး ယင်းသို့ထည့်သွင်းဟောပြောသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

ကော့သောင်း ခက်ရင်းခွကျွန်းတွင် ပုလဲမွေးမြူရေးဧရိယာတိုးချဲ့ရန် စစ်ကောင်စီ စီစဉ်

စစ်ကောင်စီသည် ကော့သောင်းမြို့နယ် ခက်ရင်းခွကျွန်းအနီး ရေပြင်တွင် ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ခက်ရင်းခွကျွန်း၏ အရှေ့မြောက်ဘက်ရှိ ရေပြင်ဧရိယာ ၂၅၅ ဧကပေါ်တွင် မုတ်ကောင် မွေးမြူရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန် ပြည့်စုံထက်မြင့် ကုမ္ပဏီနှင့်...

ကော့သောင်း၊ ကံမော်ကြီးရွာတွင် ဆိုလာစနစ်တပ်ပေးမည်ဟုဆိုကာ စစ်ကောင်စီတပ်စည်းရုံး

ကော့သောင်းခရိုင် ကရသူရိမြို့ မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာတွင် ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများ ပေးအပ်မည်ဟု စစ်ကောင်စီတပ်က စည်းရုံး ပြောဆိုခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ စစ်ကောင်စီတပ်သားများနှင့်...

ကော့သောင်းတွင် အတက်ရောဂါသည် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အရှေ့ဘက်ရှိ ဘဝကျွန်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူ အသက် ၁၁နှစ်အရွယ်ရှိ ကလေးငယ်မှာ ပါချန်မြစ်ထဲရှိ ဘဝကျွန်းတွင် ကဏန်းမွေးသည့်ကန်၌...