အခြေခံ ဆရာ၊ ဆရာမ ၂၀၀ ကျော် ရာထူးတိုး

တနင်္သာရီတိုင်းအတွင်း အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမ ၂၃၄ ဦးကို ဩဂုတ်လ ၃ ရက်နေ့က ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။ အခြေခံပညာ မူလတန်းမှ အလယ်တန်းအဆင့်သို့ ဆရာ၊ ဆရာမ ၂၂၂ ဦးနှင့် အလယ်တန်းမှ အထက် တန်းသို့...

ထားဝယ် ကြက်ငှက်တုပ်ကွေး ထိန်းချုပ်နိုင်လုနီး

ထားဝယ်မြို့တွင် ဖြစ်ပွားနေသည့် အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 မှာ ဩဂုတ်လ ၃ ရက်နေ့ နောက်ပိုင်း၌ ကြက်ခြံများတွင် ဖြစ်ပွားမှုမရှိတော့သ ဖြင့် ထိန်းချုပ်နိုင်လုနီး အခြေအနေ ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနထံမှ သိရသည်။ ထားဝယ်ဒေသသို့ ကြက်ဝင်ရောက်...

ထားဝယ်တွင် H1N1 သံသယ လူနာရှာဖွေမှု အရှိန်မြှင့်

ရာသီတုပ်ကွေး H1N1 သံသယ လူနာ ရှာဖွေမှု အရှိန်မြှင့်နိုင်ရန် ထား ဝယ်မြို့ပေါ်ရပ်ကွက် ၄ ခုတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း များကို တိုးချဲ့ဖွင့်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ရာသီတုပ်ကွေး H1N1သံသယ လူနာများကို အချိန်စောစီးစွာ...

ထားဝယ်ကာယဗလအသင်း အဆင့်မြင့် လေ့ကျင့်ရေးစက် ထပ်တိုး

ထားဝယ်ကာယဗလအသင်းတွင် ခေတ်မီအဆင့်မြင့် လေ့ကျင့်ရေးစက် သုံးခုကို ထပ်တိုးတပ်ဆင်လိုက်ကြောင်း ယင်းအသင်းထံမှ သိရသည်။ ခါးအောက်ပိုင်းကို လေ့ကျင့်ရ သည့် စက်ပစ္စည်းအမျိုးအစား ၃ခုကို ဩဂုတ်လ ၆ ရက်က တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအသင်းတွင် ခေတ်မီ အဆင့် မြင့်လေ့ကျင့်ရေးစက်များကို ယခင်နှစ် ကလည်း သုံးခုတပ်ဆင်ခဲ့သဖြင့် ထား ဝယ်ကာယဗလ...

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် နေ့ချင်းပြီး လုပ်ပေးမည်

လိုင်စင်မဲ့ဆိုင်ကယ်များကို စက် တင်ဘာလ ပထမအပတ်မှစပြီး ဒေသ လိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။ ပြုလုပ်ပေးမည့် ဆိုင်ကယ်လိုင်စင် မှာ တနင်္သာရီတိုင်းအတွင်းသာ စီးနင်း ခွင့်ရှိမည့် ဒေသလိုင်စင် (TNI) နံပါတ် များ ဖြစ်သည်။ စက်တင်ဘာလ ပထမအပတ်မှ စကာ...

ထားဝယ်စီမံကိန်း ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း

ထားဝယ်အထူး စီးပွားရေးဇုန်စီမံ ကိန်းအတွက် ဥပဒေရေးရာအထောက် အကူပြုအဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းသည့် အကြောင်းကြားစာကို ယင်းအဖွဲ့ဝင်များအား ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဇူလိုင်လ ၃၁ရက်နေ့ ရက်စွဲဖြင့် အကြောင်း ကြားစာ...

လောင်းလုံးတွင် ၁၆ နှစ် အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

လောင်းလုံးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂ ရက်က လောင်းလုံးမြို့ရှိ မြို့မအားကစား ကွင်းတွင် စတင်ကျင်ပခဲ့ကြောင်း သိရ သည်။ ယင်းပြိုင်ပွဲကို ဩဂုတ်လ ၂ ရက်မှ ၁၅ ရက်အထိ...

ထားဝယ်တွင် ကုန်တင်သင်္ဘော တစ်စီးကို အကောက်ခွန်ရုံးချုပ်က လာစစ်

ထားဝယ်ဆိပ်ကမ်းသို့ ဆိုက်ကပ် လာသည့် ကုန်တင်သင်္ဘောတစ်စီးကို အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)မှ ဩဂုတ်လ ၂ ရက်က လာရောက်စစ် ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ ကော့သောင်းမြို့မှ ထားဝယ်မြို့ကို ထွက်ခွာ လာသည့် အဆိုပါ ကုန်တင် သင်္ဘောမှာ လမ်းခရီးတွင် ကြာမြင့်နိုင်သည့် အချိန် ထက် ကြန့်ကြာနေခြင်းနှင့်...

Y-၈ အမျိုးအစား လေယာဉ် တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ပြန်လည် ပြေးဆွဲ

Y-၈ အမျိုးအစား တပ်မတော်လေ ယာဉ်တစ်စီး တနင်္သာရီ ကမ်းရိုးတန်း ခရီးစဉ်ကို ယနေ့ ပြန်လည်ပြေးဆွဲ ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ Y-၈ အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ လေယာဉ်ပျက်ကျခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် မြိတ်-ရန်ကုန် ခရီးစဉ်ကို...

သူရမချစ်ပိုရုပ်တု ဇာတိတွင် လှည့်လည်

မြန်မာနိုင်ငံ၏ ပထမဆုံး သူရဘွဲ့ရ အမျိုးသမီးသူရမချစ်ပိုရုပ်တု ထုလုပ် ပြီးစီးသဖြင့် ၎င်း၏ဇာတိ လောင်းလုံး မြို့နယ် ကျေးရွာအချို့တွင် ဩဂုတ်လ ၂ ရက်တွင် လှည့်လည် ပြသခဲ့သည်။ သူရမချစ်ပိုဇာတိ နခံတော ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများ ၏ဖိတ်ကြားချက်အရလှည့် လည်ပြသ ခြင်းဖြစ်ကြောင်း ရုပ်တုဖြစ်...