ဒေသလိုင်စင် စီမံချက်မှ ဒဏ်ကြေးငွေ သိန်းပေါင်းနှစ်သောင်းနီးပါးရ

တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် များကို ဒေသလိုင်စင်(TNI) လုပ်သည့် ခြောက်လတာကာလအတွင်း ဒဏ်ကြေး ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ် သောင်းနီးပါး ကောက်ခံရရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင် ဘာလမှ ယခုနှစ်...

တနင်္သာရီတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဆေးရုံဖြေ တစ်ဆယ်ကျော်

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ဆေးရုံတက်ရောက်ဖြေ ဆိုနေသူဦးရေ တစ်ဆယ်ကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းများအရ သိရသည်။ ဆေးရုံစာစစ်ဌာနတွင် တက်ရောက် ဖြေဆိုနေသူကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၇ ဦးစုစုပေါင်း ၁၁ ဦးရှိ သည်။ ဆေးရုံတက်ရောက်ဖြေဆိုသူများ မှာ သာမန်မူးဝေ၊ ဗိုက်အောင့်၊ ဗိုက်နာ...

ဆောက်လုပ်ရေး ကုမ္ပဏီများ တိုင်းအစိုးရတွင် တစ်နှစ်တစ်ကြိမ် မှတ်ပုံတင်ရမည်

တိုင်းအတွင်း အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်မည့် လုပ်ငန်းများကို တင် ဒါပြိုင်မည့် ကုမ္ပဏီများ တိုင်းအစိုးရအဖွဲ့ ရုံးတွင် တစ်နှစ် တစ်ကြိမ် မှတ်ပုံတင်ရ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြောကြားသည်။ ကုမ္ပဏီများ သက်တမ်းကုန်နေခြင်း နှင့် အခွန်မဆောင်နိုင်သည့်အတွက် သက်တမ်းမတိုးသည့် ကုမ္ပဏီများကို စိစစ်ရန်အတွက်...

ငှက်သိုက်ထုတ်ခွင့်ရ ကုမ္ပဏီ အပြောင်းအလဲကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မည်ကို စိုးရိမ်

ငှက်သိုက်ထုတ်လုပ်မည့် ကုမ္ပဏီ အပြောင်းအလဲကြောင့် ကျွန်းခရီးစဉ် လည်ပတ်မှုများတွင် ထိခိုက်မည်ကို ကော့သောင်းခရိုင်တွင်းရှိ ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူအချို့က စိုးရိမ် လျက် ရှိသည်။ ဇီဝဇိုး ငှက်သိုက် စုဆောင်း ထုတ်ယူ ခွင့်လိုင်စင်ကို ဈေးပြိုင် အိတ်ဖွင့်တင်ဒါ ဖြင့် ရောင်းချခဲ့ရာ ငှက်သိုက်ထုတ်ယူ နိုင်သည့်ကျွန်းအားလုံးကို...

သုံးရက်အတွင်း ဒီရေတောအပင် ခုတ်သူ တစ်ဆယ်ကျော် ဖမ်းမိ

တနင်္သာရီတိုင်းတွင် သုံးရက်အတွင်း တရားမဝင် ဒီရေတောခုတ်သူတစ်ဆယ် ကျော်ကို ဖမ်းမိခဲ့ကြောင်း တိုင်းသစ်တော ဦးစီးဌာနညွှန်ကြားရေးမှူးကပြောသည်။ မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်အတွင်း ဒီရေတောအပင် ခုတ်သူ ၁၆ ဦးကို ရေဖြူနှင့် မြိတ်မြို့နယ်တို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ရေဖြူမြို့နယ် မော်ငန်းကျေးရွာ...

လောင်းလုံးဘုတ်ကျွန်းနှင့် သူရဲကျွန်း နေ့ချင်းပြန်လည်ပတ်ခွင့် စာထပ်ပို့

လောင်းလုံးဘုတ်ကျွန်းနှင့် သူရဲ ကျွန်းသို့ နေ့ချင်းပြန်လည်ပတ်ခွင့်ပြုနိုင် ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနထံ မတ်လ ၁၃ ရက်က စာထပ်ပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ လောင်းလုံးမြို့နယ်၊ လောင်း လုံးဘုတ်ကျွန်း(လိပ်သောင်ကြီးကမ်း ခြေ၊ အုန်းပင်ကမ်းခြေ)၊...

တနင်္သာရီအစိုးရ တရားစွဲဆိုထားမှု တနင်္သာရီဂျာနယ်ဘက်မှ သက်သေခံ ခြောက်ခုတင်သွင်း

သရော်စာဖော်ပြမှုကြောင့် တနင်္သာရီ တိုင်းအစိုးရက တရားစွဲဆိုထားသည့် အမှုကို မတ်လ ၁၂ ရက်က စစ်ဆေးရာ စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က စုစုပေါင်း သက်သေခံခြောက်ခု တင်သွင်း ခဲ့သည်။ တိုင်းဒေသကြီး အစိုးရကိုယ်စား တရားစွဲဆိုခဲ့သည့် တရားလို ဦးအေးလူ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆...

နိုင်လွန်ကတ္တရာ ကီလိုမီတာ ခုနစ်ဆယ်ခန့် ထပ်ခင်းမည်

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း နိုင်လွန်ကတ္တရာ (AC)လမ်း ၇၀ ကီလိုမီတာခန့်ခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် ခင်းမည်ဖြစ်ပြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် ပိုခင်းမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။ "ရန်ပုံငွေ အတည်မပြုရသေးလို့ (AC...

မောလဲဘုရားဝင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်ခုနစ်ဆူ ပျောက်ဆုံး

ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ အနောက်ရွှေဘုံသာဘုရား(မောလဲ) ဝင်း အတွင်း ဗောဓိညောင်ပင်တွင် အပူဇော်ခံ ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော် ၇ ဆူနှင့် မီးစင်္ကြာများ မတ်လ ၁၅ ရက်ညက ပျောက်ဆုံးခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ စကျင်ကျောက်ဖြင့် ထုလုပ်ထား သည့် ဥာဏ်တော် ၁၈ လက်မခန့်ရှိ ဗုဒ္ဓ...

ဦးအေးနေဝင်းနှင့် တွေ့ဆုံမှု တနင်္သာရီဝန်ကြီးချုပ် ပြန်ရှင်း

တနင်္သာရီတိုင်းအတွင်း မည်သည့် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ကို ဦးအေး နေဝင်းနှင့် ဆွေးနွေးခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြန်လည်ရှင်းလင်း ပြော ဆိုခဲ့သည်။ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်း နှင့် ဒေါက်တာလဲ့လဲ့မော်တို့ တွေ့ဆုံခဲ့ပုံ ကို...