လောင်းလုံး CBT ဈေးနှုန်းလျှော့ချ

လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် ဖွင့်လှစ်ထားသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)တွင် တည်းခိုနေထိုင်ခနှုန်းထားများကို ဖေဖော်ဝါရီလ ပထမအပတ်မှစတင်ကာ ဈေးလျှော့ထားကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် တစ်ရက် ငွေကျပ် ၃၈၅၀၀ နှင့် နှစ်ဦးလျှင် ကျပ် ၇၇၀၀၀ သတ်မှတ်ထားပြီး လက်ရှိတွင်...

နွေရာသီ အားကစားသင်တန်း အားကစားနည်း လေးမျိုးမှ တစ်ဆယ့်လေးမျိုးအထိ သင်ပေးရမည်

နွေရာသီကျောင်းပိတ်ရက်အတွင်း ဆောင်ရွက်မည့် အားကစားသင်တန်းများကို မြို့နယ်တစ်မြို့နယ်လျှင် အနည်းဆုံး အားကစားနည်းလေးမျိုးမှ အများဆုံး ၁၄ မျိုးအထိ သင်ကြားပေးရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ အခြေခံကျောင်းသား၊ ကျောင်းသူများကို အဓိကထားပြီး နှစ်စဉ်သင်ကြားပေးနေသည့် နွေရာသီအားကစားသင်တန်းကို ယခုနှစ်တွင် မတ်လ ၁...

ပြေးခုန်းပစ် ကစားသမားများကို တစ်လကြာ လေ့ကျင့်ပေးမည်

တိုင်းအတွင်း အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ကစားသမားများကို တစ်လကြာ အထူးသင်တန်းပေးကာ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ထားဝယ်မြို့တွင် မတ်လ ၂၆ မှ ၂၈ အထိ ကျင်းပမည့် မြို့နယ်ပေါင်းစုံ အသက် ၁၈...

ငါးရာတန် ထီလက်မှတ်များ ဧပြီလကုန် ဖျက်သိမ်းမည်ဟုဆို

ငါးရာကျပ်တန် အောင်ဘာလေထီ လက်မှတ်များ ၂၆ ကြိမ်ထွက်ရှိမည့် ဧပြီလကုန်တွင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း  အောင်ဘာလေသိန်းဆုဌာနခွဲရုံးနှင့် ထားဝယ်မြို့ရှိ ထီဆိုင်အချို့ထံမှ သိရသည်။ လက်ရှိတွင် ကျပ် ၁၀၀၀ တန်ထီ ပေါ်လာသည့်အတွက် ထီထိုးသူများမှာ ကျပ် ၅၀၀...

ထားဝယ် – ထီးခီး ယာဉ်လိုင်း တစ်နှစ်ထက်တစ်နှစ် လျော့နည်း

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ တရားဝင်ပြေးဆွဲနေသည့် ထားဝယ် - ထီးခီးယာဉ်လိုင်းများ တစ်နှစ် ထက်တစ်နှစ် လျော့နည်းလာကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်ကြီးကြပ်ရေးအသင်းထံမှ သိရသည်။ ၂၀၁၇ ခုနှစ်တွင် ထားဝယ် - ထီးခီး ယာဉ်လိုင်း ၂၃ ရှိသော်လည်း ယခု...

နိုင်ငံတော် အတိုင်ပင်ခံအား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ကြိုးပမ်း

တနင်္သာရီတိုင်းအစိုးရအဖွဲ့အား ဆုံးမရန် လာရောက်ခြင်းဖြစ်သည်ဟု မြိတ်ခရီးစဉ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်ကြိမ်လုံး လက်ဆောင်ပေးရန် ထားဝယ်မြို့ခံတချို့က ကြိုးပမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၅ ရက်က ထားဝယ်မြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် “အမေ့အတွက် လက်ဆောင် ထားဝယ်ကြိမ်” စာတမ်းပါ...

ထားဝယ်ခရိုင်အတွင်း ပျဉ်းကတိုး စိုက်ခင်း ဧကငါးရာကျော် စိုက်မည်

ထားဝယ်ခရိုင်အတွင်း စီးပွားရေး ပျဉ်းကတိုးစိုက်ခင်းဧက ငါးရာကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မိုးက ပြောသည်။ ထားဝယ်မြို့နယ်ရှိ နွားလပို့သစ်တောကြိုးဝိုင်းတွင် ဧက၂၀၀ ၊ ရေဖြူမြို့နယ် ဟိန္ဇဲ-ကလိန်အောင်ကြိုးဝိုင်းတွင် ဧက ၁၀၀နှင့်  သရက်ချောင်းမြို့နယ်ရှိ  တောင်ပျောက် ကြိုးဝိုင်းတွင် ဧက...

ကဏန်းဖမ်းသူတစ်ဦး မိကျောင်း ကိုက်ခံရ၍ သေဆုံး

ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်က မိကျောင်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ အနီးရှိ ချောင်းလက်တက်တစ်ခုအတွင်း ကဏန်းဖမ်းသည့် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားကို ကိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ခရီးစဉ်အတွင်း တိုင်စာ သုံးရာနီးပါးရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်းသားများက ပေးပို့သည့် တိုင်ကြားစာသုံးရာနီးပါးရှိကြောင်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။ မြိတ်မြို့ခရီးစဉ်တွင် တိုင်စာ ၁၃၁ စောင်၊ ကော့သောင်းမြို့ခရီးစဉ်တွင် ၇၀ စောင်နှင့် ထားဝယ်မြို့ခရီးစဉ်တွင် ၈၉ စောင်ရှိကြောင်း အထက်ပါရုံးများထံမှ သိရသည်။

ပဲခူးထွက် ဖရဲသီး ထိုင်းနယ်စပ်တွင် စမ်းရောင်း

ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဖရဲသီးများကို ထီးခီးနယ်စပ်တွင် ပထမဆုံးအကြိမ် သွားရောက်ရောင်းချခဲ့ရာ ထိုင်းနိုင်ငံသားများ ၀ယ်ယူမှုများပြားကြောင်း ဖရဲသီးသွားရောင်းခဲ့သူ ဦးရဲမြတ်သူက ပြောသည်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းများကို ထားဝယ်ဒေသသို့ တင်သွင်း ရောင်းချနေခဲ့သည်။