ခုခံအားကျဝေဒနာရှင်များ လာရောက်တည်းခိုမှု သိသိသာသာ လျော့နည်းလာ

ခုခံအားကျဝေဒနာရှင်များ ဆေးရုံ တက်ကုသချိန်နှင့် ဆေးဝါးလာရောက် ထုတ်ယူချိန်တွင် ခေတ္တခဏ လာရောက် တည်းခိုလေ့ရှိသည့် အနာဂတ်အလင်းရောင် ဘ၀တူကူညီပံ့ပိုးရေး တည်းခိုဆောင်တွင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ လာရောက် တည်းခိုသူ သိသိသာသာ လျော့နည်းလာ ကြောင်း ထားဝယ်မြို့ရှိ အနာဂတ် အလင်းရောင် ဘ၀တူကူညီပံ့ပိုးရေးအဖွဲ့...

လောင်းလုံးမြို့နယ် ဈေးလေးဈေးတွင် အေးခဲအသား စစ်ဆေး

လောင်းလုံးမြို့နယ် အတွင်းရှိ ဈေး လေးဈေးတွင် အေးခဲအသားများ နိုင်ငံ ခြားမှ တရားမဝင် တင်သွင်းရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။ လောင်းလုံးမြို့မဈေး၊ ရေဖြူ၊ ကမြောကင်း၊ မောင်းမကန်...

တရားရုံးဝန်ဆောင်မှု စိတ်ကျေနပ်မှု ရှိ/မရှိ စစ်တမ်းကောက်မည်

ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ် မြို့နယ်တရားရုံးတို့တွင် တရားရုံးအသုံး ပြုသူများ၏ စိတ်ကျေနပ်မှု ရှိ/မရှိ သိနိုင်ရန် စစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော်ရုံးထံမှ သိရသည်။ အဆိုပါတရားရုံးများတွင် စစ်ဆေး ပြီး၊ စစ်ဆေးဆဲအမှုများတွင် တရားလို၊ တရားခံ၊ ရှေ့နေ၊ သက်သေ၊ ရဲတပ်ဖွဲ့၊ တရားရုံး ဝန်ထမ်းများ(တရားသူကြီး...

ထားဝယ်တွင် ပုဂ္ဂလိက လျှပ်စစ်မီး ပေးနေသူအချို့ လုပ်ငန်းရပ်နား

စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေ ခြင်းကြောင့် ထားဝယ်ခရိုင်တွင် ပုဂ္ဂလိကလျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ငန်း ရှင်အချို့ အောက်တိုဘာလမှ စတင်ကာ လုပ်ငန်းရပ်နားလိုက်ပြီဖြစ်ကြောင်း ယင်း လျှပ်စစ်မီး လုပ်ငန်းရပ်နားလိုက်သူ လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ စက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့ သည့် ဇူလိုင်လနောက်ပိုင်း...

တနင်္သာရီအခြေစိုက်သတင်းဌာန ထပ်တိုး

ထားဝယ်မြို့တွင် အခြေစိုက်သည့် စုံစမ်းထောက်လှမ်းရေးသားမည့် ဒက္ခိဏ (Dakkhina Insight) အမည်ရှိ အွန်လိုင်းသတင်းဌာနတစ်ခု ထပ်တိုးလာသည်။ လက်ရှိတွင် သတင်းဌာနလိုင်စင် ရရှိရေးအတွက် ဇူလိုင်လအတွင်းက ပြန်ကြားရေးဝန်ကြီးဌာနထံ လျှောက်ထားပြီးဖြစ်ကြောင်း အထက်ပါသတင်းဌာန ၏ တာဝန်ခံအယ်ဒီတာ ဦးရဲထွဋ်ဝင်းက...

ယခုနှစ် ရေရှားနိုင်၊ သက်နု စပါး ပြောင်း စိုက်သင့်ဟုဆို

ယခုနှစ်တွင် အယ်နီညိုကြောင့် ရေရှားနိုင်သည့်အတွက် လယ်သမား များအနေဖြင့် သက်နုစပါး ပြောင်းစိုက် သင့်ကြောင်း တိုင်းအစိုးရနှင့် တိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြော သည်။ မိုးလေ၀သ ခန့်မှန်းချက်များအရ အယ်နီညိုအားကောင်းနိုင်သည့် အတွက် မိုးနည်းကာ မြေပေါ်ရေများ ခမ်းခြောက် နိုင်သောကြောင့်...

ထားဝယ်ဒေသတွင် ၂ ရက်အတွင်း မီးလောင်မှု ၇ မှုဖြစ်

ထားဝယ်ခရိုင်အတွင်း ဖေဖော်ဝါရီ လ ၇ရက်နှင့် ၈ ရက်တို့တွင် နေရာအနှံ့ မီးလောင်မှု ၇ ခု ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သိရသည်။ ယင်းမီးလောင်မှုများအနက် ကမြောကြီးကျေးရွာ၊ ကဘူတောင် မီးလောင်မှုနှင့် မောင်းမကန်ကမ်းခြေ မီးလောင်မှုများသည် အိမ်နှင့် စားသောက် ဆိုင်၊...

၆ လ အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၆၀၀ ကျော်

ထားဝယ်ဒေသတွင် ပြီးခဲ့သည့် ၆ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၆၀၀ ဦးခန့်ကို အရေးပေါ် ကူညီ ပို့ဆောင်ပေးခဲ့ရကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေးမှ သိရသည်။ ယခင်က ည ၈နာရီခွဲမှ ည ၁ နာရီ ခွဲခန့်အထိ အချိန်အတွင်း ယာဉ်တိုက်မှု...

ထားဝယ်ရှိ အအေးခန်းစက်ရုံတွင် ဓာတ်ငွေ့ယိုစိမ့်၊ အနီးဝန်းကျင်နေသူများ အသက်ရှုကြပ

ထားဝယ်မြို့ရှိ ဟိုင်ယွမ်ငါးအအေး ခန်းစက်ရုံတွင် ဇူလိုင်လ ၂၂ ရက် ညနေ ပိုင်းက အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်း ကျင်နေသူများ အသက်ရှုကြပ်ခြင်းနှင့် မျက်လုံး ပူစပ်ခြင်းများ ခံစားခဲ့ကြရ သည်။ ယိုစိမ့်ထွက်လာသည့် အမိုးနီးယား ဓာတ်ငွေ့ကြောင့် မျက်လုံးများ ပူစပ်လာ သည်ဟု...

အထူးစီးပွားရေးဇုန်-ထီးခီး လမ်းဒီဇိုင်း သုံးသပ်ရန် အကြံပေးအဖွဲ့ ထိုင်းဘက်က ငှားမည်

ထားဝယ်အထူးစီးပွားရေးဇုန်-ထီးခီး လမ်းဒီဇိုင်းကို ပြန်ပြီးသုံးသပ်ရန်အကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံဘက်ကငှားမည်ဟု သိရကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းကပြောသည်။လက်ရှိ ရှိနေသည့် မြေသားလမ်းကိုအီတာလျှံ-ထိုင်းကုမ္ပဏီက ဖောက်လုပ်ထားပြီးလမ်းဒီဇိုင်းမှန်/မမှန် သုံးသပ်နိုင်ရန် ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။"ဖောက်သွားတဲ့ လမ်းကို လမ်းဒီဇိုင်းပိုင်းတွေကို လမ်းရဲ့အစိတ်အပိုင်းတို့ပြန်ပြီးတော့ ပြန်စစ်မယ့်သဘောပါ" ဟု၎င်းက ပြောသည်။ အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ်ငန်းအတွက်...