ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပြပွဲ ပြိုင်ပွဲ လုပ်မည်

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့တွင် ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ပြပွဲ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထားဝယ်မြို့ရှိ ရွှေဝယ်သီရိရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး တိုင်းအတွင်း...

တနင်္သာရီတိုင်းတွင် တစ်လလျှင် ရှစ်ဦးနှုန်းသတ်သေ

တနင်္သာရီတိုင်းအတွင်း ၂၀၁၈ ခုနှစ်က တစ်လလျှင်ပျမ်းမျှ လူရှစ်ဦးနှုန်း သတ်သေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ကြိုးဆွဲချသတ်သေသူ ၈၇ ဦး၊ အဆိပ်သောက် သတ်သေသူ ၆ ဦးနှင့် မိမိကိုယ်ကို ဓားဖြင့်ထိုးသူ ၂ ဦး ရှိသည်။ မိမိကိုယ်ကို...

ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၅၀ နီးပါး အပြီးဆောက်မည်

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်း အိမ်ရာအခန်းပေါင်း ၁၅၀ နီးပါးကို အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(အိုးအိမ်)ထံမှ သိရသည်။ လက်ရှိ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ထားဝယ်မြို့၊ ၀ဲကျွန်းဝန်ထမ်းအိမ်ရာဝင်းအတွင်း နှစ်လုံးနှင့် ဆန်းချီဝန်ထမ်းအိမ်ရာဝင်းတွင် သုံးလုံးဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ...

တိုင်းအတွင်း ခွေးရူးကာကွယ်ဆေး အလုံးရေ လေးထောင်ကျော် လိုအပ်

တိုင်းအတွင်းရှိ ဆေးရုံများတွင် အခမဲ့ ထိုးနှံပေးရန်အတွက် ခွေးရူးကာကွယ်ဆေး အလုံးရေ လေးထောင်ကျော် တောင်းခံ ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ခွေးရူးကာကွယ်ဆေးများကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနထံ နှစ်လတစ်ကြိမ် တောင်းခံလေ့ရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွက် ကာကွယ်ဆေးအလုံးရေ လေးထောင်ကျော်ကို ဇန်န၀ါရီလ ၃၀ ရက်က တောင်းခံထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန...

ထားဝယ်တွင် မိုးရေလှောင်ကန် စတူးဖော်

ထားဝယ်မြို့၊ ရေးလမ်းပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားသိမ် (နတ်ကြီးလေးပါး) အနောက်ဘက်တွင် မိုးရေလှောင်ကန် တစ်ခုကို ယခုနှစ် ဇန်န၀ါရီလမှ စတင်တူးဖော်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ အဆိုပါ မိုးရေလှောင်ကန်ကို မီးငြိမ်းသတ်ရေး မီးသတ်ရေကန်အဖြစ် ကနဦး ရည်ရွယ်သော်လည်း ဘတ်ဂျက်အခြေ အနေအရ အပန်းဖြေနေရာအဖြစ်လုပ် ဆောင်ရန်ရည်ရွယ်ထားကြောင်း...

တနင်္သာရီတိုင်းလူငယ်စင်တာ အတွက် မြေရှာဆဲ

တနင်္သာရီတိုင်းဒေသကြီး လူငယ်စင်တာဆောက်လုပ်ရန်အတွက် မြေနေရာ ရှာဖွေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးဟိန်းထက်ထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ လျာထားသတ်မှတ်ပေးခဲ့သည့် ရေဖြူမြို့နယ်၊ ကျောက်ရှပ်ရွာအနီးမှ မြေနေရာမှာ ထားဝယ် မြို့မှ မိုင် ၄၀ ခန့် ဝေးသဖြင့် လက်မခံဘဲ ထားဝယ်မြို့အနီးဝန်းကျင်တွင် မြေနေရှာများ ရှာဖွေစုံစမ်းနေကြောင်း ဦးဟိန်းထက်က ပြောသည်။ လူငယ်စင်တာဟူသည်...

သရက်ချောင်း – မြိတ် ရထားလမ်းမြေ မူလပိုင်ရှင်ထံ ပြန်ပေးမည်၊ ထားဝယ် – သရက်ချောင်း ရထားလမ်းအတွက် လျော်ကြေးပေးမည်

သရက်ချောင်း - မြိတ် မီးရထားလမ်းအပိုင်းတွင် သိမ်းဆည်းခံထားရသည့် လယ်ယာမြေများကို မူလပိုင်ရှင်ထံ ပြန် ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။ အဆိုပါလမ်းပိုင်းကို ဆက်လက်အကောင်အထည်ဖော်ရန် မရှိတော့သည့်အတွက် လက်ရှိအခြေအနေအတိုင်း မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်မျိုးက ဆိုသည်။ ဇန်န၀ါရီလ ၂၃...

တနင်္သာရီတိုင်းတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးအစား တစ်ရာနီးပါး စာရင်းကောက်ယူ

တနင်္သာရီတိုင်းရှိ ထိတွေ့ကိုင်တွယ် မရသော ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးအစား တစ်ရာနီးပါးကို စာရင်းကောက်ယူထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။ ဒြပ်မဲ့ယဉ်ကျေးမူ (စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု) ဆိုသည်မှာ နေရာဒေသ အလိုက်၊ လူမျိုးစုအလိုက် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် ယုံကြည်ကိုးကွယ်မှု အလေ့အထများ၊ လူမှုရေးဆိုင်ရာ...

တနင်္သာရီတွင် တစ်နှစ်အတွင်း စက်သုံးဆီဆိုင် ခြောက်ဆိုင်တိုး

တနင်္သာရီတိုင်းတွင် တစ်နှစ်အတွင်း စက်သုံးဆီအရောင်းဆိုင် ခြောက်ဆိုင်တိုးလာကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ် ရေးအရာရှိရုံးထံမှ သိရသည်။ ၂၀၁၇ ခုနှစ်က စက်သုံးဆီအရောင်း ဆိုင် ၁၆ ဆိုင်ရှိရာမှ ၂၀၁၈ ခုနှစ်ကုန်ချိန်တွင် ၂၂ ဆိုင်အထိရှိလာကြောင်း မြန်မာ့ရေနံ ထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ်ရေးအရာရှိ ဦးသန်းထွေးက ဆိုသည်။ ထားဝယ်ခရိုင်တွင်...

မြို့နယ်သုံးခုတွင် ဆိုလာသုံး အသေးစားဓာတ်အားလိုင်း တပ်ဆင်မည်

တနင်္သာရီတိုင်းရှိ လောင်းလုံး၊ ရေဖြူနှင့် ကျွန်းစုမြို့နယ်တို့ရှိ လျှပ်စစ်မီး အခက်အခဲရှိသည့် ကျေးရွာအချို့တွင် ဆိုလာဖြင့် အသေးစား ဓာတ်အားလိုင်း ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။ ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါ မြို့နယ်သုံးခုရှိ မည်သည့်ကျေးရွာများတွင် တပ်ဆင်မည်ဆိုသည်ကို အကြိုစစ်တမ်းကောက်ယူနေကြောင်း အထက်ပါ...