မိဘဆန္ဒရှိက ၆ နှစ်အရွယ် ကလေးများ ပထမတန်း တက်နိုင်

အသက် ၆ နှစ်ပြည့်သော်လည်း သူငယ်တန်းမတက်ရသေးသည့် ကလေးများကို မိဘဆန္ဒရှိပါက ပထမတန်းသို့ တက်ရောက်သင်ကြားခွင့်ပြုကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကျောင်းအပ်နှံချိန်တွင်  အသက် ၆ နှစ်ပြည့်ရန် တစ်လလိုပါက သက်ဆိုင် ရာကျောင်းအုပ်ကြီးထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး ထောက်ခံချက်၊ သုံးလလိုပါက တိုင်းပညာရေးမှူးထောက်ခံချက်ဖြင့် ပထမတန်း...

အသက် ၁၉ နှစ်အောက် ဘောလုံးပွဲပယ်ဖျက်

တနင်္သာရီတိုင်းတွင် နှစ်စဉ်ကျင်းပနေသည့် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကို ယခုနှစ်မှ စပြီး ကျင်းပတော့မည် မဟုတ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ်များတွင် ဘောလုံးပြိုင်ပွဲများ များပြားနေသည်ကို လျှော့ချပေးရန် တိုင်းနှင့်ပြည်နယ် အားကစားမှူး (ညွှန်ကြားရေးမှူး)များက...

တိုင်းနှင့်ပြည်နယ်ဘော်လီဘော ပြိုင်ပွဲ တောင်ကြီးတွင် သွားပြိုင်ရမည်

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်းအသင်းသည် တောင်ကြီးမြို့တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာပညာ ဦးစီးဌာနထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို တိုင်း နှင့်ပြည်နယ်များတွင် အလှည့်ကျကျင်းပရန်စီစဉ်ထား သောကြောင့် ယခုနှစ် ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း...

မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ်လ ၂၂ တွင် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

သစ်ပင်စိုက်လိုသူများ သစ်တောရုံးများတွင် ပျိုးပင် ထုတ်ယူနိုင်

မိုးရာသီတွင် သစ်ပင်စိုက်ပျိုးလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်သစ် တောဦးစီးဌာနရုံးများတွင် ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။ သစ်ပင်များအား မိမိခြံအတွင်းသော်လည်းကောင်း၊ အများနှင့်သက်ဆိုင်သော နေရာများဆိုက အများလက်ခံနိုင်သည့်နေရာများတွင်လည်းကောင်း တစ်နိုင် တစ်ပိုင် စိုက်ပျိုးလိုပါက မိမိတို့နေထိုင်ရာ မြို့နယ်၏ သစ်တောဌာနနှင့် ချိတ်ဆက်ကာ ပျိုးပင်...

ထားဝယ်အမှိုက်ကန်ထွက် အော်ဂဲနစ်မြေဆွေး အသုံးပြုသူနည်းပါး

ထားဝယ်အမှိုက်ကန်ရှိ ဟင်းသီးဟင်းရွက်အကြွင်းအကျန်များဖြင့် ထုတ်လုပ်ထားသည့် မြေဆီမြေဆွေးမှာ ထားဝယ်ဈေးကွက်တွင် အသုံးပြုသူနည်းနေသေးကြောင်း AA အမှတ်တံဆိပ် အော်ဂဲနစ် မြေဆွေးထုတ်လုပ်ရေးချရေးလုပ်ငန်း ထံမှ သိရသည်။ အမှိုက်အမျိုးအစားများကို ခွဲထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့် ထမင်းအကြွင်း အကျန်အမှိုက်များကို လွှစာမှုန့်၊ ဖွဲ၊ တင်လဲရည်၊ ဓာတုကင်းလွတ်သည့်...

ဘဏ်ချေးငွေရသည့် SME လုပ်ငန်း ခုနှစ်ခုသာရှိ

အချိန်တစ်နှစ်ကျော်ကာလအတွင်း ဘဏ်ချေးငွေရသည့် SME လုပ်ငန်း ခုနစ်ခုသာရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီးရုံး) နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ယခုနှစ် မေလ လက်ရှိအချိန်ထိ ချေးငွေရရှိသည့် MSME(အသေးစား၊ အငယ်စား၊...

စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး ကိုယ့်ဆိုင်ကယ်ကိုယ် မီးပြန်ရှို့

ထားဝယ်မြို့၊ ပေါက်တိုင်းတံတား အနီးတွင် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးက ၎င်းင်းစီးနင်းလာသည့် ဆိုင်ကယ်ကို မီးရှို့ကာ ထွက်ပြေးသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မေလ ၇ ရက်ည ၈ နာရီခန့်က ပေါက်တိုင်းတံတားရှိ ဂိတ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက်...

ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် ရုပ်ရှင်သရုပ်ဆောင်အသင်း ဘောလုံးကန်မည်

ထားဝယ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် အသင်းနှင့် Actor Star အနုပညာကြယ်ပွင့် ရုပ်ရှင်သရုပ်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးကန်မည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ မေလ ၁၉ ရက် ညနေ ၄ နာရီတွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ကန်မည်ဖြစ်ကြောင်း ယင်း ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။

အသက် ၁၇ နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

တနင်္သာရီတိုင်းရှိ မြို့နယ်ပေါင်းစုံ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကို လာမည့် ဇွန်လ ၁၁ ရက်မှ ၂၅ ရက်အထိ ထားဝယ်မြို့ရှိ တိုင်းအားကစား ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ ယင်းပြိုင်ပွဲတွင် မြို့နယ်...