ထားဝယ်လျှပ်စစ်ယူနစ်ဈေးနှုန်း ဇွန်လမှသာ တိုးကောက်ခွင့်ပြု

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခြင်း ကို လက်ရှိ ဇွန်လမှသာ ကောက်ခံခွင့်ပြု တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော သည်။ ယင်းအပြင် လမ်းမီးကြေးကိုလည်း...

တနင်္သာရီတိုင်း ကွန်ပျူတာပညာရှင် များအသင်း ဖွဲ့မည်

တနင်္သာရီတိုင်း ကွန်ပျူတာပညာရှင်များ အသင်းကို ဖွဲ့စည်းရန်စီစဉ်လျက် ရှိကြောင်း အသင်းဖြစ်မြောက်ရေးအဖွဲ့ ထံမှ သိရသည်။ ယင်းအသင်းကို တိုင်းအတွင်း ကွန်ပျူတာပညာရှင်များ အောင်မြင်တိုးတက်ရေး ကူညီနိုင်ရန်၊ ကွန်ပျူတာနည်းပညာ ပြန့်ပွားစေရန်၊ တိုင်းအစိုးရအဖွဲ့ကိုလည်း ယင်းအသင်းဝင်များက ကွန်ပျူတာဆိုင်ရာ ကိစ္စများတွင်...

တနင်္သာရီဂျာနယ်အမှု တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထား

တနင်္သာရီဂျာနယ်အမှုအတွက် ဇွန်လ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်မှုလျှောက် ထားခဲ့သည်။ တနင်္သာရီဂျာနယ်တွင် မဲဆွယ်အပြုံး သရော်စာဖော်ပြမှုကြောင့် တနင်္သာရီတိုင်း အစိုးရက စွဲဆိုသည့်အမှုကို ထားဝယ်မြို့နယ် တရားရုံးက ဒဏ်ငွေကျပ်ငါးသိန်း ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

သရက်ချောင်းတွင် စည်ပင်စီမံခွင့်ရှိ သည့်လမ်း ပြည်သူသဘောတူမှ ချဲ့မည်

သရက်ချောင်းမြို့နယ် စည်ပင် သာယာရေးကော်မတီက စီမံခန့်ခွဲခွင့်ရှိ သည့် မြို့တွင်းလမ်းနှင့် ကျေးရွာတွင်း လမ်းများကို ယင်းလမ်းနှင့်သက်ဆိုင်သည့် ပြည်သူများ သဘောတူမှ ချဲ့မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။ ယခင်က...

ထားဝယ်တွင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်မည့် ဒေသခံများကို ကူညီမည်ဟု DDPC ကုမ္ပဏီ ထုတ်ပြန်

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်လို သည့် ဒေသခံများကို ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီများပေးမည် ဖြစ်ကြောင်း DDPC ကုမ္ပဏီက ထုတ်ပြန် လိုက်သည်။ ထားဝယ်ဒေသခံများ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းချိုသာစွာဖြင့်ရရှိရန်အတွက် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်မည့် ဒေသခံမည်သူ့ကိုမဆို...

ဆင်တုပ်ကွေးရောဂါထက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုလုပ်ဆောင်မည်ဟုဆို

ဆင်တုပ်ကွေးရောဂါထက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးကို ပိုလုပ်ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန) ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း ခြင်ကျားမှတစ်ဆင့် ကူးစက်သည့် သွေးလွန်တုပ်ကွေး ရောဂါသည် ဇန်န၀ါရီလမှစတင်၍ လည်းကောင်း၊...

တနင်္သာရီတိုင်းအတွင်း အခြေခံပညာကျောင်းများတွင် သင်ကြားရေးဆရာ ကိုးရာနှုန်းကျော်သာရှိ

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ သင်ကြားနေသည့် ဆရာဦးရေသည် စုစုပေါင်း ဆရာ၊ ဆရာမဦးရေ၏ ကိုးရာနှုန်းကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။ တိုင်းအတွင်း ဆရာ၊ ဆရာမ စုစုပေါင်း တစ်သောင်းကျော်(၁၂၉၁၇) ရှိပြီး ဆရာဦးရေမှာ တစ်ထောင်ကျော်(၁၁၆၇) သာရှိကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရ...

မိုးစပါးချေးငွေ ထောက်ခံချက်အတွက် အုပ်ချုပ်ရေးမှူးကို ငွေပေးရသည့်ကိစ္စ ရွာသားအချို့ဝေဖန်

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေထုတ် ချေးရန် လိုအပ်သည့် ထောက်ခံစာအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအား ၁၁၀၀ ကျပ် ပေးသွင်းရသည့်ကိစ္စကို ယင်းကျေးရွာ လယ်သမားအချို့က ဝေဖန်နေကြသည်။ ယမန်နှစ်က မိုးစပါးချေးငွေထုတ် ချေးရန်အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထောက်ခံချက် လက်မှတ် ရရှိရန် လယ်သမားတစ်ဦးလျှင် ငါးရာကျပ်သာ...

ခရီးသွားဇုန်ကြေးကောက်ခံမှု လေးလအတွင်း ကျပ်သိန်း ၁၄၀၀ ကျော်ရ

တနင်္သာရီတိုင်းအတွင်း နိုင်ငံခြားသား ခရီးသွားများထံမှ ဇုန်ဝင်ကြေးကို စမ်းသပ်ကောက်ခံလျက်ရှိရာ လေးလတာကာလအတွင်း ကျပ်သိန်း ၁၄၀၀ ကျော်ရရှိခဲ့ ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ ခရီး)ထံမှ သိရသည်။ တိုင်းအတွင်းပင်လယ်ပြင်ရှိ ကျွန်း များသို့ နေ့ချင်းပြန်သွားရောက်လည်ပတ် မည့် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် ဇုန်ဝင် ကြေး...

သရက်ချောင်းမြို့နယ် အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျွဲမင်းကုန်းအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ်ဘောလုံး အဖွဲ့ချုပ်နာယကဖလား အသက် ၁၇ နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျွဲမင်းကုန်းအသင်းက မြို့နယ်ဘောလုံး အဖွဲ့ချုပ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းကြောင်း မြို့နယ်ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။ အသက် ၁၇ အောက် ဘောလုံးပြိုင်ပွဲ...