ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်း အမြန်ပြုပြင်ပေးရန် ခရီးသွားအသင်း နှင့် ဒေသခံများလိုလား

လောင်းလုံးမြို့နယ်အတွင်းရှိ နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်းဆိုးရွားစွာ ပျက်စီးနေမှုကို အမြန်ဆုံး ပြုပြင်ပေးရန် ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဒေသခံများက လိုလားနေကြသည်။ ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ညောပြင်ရွာ အစပ်မှ ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားသည့်မြေသားလမ်းမှာ ကားမသွား နိုင်တော့သည့်အခြေအနေ အထိ ဆိုးရွား စွာပျက်စီးနေသည်။

မောင်းမကန်ကမ်းခြေအတွက် အမှိုက်ပုံးများ မကြာမီ လာမည်

လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝယ်ယူမည့် အမှိုက်ပုံးများကို ခွဲတမ်းချပေးမည်ဖြစ်ရာ မောင်းမ ကန်ကမ်းခြေကို ဦးစားပေးမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြော သည်။ အမှိုက်ပုံးများကို ယခုအောက်တိုဘာ လတွင် စတင်သည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမ ၃...

ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါအောင်ကုမ္ပဏီက ပြိုင်ဘက်ကုမ္ပဏီကို တရားစွဲမည်

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေလုပ်ငန်းအတွက် တင်ဒါအောင် ထားသည့် Petro & Trans ကုမ္ပဏီက တင်ဒါရှုံးထားသည့် Stellar Power House Pet လီမိတက်ကို တရားစွဲဆိုမည် ဟု Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

မြို့နယ်ငါးခုတွင် ကြက်ခြေနီကော်မတီ ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်

တနင်္သာရီတိုင်းတွင်းအတွင်းရှိ မြို့နယ်ကြက်ခြေနီကော်မတီငါးခုကိုဖွဲ့ စည်းရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း တိုင်းကြက်ခြေနီ ကြီးကြပ်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးက ပြောသည်။ တိုင်းအတွင်း တိုင်းအဆင့်၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့်ကော်မတီများကို ဖွဲ့စည်းရန် ရွေးကောက်ပွဲပြုလုပ်ရမည်ဖြစ်သော်လည်း ကော့သောင်းခရိုင် ကော်မတီနှင့် လောင်းလုံး၊ ရေဖြူ၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်ကော်မတီများအတွက် ရွေးကောက် ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း...

အရန်ဆန် ထားဝယ်ရောက်ပြီ တစ်ဝက်အပ်ထားပြီး တစ်ဝက်ကို အောက်ခြေဝန်ထမ်းများအား ဝေငှမည်

တနသၤာရီတိုင္း၏ သဘာ၀ေဘး အတြက္ရည္ရြယ္ကာ တနင်္သာရီတိုင်း၏ သဘာဝဘေး အတွက်ရည်ရွယ်ကာ ပဲခူးတိုင်း တောင်ငူ မြို့တွင် ဝယ်ယူထားသည့် အရန်ဆန်များ ထားဝယ်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်ထံမှ သိရ သည်။

ပါချန်မြစ်ကမ်းရွာ လှေလှော် အသင်းများအတွက် ပြိုင်လှေများ လိုအပ်နေ

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြားပါချန်မြစ်၏  မြန်မာဘက်ကမ်း ကျေးရွာများရှိ လှေလှော်အသင်းများအတွက် ပြိုင်ပွဲဝင်ရန်နှင့် လေ့ကျင့်ရန် လှေများ လိုအပ်နေကြောင်း ယင်းရွာများရှိ လှေလှော်အသင်းများထံမှ သိရသည်။ ပါချန်မြစ်အတွင်း ထိုင်းဘက်မှ ကမကထပြုကျင်းပသည့် သီတင်းကျွတ်လပြည့် မမုလှေလှော်ပြိုင်ပွဲနှင့် တန်ဆောင်မုန်းလ ကရပူရိနမ္မကျော့ လှေလှော်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နိုင်ရန် ကိုယ်ပိုင်ပြိုင်လှေများ...

ပင်လယ်ကမ်းခြေရွာများရှိ အမျိုးသမီးတစ်ရာကျော်ကို စက်ချုပ်သင်တန်းပေး

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်စီမံကိန်း၏ အစီအစဉ်အဖြစ် လောင်းလုံးမြို့နယ် နှင့် ကျွန်းစုမြို့နယ်တို့ရှိ ပင်လယ်ကမ်းခြေရွာများမှ အမျိုးသမီး ၁၄၀ ကျော်ကို စက်တင်ဘာ ၂၀ ရက်မှစပြီး စက်ချုပ်သင်တန်း အခမဲ့ပေးနေသည်။ လောင်းလုံးမြို့နယ်တွင် ကျောက်ဆင်ကျေးရွာအုပ်စုရွာမှ ၅၀ ဦး၊ စမ်းလှမ်း ရွာမှ...

ထားဝယ်တိုင်းရင်းသားများပါတီ အလံနှင့် အမှတ်တံဆိပ် ပြောင်းမည်

ထားဝယ်တိုင်းရင်းသားများပါတီ စတင်တည်ထောင်စဉ်ကတည်းက အသုံးပြုလာခဲ့သည့် ပါတီအလံနှင့် အမှတ်တံဆိပ်ကို ပြောင်းလဲတော့မည်ဖြစ်ပြီး ယင်းကဲ့သို့ ပြောင်းလဲရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ယင်းပါတီ အလံအသစ် နောက်ခံအရောင်မှာ အပြာရင့်အရောင်ဖြစ်ပြီး ယင်း နောက်ခံအရောင်ပေါ်တွင် လိမ္မော်ရောင်နှင့် အဖြူရောင်ပါသော “တ၀ဲ”စာသားပါ ဒင်္ဂါးပုံကိုအလံ၏ အလယ်ဗဟိုတွင် ထည့်သွင်းထားသည်။

လမ်း၊ ရေမြောင်း မလွတ်သည့် ဖုန်းတိုင်များ အောက်တိုဘာ ၁၀ ရက်အပြီး နုတ်ရမည်ဟု ဆိုပြန်

ထားဝယ်မြို့အတွင်း လမ်းနယ်နှင့် ရေမြောင်းအတွင်း ကျရောက်နေသည့် ဖုန်းတိုင်များကို သက်ဆိုင်ရာဆက်သွယ် ရေး အော်ပရေတာများက အောက်တိုဘာ လ ၁၀ ရက်အပြီး နုတ်ရမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ပြောဆိုလိုက်ပြန်သည်။ Mytel၊ MBT၊ Ocean Wave စသည့် ဆက်သွယ်ရေးအော်ပရေတာနှင့်...

မီးရှူးမီးပန်း၊ ဗျောက်အိုးရောင်းချ သူများကို ဖိဖိစီးစီးဖမ်းမည်ဟုဆို

ယခုနှစ် သီတင်းကျွတ်ကာလတွင် မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်းချသူများကို ဖိဖိစီးစီး ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ မီးရှူးမီးပန်းနှင့် ဗျောက်အိုးရောင်း ချခြင်း၊ ပစ်ဖောက်ခြင်းများမလုပ်ရန် ဒေသန္တရအမိန့် (၁၈၈) ကို စက်တင်ဘာ လ ၂၄ ရက်က ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုတွင်...