မြို့မယဉ်ငေး သာသနာ့ရိပ်သာတွင် ကွန်ပျူတာသင်တန်းသား ခေါ်ယူ

ထားဝယ် မြို့မယဉ်ငေးသာသနာ့ ရိပ်သာတွင် ကွန်ပျူတာသင်တန်းပေးရန် အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း ကွန်ပျူတာနှင့် နိုင်ငံခြားဘာသာ စကားစင်တာ Center For Computer and Foreign Languages(CCFL) ထံမှ သိရသည်။ သင်တန်းကို...

သောက်သုံးရေ အခက်အခဲရှိက ကျေးလက်ဌာနနှင့် ဇမ္မူသီရိအဖွဲ့တို့ထံ အကူအညီတောင်းပါ

ထားဝယ်ခရိုင်အတွင်းရှိ အချို့ ကျေးရွာများတွင် သောက်သုံးရေစတင် ရှားပါလာနေပြီး သောက်သုံးရေ အခက် အခဲရှိသော ကျေးရွာများကို တိုင်းကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့် ဇမ္ဗူသီရိအဖွဲ့တို့က ကူညီပေးရန်အတွက် အဆင့်သင့်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ရေရှားနိုင်သည့် ကျေးရွာ...

ကိုယ်ပိုင်ကျောင်းကြီးကြပ်အုပ်ချုပ်သူ၏ ပညာအရည်အချင်း သတ်မှတ်ချက် ထုတ်ပြန်

ကိုယ်ပိုင်ကျောင်းများတွင် ကြီးကြပ် အုပ်ချုပ်သူခန့်ထားရာတွင် အခြေခံ ပညာဦးစီးဌာနက ခန့်ထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အလိုက် ကျောင်းအုပ်ကြီးများ၏ ပညာအရည်အချင်းသတ်မှတ်ချက် အတိုင်း ခန့်အပ်ရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ယင်းသို့ ခန့်အပ်ရန်အတွက်...

တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင်ကို ၆၆(ဃ)ဖြင့် တရားစွဲ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန် သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဖေဖော်ဝါရီလ ၂၇ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုထားကြောင်း တနင်္သာရီမြို့မရဲစခန်း နှင့် ကာယကံရှင်တို့ထံမှ သိရသည်။

GGS မှ ဂက်(စ်)ဖိုးငွေကို နောက်ကျပြီးမှ မြန်မာငွေဖြင့် ပေးသွင်းမှုကြောင့် နိုင်ငံတော်မှ ဒေါ်လာ ၅ သိန်းကျော် နစ်နာ

ထားဝယ်ခရိုင်တွင် ဂက်စ်ဖြင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခဲ့သော GGS ကုမ္ပဏီမှ ဂက်စ်ဖိုး ကျသင့်ငွေကို နောက် ကျပြီးမှ မြန်မာကျပ်ငွေဖြင့် ပေးသွင်းခဲ့မှုကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်(၅၁၀၁၂၁ ဒသမ ၁၅ ဒေါ်လာ) နစ်နာခဲ့သည်။

နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ

ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန်...

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ်ကမူ...

ပညာရေး အဆောက်အအုံ လေးရာနီးပါး ဆောက်လုပ်ရန် တင်ပြထား

လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်း စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ လေးရာနီးပါး အသစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့ အဆို ပြုတင်ပြထားကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ ပညာရေး အဆောက်အအုံများတွင် အန္တရာယ်ရှိသည့် ကျောင်းဆောင်၊ ကျောင်းသားဦးရေ တိုးလာသည့် ကျောင်းဆောင်၊...

လောင်းလုံး၊ ကညုံကျွန်းရွာတွင် ရေစရှား

လောင်းလုံးမြို့နယ် ကညုံကျွန်း ကျေးရွာတွင် ဖေဖော်ဝါရီလ ဒုတိယ အပတ်မှစပြီး သောက်သုံးရေ ရှားပါးနေ ပြီဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောသည်။ ကညုံကျွန်းကျေးရွာတွင် နွေရာသီ ရေရှားပါးမှုဖြစ်ပေါ်ပါက သုံးစွဲရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး...