ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ရန်ပြင်

တိုင်းအတွင်းရှိ ပညာရေးဌာနမှ နေ့စားလပေး ရုံးဝန်းထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် တောင်းယူထားသည့် လူဦးရေစာရင်းကို ရုံးချုပ်သို့ တင်ပြထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ နေ့စားလပေး ခန့်ထားသည့် ရုံးဝန်ထမ်းများ၏ လက်ရှိ လူဦးရေစာရင်း၊ အလုပ်ထွက်သွားသူ ဦးရေစာရင်း၊...

တိုင်းရင်းသား ရှေ့ဆောင်နာမည် လွတ်လပ်စွာ ရေးထိုးခွင့်ရှိ

ကျောင်းအပ်ပါက တိုင်းရင်းသားရှေ့ဆောင်နာမည်များကို ယခင်ကတည်းက လွတ်လပ်စွာ ရေသားခွင့်ပြုထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးဒေါ်မြင့်စိန်က ပြောသည်။ စော၊ နော်၊ နန်း၊ ခွန်၊ မင်း၊ မိ၊ နိုင် စသည့် တိုင်းရင်းသားများ၏ ရှေ့ဆောင်နာမည်များကို ထည့်သွင်းရေးမှာ ပညာရေးဝန်ကြီးဌာန၏...

လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ...

လမ်းမပေါ်ရောက် ဓာတ်တိုင်များ ပြောင်းဖို့အရေး ဘတ်ဂျက်လျာထားမည်

လမ်းမကြီးပေါ် ရောက်ရှိနေသည့် ဓာတ်တိုင်များပြောင်းရွေ့ဖို့အရေး ဘတ်ဂျက်လျာထားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။ ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းဘေးကပ်လျက်ရှိနေသည့် လျှပ်စစ်မီးတိုင်များကို လမ်းဘေးရွေ့ပြောင်းနိုင်ရေး စီစဉ်နေခြင်းဖြစ်သည်။

စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မူကြောင့်...

မလွှဲတောင်ဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန် မလိုတော့

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန်မလိုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက်...

ကိုဗစ်ကြားက ခရီးသည်

နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။ တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို...

ကျပ်သိန်းတစ်ရာခန့်ရှိ ဆေးဝါးနှင့် အလှကုန်များ ဖျက်ဆီး

ကျပ်သိန်းတစ်ရာဖိုးခန့်ရှိ သက်တမ်းလွန်၊ စံမမီ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးနှင့် အလှကုန်များကို ဇွန်လ ၉ ရက်နေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထံမှ သိရသည်။ ဇန်နဝါရီလမှ မေလအထိ ထားဝယ်ခရိုင်ဈေးကွက်အတွင်း သိမ်းဆည်းရမိသည့် သက်တမ်းလွန်၊...

ယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။ တိုင်းအတွင်း ဟိုတယ်/ ခရီး လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၆ လုံးရှိသည့်အနက် လက်ရှိတွင် ၂၁ လုံး...

ရေကြောင်းရဲတပ်ဖွဲ့က လျှောက်ထားသည့် မြေနေရာကို မူလပိုင်ရှင်ဆိုသူ ကန့်ကွက်

ထားဝယ်မြို့ ဆန်းချီတိုးချဲ့ကွက်သစ် တိုင်းဥပဒေချုပ်ရုံးကျောဘက်ရှိ မြေနေရာအား ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ထားဝယ်) မှ မြေလွှဲပြောင်းပေးရန် လျှောက်ထားသည့်ကိစ္စကို မူလပိုင်ရှင်ဟုဆိုသူ ဦးသောင်းညွန့်က ဇွန်လ ၁၀ ရက်တွင် ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရသည်။ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စား သောက်လာသည့် မြေနေရာဖြစ်ခြင်း၊...