ထားဝယ်ဝဲကျွန်းတွင် အဖမ်းခံရသူ လူငယ်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် လူငယ် ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ-၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အဖမ်းခံရခြင်းဖြစ်ပြီး လက်ရှိတွင်...

ဝန်ကြီးချုပ် ဦးမြင့်မောင် အမှုရုံးချိန်း မစစ်ဖြစ်၊ ဧပြီလ ၁ ရက်နေ့ ပြန်ချိန်း

တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစွဲခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင်အမှုရုံးချိန်း မစစ်ဆေးဖြစ်ဘဲ ဧပြီလ ၁ ရက်နေ့ကို ပြန်ချိန်းလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြောသည်။ ဦးမြင့်မောင်အား ပုဒ်မ- ၅၀၅(ခ)ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး မတ်လ ၁၈ ရက်နေ့...

ထားဝယ်သပိတ်ခေါင်းဆောင်များ နေထိုင်သည့်အိမ်ကိုဝင်ဖမ်း၊ နှစ်ဦးအဖမ်းခံရ

ထားဝယ်သပိတ်ခေါင်းဆောင်များနေထိုင်သည့် နေအိမ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းက ဝင်ရောက်ဖမ်းဆီးရာ နှစ်ဦးဖမ်းခံရကြောင်း သပိတ်ခေါင်းဆောင်အချို့ထံမှ သိရသည်။ ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ဦးဆောင်သူအချို့ စုပေါင်းနေထိုင်သည့် ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်ကို မတ်လ ၁၈...

ရွေးကော် ဥက္ကဋ္ဌများ ပြန်လွတ်

တနင်္သာရီတိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌအချို့ ပြန်လွတ်ပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်...

တိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စထိုး

တနင်္သာရီတိုင်းအတွင်းရှိ အစိုးရဝန်ထမ်းများအား မတ်လ ၁၀ ရက်နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခဲ့သည့် အိန္ဒိယနိုင်ငံထုတ် (COVISHIELD) ကိုဗီရှီး ဆေးအမျိုးအစားကိုသာ ထိုးပေးနေခြင်းဖြစ်သည်ဟု...

ငါ့လက်မောင်းကို ထိသွားပြီ

ဦးဝင်းလှိုင်၏ နောက်ဆုံး စကားဖြစ်သည်။ ထိုသို့ပြောပြီးနောက် ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဦးဝင်းလှိုင်မှာ ထားဝယ်မြို့တောင်ဘက် ကြက်စားပြင်ရပ်ကွက်ရှိ သရက်ချောင်းကားဂိတ်ရှိရာ လမ်းဆုံတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀...

ထားဝယ်စျေးကြီး ပိတ်

ထားဝယ်မြို့အတွင်း ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်စဥ်များကြောင့် စည်ပင်သာယာစျေးကြီးအား မတ်လ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ကြောင်း စျေးသူစျေးသားများထံမှ သိရသည်။ မတ်လ ၉ ရက် ညနေပိုင်းမှစကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ အသံဗုံးနှင့် ရော်ဘာကျည်များဖြင့် ထားဝယ်မြို့တွင်းရှိ...

ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦး အဖမ်းခံရ

ထားဝယ်က သပိတ်‌မှောက်ဆန္ဒပြရာမှာ ပါဝင်နေသူတစ်ဦး မြို့သစ် အမှတ် ၄ လမ်းထိပ်မှာ ဒီကနေ့ မတ်လ ၁၀ ရက်မှာအဖမ်းခံလိုက်ရပါတယ်။ အရပ်ဝတ်လက်နက်ကိုင်တစ်စုက အနက်ရောင်အိမ်စီးကားနဲ့ရောက်လာပြီး မြို့သစ် အမှတ် ၄ လမ်းထိပ်ဝပ်‌ရှော့တစ်ခုထဲဝင်ဖမ်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကဆိုပါတယ်။

NLD ပါတီ ရပ်ကျေး တာဝန်ရှိသူအချို့ အဖမ်းခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးတာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး တစ်ဦး အဖမ်းခံလိုက်ရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှ ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးငွေစိုးကို ယနေ့နံနက်ပိုင်းက ရွာ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။