ထားဝယ်တွင် နှာခေါင်းစည်းဈေးနှုန်း ရုတ်တရက်မြင့်တက်

ထားဝယ်မြို့တွင် ယခုအပတ်အတွင်း နှာခေါင်းစည်း Mask ဈေးနှုန်း ရုတ်တရက် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယခင်က အခုရေ ငါးဆယ်ပါ နှာခေါင်းစည်းတစ်ဘူးလျှင် ကျပ်တစ်ထောင် ဝန်းကျင်သာပေါက်ဈေးရှိရာမှ လက်ရှိတွင် ကျပ်နှစ်ထောင်အထိ မြင့်တက်သွားသည်။

အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်က တရားစွဲမည်ဟု အကြောင်းကြား

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသည့် ထားဝယ်မြို့နယ်မှ ထွေအုပ်ဝန်ထမ်းကိုးဦးကို အတိုးမဲ့ချေးငွေနှစ်လစာ ပြန်မဆပ်ပါ တရားစွဲဆိုမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၉ ရက်တွင် စာထုတ်အကြောင်းကြားခဲ့သည်။ အာဏာဖီဆန်ရေးCDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခံရသူများက နှစ်လစာအတိုးမဲ့ချေးငွေအား ဇူလိုင်လ ၇ ရက်နေ့...

ထားဝယ်အကျဉ်းထောင်ရှေ့ မြင်ကွင်း

မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား အချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ထားဝယ်အကျဉ်းထောင်အပါအဝင် တနင်္သာရီတိုင်းအတွင်း အကျဉ်းသား မည်မျှ လွှတ်ပေးမည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်ရပ်နားမှု သက်တမ်းထပ်တိုး

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ထပ်မံသက်တမ်းတိုးလိုက်ကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ထားသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မေလ ၂၉ ရက်နေ့မှစ၍ ရပ်နားထားခဲ့သည်။လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်း...
Dawei Watch, Dawei News, Dawei News Media

ထားဝယ် ဆင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၂၇ ရက်ညက မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခန်းတစ်ခန်း မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိတွင် မီးငြိမ်းပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးက Dawei Watch သို့ ပြောသည်။
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး မြခါးပတ်ကျေးရွာတွင် သေနတ်ပစ်ဖောက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့် တပ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထိပ်တွင် သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ညနေပိုင်းတွင် မြခါးပတ်ကျေးရွာသပိတ်စစ်ကြောင်းကို သေနတ်သုံးချက်ခန့်...

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန...

လောင်းလုံးရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဝင်စီးခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (Youth Development Institute) ဝင်းအတွင်းသို့ ယနေ့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတို့ထံမှ သိရသည်။ ယင်းသင်တန်းကျောင်းနေရာတွင်...
Dawei Watch, Dawei News, Dawei News Media

အဖမ်းခံရသည့် ကံပေါက်ဒေသခံ နှစ်ဦးပြန်လွှတ်၊ သုံးဦး ထောင်ပို့

ဇွန်လ တတိယအပတ်က ဖမ်းဆီးခံလိုက်ရသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံငါးဦးအနက် နှစ်ဦးကိုပြန်လွှတ်ပေးပြီး ကျန်သုံးဦးအား ထားဝယ်အကျဉ်ထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်နေ ကိုမြတ်သူရိန်အောင်(ခ) ရွှေအိုင်းသည် ဇွန်လ ၁၅ ရက်ညတွင်အဖမ်းခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက...

သပိတ်ဦးဆောင်သူ ကိုကျော်ထွေး ထောင်ဒဏ် ၂ နှစ် ၄ လ အမိန့်ချခံရ

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် အမိန့်ချခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ ကိုကျော်ထွေးအား ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅-က နှင့် လိုင်စင်မဲ့ကားအသုံးပြုသည့် ပို့ကုန် သွင်းကုန်ဥပဒေတို့ဖြင့်...